ဩဂုတ် ၁၈
ရဲတွေ အသက် ၆၀ ပြည့်တာနဲ့ မဖြစ်မနေ ပင်စင်ယူရမယ်လို့ စစ်ကောင်စီဥက္ကဌလက်မှတ်ရေးထိုးပြီး ထုတ်ပြန်
ဩဂုတ် ၁၈
ရဲတွေ အသက် ၆၀ ပြည့်တာနဲ့ မဖြစ်မနေ ပင်စင်ယူရမယ်လို့ စစ်ကောင်စီဥက္ကဌက လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်၊
ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ အငြိမ်းစားယူရယ့် အသက်ပြည့်တဲ့အခါ သက်ပြည့်ပင်စင် ယူရမှာဖြစ်ပြီး သတ်မှတ်ချက်တွေနဲ့အညီ သက်ပြည့်ပင်စင်ခံစားခွင့်ရှိမယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဥပဒေ ကို စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်မှတ်ထိုး ပြင်ဆင်လိုက်ပါတာ ။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဥပဒေ ပုဒ်မ၄၆၊ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ်(၁)မှာ အငြိမ်းစားယူရမယ့် အသက်(၆၀)ပြည့်ရင် “သီးခြားကိစ္စရပ်တွေမှအပ” သက်ပြည့်ပင်စင်ယူရမှာဖြစ်တယ်လို့ ပြဌာန်းထားတာဖြစ်ပြီး အခုပြင်ဆင်လိုက်တဲ့ ဥပဒေအရ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်တွေ အနေနဲ့အသက်(၆၀)ပြည့်ရင် တာဝန်ဆက်လက်ထမ်းဆောင်စရာမလိုတော့ဘဲ သက်ပြည့် ပင်စင် ယူရမှာဖြစ်ပါတယ်။