Local News

ေကာ့ကရိတ္ ပစ္ခတ္မႈအတြင္း ေသဆုံးသြားတဲ့ ရဲတပ္ဖြဲ႕၀င္ေတြနာေရးကို လုံၿခဳံေရးထူထပ္စြာခ်ထားၿပီး စစ္ေကာင္စီျပဳလုပ္

ေကာ့ကရိတ္ ပစ္ခတ္မႈအတြင္း ေသဆုံးသြားတဲ့ ရဲတပ္ဖြဲ႕၀င္ေတြနာေရးကို လုံၿခဳံေရးထူထပ္စြာခ်ထားၿပီး စစ္ေကာင္စီျပဳလုပ္

ေကာ့ကရိတ္ၿမိဳ႕တြင္း စစ္ေကာင္စီတပ္ေတြ ဝင္ေရာက္ေနရာယူထား၊ ဧည့္စာရင္းစစ္ေဆးတာေတြလည္းရွိ

ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕အနီး၊ ေကာ့ကရိတ္ၿမိဳ႕ ရဲစခန္း ႏွစ္ခုကို ၿပီးခဲ့တဲ့ ၾသဂုတ္ ၁၅ရက္ က KNLA ပူးေပါင္းတပ္ဖြဲ႕ေတြ ဝင္ေရာက္တိုက္ခိုက္ခဲ့တာေၾကာင့္ ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕ မႉး တစ္ဦးအပါအဝင္ ၆ ဦးနဲ႔ စစ္ေကာင္စီ တပ္ဖြဲ႕ ဝင္ တစ္ဦး စုစုေပါင္း ၇ ဦးေသဆုံးခဲ့ေၾကာင္း လူမႈကြန္ရက္ကိုေပါက္ၾကားလာတဲ့ ရဲတပ္ဖြဲ႕ေၾကးနန္းေတြအရ သိရပါတယ္။ အဲဒီျဖစ္စဥ္မွာေသဆုံးခဲ့တဲ့အထဲက ရဲမႉးရဲ႕နာေရးကိုမေန႔ ၾသဂုတ္ ၁၇ ရက္မွာ ျပဳလုပ္ခဲ့ၿပီး က်န္ရွိတဲ့ ေသဆုံးသူေတြရဲ႕နာေရးကို ဒီေန႔ၾသဂုတ္ ၁၈ ရက္မွာ ျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။

အဲဒီရဲမႉးျဖစ္သူရဲ႕နာေရးအခမ္းအနားကို စစ္ေကာင္စီဘက္ စကခ ၁၂ က တပ္မႉး လာေရာက္ခ်ိန္ တင့္ကားေတြနဲ႔ ၿမိဳ႕တြင္းမွာေနရာခ်ထားတာကိုေတြ႕ရတယ္လို႔ ေဒသခံေတြကေျပာပါတယ္။

ေကာ့ကရိတ္မွာ ျဖစ္ပြားခဲ့တဲ့ ရဲစခန္းႏွစ္ခုနဲ႔ ဘန္ကာတစ္ခု တိုက္ခိုက္မႈအၿပီးမွာ မေန႔ ၾသဂုတ္ ၁၇ ညပိုင္းကစလို႔ စစ္ေကာင္စီတပ္ေတြက ေကာ့ကရိတ္ၿမိဳ႕နယ္အတြင္း ရပ္ကြက္ေတြထဲ ပစ္ခတ္ေျခာက္လွန႔္တာေတြရွိခဲ့ၿပီး ဧည့္စာရင္း ဝင္ေရာက္ စစ္ေဆးတာေတြျပဳလုပ္ခဲ့သလို အဲဒီလိုစစ္ေဆးရာမွာ အနည္းဆုံး လူ ၄ ဦး ဖမ္းဆီးခံထားရတယ္လို႔ေဒသခံေတြက ေျပာပါတယ္။ ဒါ့အျပင္ ဒီကေန႔ ၾသဂုတ္ ၁၈ ရက္မနက္ပိုင္းမွာ ေက်း႐ြာေတြဘက္ကို စစ္ေၾကာင္းေတြ ဆက္လက္ထြက္ခြာလာေနတယ္လို႔သိရေၾကာင္း ေဒသခံေတြကေျပာပါတယ္။

စစ္ေကာင္စီဘက္က ေကာ့ကရိတ္မွာျဖစ္ပြားခဲ့တဲ့ ျဖစ္စဥ္နဲ႔ပတ္သက္လို႔ အထိအခိုက္အက်အဆုံးကိုေဖာ္ျပထားျခင္းမရွိပါဘူး။

“မေန႔ က ညေနပိုင္း သူတို႔ ရဲေတြေသတာကို သၿဂႋဳဟ္ဖို႔ ခနိမ္းမူ သခ်ႋဳင္း ဘက္ေရာ ၿမိဳ႕ထဲ ရပ္ကြက္ေတြ ဘက္ေရာ လုံၿခဳံေရး ခ်ထားတယ္။ ၿမိဳ႕ထဲမွာလည္း သံခ်ပ္ကာအေျမာက္ကားႏွစ္စီး ၊ စက္ေသနတ္တင့္ကား တစ္စီး၊ စစ္ကားရဲ ကားေတြနဲ႔ အင္အား ၁၀၀ ေက်ာ္ ကင္းပတ္ေနတယ္၊

ညေနၾကေတာ့ ႐ြာသစ္ကုန္းဘက္မွာ တိုက္ပြဲ ျဖစ္သံ ၾကားတယ္။ ညဘက္ၾကေတာ့ မဘသ၊ ပ်ဴေစာထီး၊ ျပည္သူ႔စစ္၊ အုပ္ခ်ဳပ္ေရး အဖြဲ႕ေတြနဲ႔ ဧည္စာရင္း ရပ္ကြက္ အစုံ စစ္တာမွာ ေအာက္႐ြာ ကြက္သစ္ ပိုင္းနဲ႔ ၿမိဳ႕ထဲ ရပ္ကြက္ ပိုင္းမွာ လူ ၄ ေယာက္ ဖမ္းသြားတယ္ လို႔ သိရ တယ္ ဟု ေကာ့ကရိတ္ ၿမိဳ႕ခံ ကေျပာပါတယ္။source-BBC

ကော့ကရိတ် ပစ်ခတ်မှုအတွင်း သေဆုံးသွားတဲ့ ရဲတပ်ဖွဲ့ဝင်တွေနာရေးကို လုံခြုံရေးထူထပ်စွာချထားပြီး စစ်ကောင်စီပြုလုပ်

ကော့ကရိတ်မြို့တွင်း စစ်ကောင်စီတပ်တွေ ဝင်ရောက်နေရာယူထား၊ ဧည့်စာရင်းစစ်ဆေးတာတွေလည်းရှိ

ကရင်ပြည်နယ်၊ မြဝတီမြို့အနီး၊ ကော့ကရိတ်မြို့ ရဲစခန်း နှစ်ခုကို ပြီးခဲ့တဲ့ သြဂုတ် ၁၅ရက် က KNLA ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် မြို့နယ် ရဲတပ်ဖွဲ့ မှူး တစ်ဦးအပါအဝင် ၆ ဦးနဲ့ စစ်ကောင်စီ တပ်ဖွဲ့ ဝင် တစ်ဦး စုစုပေါင်း ၇ ဦးသေဆုံးခဲ့ကြောင်း လူမှုကွန်ရက်ကိုပေါက်ကြားလာတဲ့ ရဲတပ်ဖွဲ့ကြေးနန်းတွေအရ သိရပါတယ်။ အဲဒီဖြစ်စဉ်မှာသေဆုံးခဲ့တဲ့အထဲက ရဲမှူးရဲ့နာရေးကိုမနေ့ သြဂုတ် ၁၇ ရက်မှာ ပြုလုပ်ခဲ့ပြီး ကျန်ရှိတဲ့ သေဆုံးသူတွေရဲ့နာရေးကို ဒီနေ့သြဂုတ် ၁၈ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီရဲမှူးဖြစ်သူရဲ့နာရေးအခမ်းအနားကို စစ်ကောင်စီဘက် စကခ ၁၂ က တပ်မှူး လာရောက်ချိန် တင့်ကားတွေနဲ့ မြို့တွင်းမှာနေရာချထားတာကိုတွေ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ကော့ကရိတ်မှာ ဖြစ်ပွားခဲ့တဲ့ ရဲစခန်းနှစ်ခုနဲ့ ဘန်ကာတစ်ခု တိုက်ခိုက်မှုအပြီးမှာ မနေ့ သြဂုတ် ၁၇ ညပိုင်းကစလို့ စစ်ကောင်စီတပ်တွေက ကော့ကရိတ်မြို့နယ်အတွင်း ရပ်ကွက်တွေထဲ ပစ်ခတ်ခြောက်လှန့်တာတွေရှိခဲ့ပြီး ဧည့်စာရင်း ဝင်ရောက် စစ်ဆေးတာတွေပြုလုပ်ခဲ့သလို အဲဒီလိုစစ်ဆေးရာမှာ အနည်းဆုံး လူ ၄ ဦး ဖမ်းဆီးခံထားရတယ်လို့ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် ဒီကနေ့ သြဂုတ် ၁၈ ရက်မနက်ပိုင်းမှာ ကျေးရွာတွေဘက်ကို စစ်ကြောင်းတွေ ဆက်လက်ထွက်ခွာလာနေတယ်လို့သိရကြောင်း ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီဘက်က ကော့ကရိတ်မှာဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်လို့ အထိအခိုက်အကျအဆုံးကိုဖော်ပြထားခြင်းမရှိပါဘူး။

“မနေ့ က ညနေပိုင်း သူတို့ ရဲတွေသေတာကို သင်္ဂြိုဟ်ဖို့ ခနိမ်းမူ သင်္ချိုင်း ဘက်ရော မြို့ထဲ ရပ်ကွက်တွေ ဘက်ရော လုံခြုံရေး ချထားတယ်။ မြို့ထဲမှာလည်း သံချပ်ကာအမြောက်ကားနှစ်စီး ၊ စက်သေနတ်တင့်ကား တစ်စီး၊ စစ်ကားရဲ ကားတွေနဲ့ အင်အား ၁၀၀ ကျော် ကင်းပတ်နေတယ်၊

ညနေကြတော့ ရွာသစ်ကုန်းဘက်မှာ တိုက်ပွဲ ဖြစ်သံ ကြားတယ်။ ညဘက်ကြတော့ မဘသ၊ ပျူစောထီး၊ ပြည်သူ့စစ်၊ အုပ်ချုပ်ရေး အဖွဲ့တွေနဲ့ ဧည်စာရင်း ရပ်ကွက် အစုံ စစ်တာမှာ အောက်ရွာ ကွက်သစ် ပိုင်းနဲ့ မြို့ထဲ ရပ်ကွက် ပိုင်းမှာ လူ ၄ ယောက် ဖမ်းသွားတယ် လို့ သိရ တယ် ဟု ကော့ကရိတ် မြို့ခံ ကပြောပါတယ်။source-BBC