Local News

ၿမိဳ႕မရဲစခန္းကို PDF တိုက္ခိုက္

ၿမိဳ႕မရဲစခန္းကို PDF တိုက္ခိုက္

မြန္ျပည္နယ္၊ သံျဖဴဇရပ္ၿမိဳ႕ရွိ စစ္ေကာင္စီလက္ေအာက္ခံ ၿမိဳ႕မရဲစခန္းကို ျပည္သူ႔ကာကြယ္ေရးတပ္ PDF က ၾသဂုတ္ ၁၇ ရက္ ည ၈ နာရီေလာက္မွာ ဝင္ေရာက္ပစ္ခတ္ တိုက္ခိုက္ခဲ့တယ္လို႔ ေဒသခံေတြက ဒီဗြီဘီကို ေျပာပါတယ္။

အဲဒီၿမိဳ႕မရဲစခန္းကို သံျဖဴဇရပ္ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ဝင္ ေလးေယာက္က ဆိုင္ကယ္ႏွစ္စီးနဲ႔ လာေရာက္ၿပီး လက္ပစ္ဗုံး အပါအဝင္ ေသနတ္ေတြနဲ႔ ပစ္ခတ္တိုက္ခိုက္ခဲ့တာပါ။

အဲဒီတိုက္ခိုက္မႈအၿပီး ႏွစ္ဖက္ အျပန္အလွန္ပစ္ခတ္ၾကရာမွာ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ဝင္ တေယာက္ က်ဆုံးၿပီး တေယာက္ ဒဏ္ရာရရွိခဲ့ပါတယ္။

စစ္ေကာင္စီဘက္ကလည္း သုံးေယာက္ထက္မနည္း ထိခိုက္ေသဆုံးႏိုင္ၿပီး ပစ္ခတ္မႈ ျဖစ္ၿပီးေနာက္ ရဲတပ္ဖြဲ႕ဘက္က လူမႈကယ္ဆယ္ေရး ကားတစီးနဲ႔ လာေရာက္တင္ေဆာင္ကာ ဒဏ္ရာရသူေတြကို သူတို႔ကိုယ္တိုင္ ေဆး႐ုံ ေမာင္းပို႔ခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ရဲစခန္းတိုက္ခိုက္ခံရမႈမွာ မေပါက္ကြဲေသးတဲ့ လက္ပစ္ဗုံးတလုံးကို ၾသဂုတ္ ၁၈ ရက္ မနက္ပိုင္းမွာ စစ္ေကာင္စီဘက္က ေဖာက္ခြဲခဲ့ပါတယ္။

သံျဖဴဇရပ္ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕နဲ႔ အဆက္အသြယ္ရွိတဲ့ ေရးၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ တာဝန္ခံ ဗိုလ္ရန္ႏိုင္က ၿမိဳ႕မရဲစခန္း တိုက္ခိုက္မႈျဖစ္စဥ္ မွန္ကန္ေၾကာင္း ဒီဗြီဘီကို အတည္ျပဳေျပာပါတယ္။

အဲဒီတိုက္ခိုက္မႈမွာ PDF ရဲေဘာ္တေယာက္ က်ဆုံးခဲ့ေၾကာင္းနဲ႔ ထိခိုက္ဒဏ္ရာရရွိခဲ့တဲ့ ရဲေဘာ္တေယာက္ကို ေဆးဝါးကုသေပးေနၿပီး ဒဏ္ရာအေျခအေန မစိုးရိမ္ရေတာ့ဘူးလို႔ ဆိုပါတယ္။

သံျဖဴဇရပ္ၿမိဳ႕မရဲစခန္း တိုက္ခိုက္ခံရၿပီးေနာက္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြက ၿမိဳ႕အဝင္အထြက္ ေနရာေတြမွာ လုံၿခဳံေရးတင္းက်ပ္ထားသလို လမ္းတခ်ိဳ႕ကိုလည္း သြားလာခြင့္ ကန႔္သတ္ထားပါတယ္။source-DVB

မြို့မရဲစခန်းကို PDF တိုက်ခိုက်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ မြို့မရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ် PDF က သြဂုတ် ၁၇ ရက် ည ၈ နာရီလောက်မှာ ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီမြို့မရဲစခန်းကို သံဖြူဇရပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် လေးယောက်က ဆိုင်ကယ်နှစ်စီးနဲ့ လာရောက်ပြီး လက်ပစ်ဗုံး အပါအဝင် သေနတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုအပြီး နှစ်ဖက် အပြန်အလှန်ပစ်ခတ်ကြရာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တယောက် ကျဆုံးပြီး တယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီဘက်ကလည်း သုံးယောက်ထက်မနည်း ထိခိုက်သေဆုံးနိုင်ပြီး ပစ်ခတ်မှု ဖြစ်ပြီးနောက် ရဲတပ်ဖွဲ့ဘက်က လူမှုကယ်ဆယ်ရေး ကားတစီးနဲ့ လာရောက်တင်ဆောင်ကာ ဒဏ်ရာရသူတွေကို သူတို့ကိုယ်တိုင် ဆေးရုံ မောင်းပို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရဲစခန်းတိုက်ခိုက်ခံရမှုမှာ မပေါက်ကွဲသေးတဲ့ လက်ပစ်ဗုံးတလုံးကို သြဂုတ် ၁၈ ရက် မနက်ပိုင်းမှာ စစ်ကောင်စီဘက်က ဖောက်ခွဲခဲ့ပါတယ်။

သံဖြူဇရပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ အဆက်အသွယ်ရှိတဲ့ ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ဗိုလ်ရန်နိုင်က မြို့မရဲစခန်း တိုက်ခိုက်မှုဖြစ်စဉ် မှန်ကန်ကြောင်း ဒီဗွီဘီကို အတည်ပြုပြောပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ PDF ရဲဘော်တယောက် ကျဆုံးခဲ့ကြောင်းနဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ရဲဘော်တယောက်ကို ဆေးဝါးကုသပေးနေပြီး ဒဏ်ရာအခြေအနေ မစိုးရိမ်ရတော့ဘူးလို့ ဆိုပါတယ်။

သံဖြူဇရပ်မြို့မရဲစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မြို့အဝင်အထွက် နေရာတွေမှာ လုံခြုံရေးတင်းကျပ်ထားသလို လမ်းတချို့ကိုလည်း သွားလာခွင့် ကန့်သတ်ထားပါတယ်။source-DVB