Local News

စစ္ရိကၡာတင္ သေဘၤာ ၆ စီး ကို ရဟတ္ယာဥ္၊ ဂ်က္ဖိုက္တာမ်ားျဖင့္ လုံၿခဳံေရး ယူေပး

စစ္ရိကၡာတင္ သေဘၤာ ၆ စီး ကို ရဟတ္ယာဥ္၊ ဂ်က္ဖိုက္တာမ်ားျဖင့္ လုံၿခဳံေရး ယူေပး

August 18,2022/ Kachin News group

ကသာၿမိဳ႕ ဆိပ္ကမ္းမွ ယေန႔နံနက္ ၉နာရီဝန္းက်င္ စတင္ထြက္ခြာသြားသည့္ စစ္ေကာင္စီ ရိကၡာတင္သေဘၤာ ၆ စီး ကို စစ္ ရဟတ္ယာဥ္တစ္စီး ႏွင့္ ဂ်က္ဖိုက္တာတစ္စီးျဖင့္ ေဝဟင္မွ လုံၿခဳံေရးယူေပးကာ အထက္သို႔ ဆန္တက္ေနေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

“စထြက္ကတည္းက ပုဇင္းတစ္ေကာင္က ျမစ္ေၾကာင္းတစ္ေလွ်ာက္ နိမ့္နိမ့္ေလးဝဲၿပီးေတာ့ ကပ္လိုက္သြားတယ္ ေနာက္ ၅မိနစ္ေလာက္ေနေတာ့ ဂ်က္တစ္စီးက မန္းေလးဘက္က တက္လာတယ္။ အဲဂ်က္တစ္စီးက ခုလည္း တက္လိုက္ဆင္းလိုက္ ျမစ္ေၾကာင္းတစ္ေလွ်ာက္ လုပ္ေနတုန္း ပုဇင္းလည္း ကပ္လိုက္ေနတယ္” ဟု အမည္မေဖာ္လို ေဒသခံတစ္ဦးက ေျပာသည္။

အဆိုပါ စစ္သေဘၤာ ၆ စီး သည္ ၿပီးခဲ့သည့္ ဩဂုတ္လ ၈ ရက္ေန႔ မႏၲေလးမွ စစ္အင္အားအနည္းငယ္ျဖင့္ ရိကၡာတင္ ဆန္တက္လာၿပီး ဩဂုတ္လ ၁၁ ရက္ေန႔ ကသာၿမိဳ႕အဝင္တြင္ KIA ႏွင့္ PDF မ်ားမွ လက္နက္ႀကီးမ်ားျဖင့္ ေစာင့္ႀကိဳတိုက္ခိုက္ခဲ့သည့္အတြက္ သေဘၤာ ၆ စီး အနက္ တစ္စီး လက္နက္ႀကီး အနည္းငယ္ထိမွန္ကာ ကသာဆိပ္ကမ္းတြင္ ဆိုက္ကပ္ခဲ့ေၾကာင္း သိရသည္။

“ကသာဝင္ခါးနီး ပစ္ခံလိုက္တဲ့ခ်ိန္မွာ သေဘၤာဝမ္းမွာ ၄ ေပ ေလာက္ေပါက္သြားတာ အဲမွာဆန္အိတ္တစ္ခ်ိဳ႕စိုကုန္ၿပီး သူတို႔ေတာ္ေတာ္ရႈပ္သြားတယ္။ ၿပီးေတာ့ သူတို႔ကို သေဘၤာ ၆ စီးကို လုံၿခဳံေရးယူေပးဖို႔ တက္လာတဲ့ စစ္ေၾကာင္းေတြလည္း တိုက္ခိုက္ခံရေတာ့ ေတာ္ေတာ္ေၾကာက္သြားပုံရတယ္။ အဲေၾကာင့္ ခုလို ေဝဟင္လုံၿခဳံေရးနဲ႔ ဆန္ေနတာဟုတ္တယ္”ဟု ကသာၿမိဳ႕နယ္အတြင္း လႈပ္ရွားသည့္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕မွ တာဝန္ရွိသူ တစ္ဦးက ေျပာသည္။

စစ္ေကာင္စီတပ္သည္ ၎တို႔၏ သေဘၤာမ်ား ပစ္ခတ္ခံရသည့္အတြက္ ကသာတြင္ ၃ရက္ခန႔္ ရပ္နားခဲ့ရၿပီး ယေန႔နံနက္မွ ျပန္လည္ထြက္ခြာႏိုင္သြားျခင္း ျဖစ္ေၾကာင္း ၎က ဆက္ေျပာသည္။

စစ္ေကာင္စီတပ္သည္ ယခုႏွစ္ မတ္လမွစကာ ၎တို႔အတြက္ လိုအပ္သည့္ စစ္အင္အား၊ ရိကၡာမ်ား တင္ပို႔ရန္ ေရေၾကာင္းကို အဓိကအသုံးျပဳလာခဲ့သည့္နည္းတူ တစ္ဖက္တြင္လည္း သေဘၤာလုံၿခဳံေရးယူေပးရန္ ကမ္းတစ္ေလွ်ာက္ လုံၿခဳံေရး ယူေပးေသာ အဖြဲ႕ကို KIA ပူးေပါင္းတပ္မ်ားမွ ေစာင့္ႀကိဳတိုက္ခိုက္မႈ ပုံမွန္ ျပဳလုပ္ေနသည္။

‌မၾကာခဏေစာင့္ႀကိဳတိုက္ခိုက္ခံရသည့္အတြက္ ႏွစ္ဖက္ထိခိုက္ ေသဆုံးမူရွိ‌ခဲ့ေသာ္လည္း စစ္ေကာင္စီဘက္မွ ပိုမို အထိနာလာသည့္အတြက္ ေလေၾကာင္းျဖင့္ လုံၿခဳံေရးယူေပးကာ ဆန္တက္လာသည္မွာ ပထမဆုံးအႀကိမ္ျဖစ္ေၾကာင္း ‌ေဒသခံမ်ား ေျပာဆိုသည္။

စစ်ရိက္ခာတင် သင်္ဘော ၆ စီး ကို ရဟတ်ယာဉ်၊ ဂျက်ဖိုက်တာများဖြင့် လုံခြုံရေး ယူပေး

August 18,2022/ Kachin News group

ကသာမြို့ ဆိပ်ကမ်းမှ ယနေ့နံနက် ၉နာရီဝန်းကျင် စတင်ထွက်ခွာသွားသည့် စစ်ကောင်စီ ရိက္ခာတင်သင်္ဘော ၆ စီး ကို စစ် ရဟတ်ယာဉ်တစ်စီး နှင့် ဂျက်ဖိုက်တာတစ်စီးဖြင့် ဝေဟင်မှ လုံခြုံရေးယူပေးကာ အထက်သို့ ဆန်တက်နေကြောင်း ဒေသခံများထံမှ သိရသည်။

“စထွက်ကတည်းက ပုဇင်းတစ်ကောင်က မြစ်ကြောင်းတစ်လျှောက် နိမ့်နိမ့်လေးဝဲပြီးတော့ ကပ်လိုက်သွားတယ် နောက် ၅မိနစ်လောက်နေတော့ ဂျက်တစ်စီးက မန်းလေးဘက်က တက်လာတယ်။ အဲဂျက်တစ်စီးက ခုလည်း တက်လိုက်ဆင်းလိုက် မြစ်ကြောင်းတစ်လျှောက် လုပ်နေတုန်း ပုဇင်းလည်း ကပ်လိုက်နေတယ်” ဟု အမည်မဖော်လို ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ စစ်သင်္ဘော ၆ စီး သည် ပြီးခဲ့သည့် ဩဂုတ်လ ၈ ရက်နေ့ မန္တလေးမှ စစ်အင်အားအနည်းငယ်ဖြင့် ရိက္ခာတင် ဆန်တက်လာပြီး ဩဂုတ်လ ၁၁ ရက်နေ့ ကသာမြို့အဝင်တွင် KIA နှင့် PDF များမှ လက်နက်ကြီးများဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့သည့်အတွက် သင်္ဘော ၆ စီး အနက် တစ်စီး လက်နက်ကြီး အနည်းငယ်ထိမှန်ကာ ကသာဆိပ်ကမ်းတွင် ဆိုက်ကပ်ခဲ့ကြောင်း သိရသည်။

“ကသာဝင်ခါးနီး ပစ်ခံလိုက်တဲ့ချိန်မှာ သင်္ဘောဝမ်းမှာ ၄ ပေ လောက်ပေါက်သွားတာ အဲမှာဆန်အိတ်တစ်ချို့စိုကုန်ပြီး သူတို့တော်တော်ရှုပ်သွားတယ်။ ပြီးတော့ သူတို့ကို သင်္ဘော ၆ စီးကို လုံခြုံရေးယူပေးဖို့ တက်လာတဲ့ စစ်ကြောင်းတွေလည်း တိုက်ခိုက်ခံရတော့ တော်တော်ကြောက်သွားပုံရတယ်။ အဲကြောင့် ခုလို ဝေဟင်လုံခြုံရေးနဲ့ ဆန်နေတာဟုတ်တယ်”ဟု ကသာမြို့နယ်အတွင်း လှုပ်ရှားသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ၎င်းတို့၏ သင်္ဘောများ ပစ်ခတ်ခံရသည့်အတွက် ကသာတွင် ၃ရက်ခန့် ရပ်နားခဲ့ရပြီး ယနေ့နံနက်မှ ပြန်လည်ထွက်ခွာနိုင်သွားခြင်း ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီတပ်သည် ယခုနှစ် မတ်လမှစကာ ၎င်းတို့အတွက် လိုအပ်သည့် စစ်အင်အား၊ ရိက္ခာများ တင်ပို့ရန် ရေကြောင်းကို အဓိကအသုံးပြုလာခဲ့သည့်နည်းတူ တစ်ဖက်တွင်လည်း သင်္ဘောလုံခြုံရေးယူပေးရန် ကမ်းတစ်လျှောက် လုံခြုံရေး ယူပေးသော အဖွဲ့ကို KIA ပူးပေါင်းတပ်များမှ စောင့်ကြိုတိုက်ခိုက်မှု ပုံမှန် ပြုလုပ်နေသည်။

‌မကြာခဏစောင့်ကြိုတိုက်ခိုက်ခံရသည့်အတွက် နှစ်ဖက်ထိခိုက် သေဆုံးမူရှိ‌ခဲ့သော်လည်း စစ်ကောင်စီဘက်မှ ပိုမို အထိနာလာသည့်အတွက် လေကြောင်းဖြင့် လုံခြုံရေးယူပေးကာ ဆန်တက်လာသည်မှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း ‌ဒေသခံများ ပြောဆိုသည်။