ေတာ္လွန္ေရးအဖြဲ႕၏ မိုင္းမ်ားကိုေတြ႕ၿပီး ကားေပၚတင္ေနသည့္ အၾကမ္းဖက္စစ္တပ္ မိုင္းကြဲ၍ (၅) ဦးပြဲခ်င္းၿပီးေသ
မုံ႐ြာ၊ ဩဂုတ္ (၁၈)
လူငယ့္ေခတ္
စစ္ကိုင္းတိုင္း၊ မုံ႐ြာလမ္းပိုင္း၌ ေတာ္လွန္ေရးတပ္ဖြဲ႕မ်ားေထာင္ထားသည့္ မိုင္းမ်ားကို သိမ္းေနသည့္ အၾကမ္းဖက္စစ္သား (၅) ဦး မိုင္းကြဲ၍ ေသဆုံးသြားေၾကာင္း People’s Defence Force -South Monywa အဖြဲ႕ မွ သိရသည္။
အၾကမ္းဖက္စစ္အုပ္စုက မုံ႐ြာ-ေခ်ာင္းဦးလမ္းပိုင္းတြင္ မိုင္းရွင္းလင္းေရးေဆာင္႐ြက္ေနစဥ္ ယေန႔ နံနက္ပိုင္းကမိုင္း(၃)လုံးကိုေတြ႕ရွိခဲ့ျခင္းျဖစ္သည္။
“စစ္ေခြးကား သုံးေလးစီးေလာက္ရွိမယ္၊ မိုင္းရွာတဲ့ေကာင္ေတြ Jammer ေတြလည္းပါတယ္၊ ကြၽန္ေတာ္တို႔ျမႇဳပ္ထားတဲ့မိုင္းကိုေတြ႕ၿပီးေတာ့ ေခြး (အၾကမ္းဖက္ စစ္ေကာင္စီတပ္သား) တစ္ေကာင္က အားရဝမ္းသား ကားေပၚထမ္းတင္ေနခ်ိန္ကြဲတာ”ဟု South Monywa အဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက လူငယ့္ေခတ္သို႔ ေျပာသည္။
မိုင္းေဖာက္ခြဲမႈေၾကာင့္ (၅)ဦးမွာ ပြဲခ်င္းၿပီးေသဆုံးခဲ့ၿပီး ထိခိုက္ဒဏ္ရာရသူအမ်ားအျပားရွိသည္ဟု ၎ကဆိုသည္။
ေပါက္ကြဲမႈျဖစ္ပြားၿပီးေနာက္ စစ္ေကာင္စီလက္ပါးေစမ်ားက ရမ္းသမ္းပစ္ခတ္မႈမ်ားလုပ္ေဆာင္ခဲ့ေသာ္လည္း ေတာ္လွန္ေရးရဲေဘာ္မ်ား အထိခိုက္မရွိ ျပန္လည္ဆုတ္ခြာႏိုင္ခဲ့ေၾကာင္း သိရသည္။
ယမန္ေန႔ ဩဂုတ္လ (၁၇) ရက္ကလည္း မုံ႐ြာ-ေခ်ာင္းဦးလမ္းပိုင္းတြင္ ဓါးျပတိုက္လုယက္ေနသည့္ အၾကမ္းဖက္စစ္ေကာင္စီလက္ပါးေစ ပ်ဳေစာထီးမ်ားကို ေတာ္လွန္ေရးတပ္ဖြဲ႕မ်ားက မိုင္းဆြဲတိုက္ခိုက္ခဲ့သည့္အတြက္ (၄) ဦးေသဆုံးသြားေၾကာင္း သိရသည္။
ဓာတ္ပုံ – ေမလအတြင္း ပခုကၠဴ၌ စစ္တပ္က ေတာ္လွန္ေရးအဖြဲ႕မ်ား၏မိုင္းကိုျဖဳတ္ကာ ကားျဖင့္သယ္ေဆာင္သြားခ်ိန္က မိုင္းကြဲခဲ့စဥ္
တော်လှန်ရေးအဖွဲ့၏ မိုင်းများကိုတွေ့ပြီး ကားပေါ်တင်နေသည့် အကြမ်းဖက်စစ်တပ် မိုင်းကွဲ၍ (၅) ဦးပွဲချင်းပြီးသေ
မုံရွာ၊ ဩဂုတ် (၁၈)
လူငယ့်ခေတ်
စစ်ကိုင်းတိုင်း၊ မုံရွာလမ်းပိုင်း၌ တော်လှန်ရေးတပ်ဖွဲ့များထောင်ထားသည့် မိုင်းများကို သိမ်းနေသည့် အကြမ်းဖက်စစ်သား (၅) ဦး မိုင်းကွဲ၍ သေဆုံးသွားကြောင်း People’s Defence Force -South Monywa အဖွဲ့ မှ သိရသည်။
အကြမ်းဖက်စစ်အုပ်စုက မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် မိုင်းရှင်းလင်းရေးဆောင်ရွက်နေစဉ် ယနေ့ နံနက်ပိုင်းကမိုင်း(၃)လုံးကိုတွေ့ရှိခဲ့ခြင်းဖြစ်သည်။
“စစ်ခွေးကား သုံးလေးစီးလောက်ရှိမယ်၊ မိုင်းရှာတဲ့ကောင်တွေ Jammer တွေလည်းပါတယ်၊ ကျွန်တော်တို့မြှုပ်ထားတဲ့မိုင်းကိုတွေ့ပြီးတော့ ခွေး (အကြမ်းဖက် စစ်ကောင်စီတပ်သား) တစ်ကောင်က အားရဝမ်းသား ကားပေါ်ထမ်းတင်နေချိန်ကွဲတာ”ဟု South Monywa အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက လူငယ့်ခေတ်သို့ ပြောသည်။
မိုင်းဖောက်ခွဲမှုကြောင့် (၅)ဦးမှာ ပွဲချင်းပြီးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူအများအပြားရှိသည်ဟု ၎င်းကဆိုသည်။
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီလက်ပါးစေများက ရမ်းသမ်းပစ်ခတ်မှုများလုပ်ဆောင်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဩဂုတ်လ (၁၇) ရက်ကလည်း မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် ဓါးပြတိုက်လုယက်နေသည့် အကြမ်းဖက်စစ်ကောင်စီလက်ပါးစေ ပျုစောထီးများကို တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့သည့်အတွက် (၄) ဦးသေဆုံးသွားကြောင်း သိရသည်။
ဓာတ်ပုံ – မေလအတွင်း ပခုက္ကူ၌ စစ်တပ်က တော်လှန်ရေးအဖွဲ့များ၏မိုင်းကိုဖြုတ်ကာ ကားဖြင့်သယ်ဆောင်သွားချိန်က မိုင်းကွဲခဲ့စဉ်