Local News

ေလတပ္ အရာရွိတစ္ဦးအပါအဝင္ စစ္ေကာင္စီတပ္သား ၄ ဦးထြက္ေျပး

ေလတပ္ အရာရွိတစ္ဦးအပါအဝင္ စစ္ေကာင္စီတပ္သား ၄ ဦးထြက္ေျပး

ညိမ္းေသာ္/ဧရာဝတီတိုင္းမ္

(ပုသိမ္)၊ ဩဂုတ္လ ၁၈ ရက္

ဧရာဝတီတိုင္းရဲ႕ၿမိဳ႕ေတာ္ ပုသိမ္ၿမိဳ႕မွာရွိတဲ့ စစ္ေကာင္စီတပ္ရဲ႕ ေလတပ္အေျခစိုက္စခန္းကေန အရာရွိတဦး အပါအဝင္ စစ္ေကာင္စီတပ္သား ၄ ဦးထြက္ေျပးသြားတယ္လို႔ စစ္ေကာင္စီတပ္နဲ႔နီးစပ္သူေတြထံက သိရပါတယ္။

ပုသိမ္ေလတပ္က အရာရွိနဲ႔ တပ္သား ၃ ဦးဟာ ဩဂုတ္လဆန္းပိုင္းကစတင္ကာထြက္ေျပးသြားတာနဲ႔ ပတ္သက္ၿပီး ေနျပည္ေတာ္အေျခစိုက္ (ကကေလ)ကဆင္းၿပီးလာရွာတာမ်ိဳးေတြျပဳလုပ္ခဲ့ေပမယ့္ ခုခ်ိန္ထိျပန္လည္းဖမ္းမမိ ေသးဘူးလို႔ စစ္ေကာင္စီတပ္နဲ႔နီးစပ္သူေတြက ေျပာပါတယ္။

“ ေလတပ္ကအရာရွိနဲ႔အျခားအဆင့္ ၃ ဦးေျပးတာ ေလတပ္ကစစ္သည္ေတြနဲ႔ ဆိုင္မွာစကားေျပာရင္းသိရတာ ကကေလကေတာင္ဆင္းရွာတယ္”လို႔ စစ္ေကာင္စီတပ္နဲ႔နီးစပ္သူတဦးက ေျပာပါတယ္။

ထြက္ေျပးသြားတဲ့ စစ္ေကာင္စီအရာရွိနဲ႔ တပ္သား ၃ ဦးဟာ မွတ္ပုံတင္ေတြအပ္ထားရတာေၾကာင့္ စစ္ေကာင္စီ တပ္ဘက္က ၿမိဳ႕ဝင္ ၿမိဳ႕ထြက္ေတြမွာ မွတ္ပုံတင္စစ္ေဆးတာေတြကို အေရးေပးျပဳလုပ္လာတယ္လို႔ ဆိုပါတယ္။

ဒါ့ျပင္ အိမ္မဲၿမိဳ႕မွာရွိတဲ့ ခလရ ၃၆ က စစ္ေကာင္စီတပ္သားအခ်ိဳလည္း ထြက္ေျပးသြားတာမ်ိဳးရွိတာေၾကာင့္ စစ္ေကာင္စီတပ္က နီးစပ္ရာ ၿမိဳ႕ဝင္ ၿမိဳ႕ထြက္စစ္ေဆးေရးဂိတ္ေတြနဲ႔ ၿမိဳ႕ထဲကလူစည္ကားတဲ့ေနရာေတြမွာ ပိတ္ဆို႔စစ္ေဆးတာေတြျပဳလုပ္ေနတယ္လို႔ ေဒသခံေတြထံက သိရပါတယ္။

ဧရာဝတီတိုင္းရဲ႕ၿမိဳ႕ေတာ္ျဖစ္တဲ့ ပုသိမ္ၿမိဳ႕မွာ စစ္ေကာင္စီရဲ႕ အေနာက္ေတာင္ပိုင္းစစ္ဌာနခ်ဳပ္ အထိုင္ခ်တာ ေၾကာင့္ တပ္အမ်ားစုရွိၿပီး စစ္သည္အားလုံးရဲ႕မွတ္ပုံတင္ေတြကို တပ္ရင္း႐ုံးမွာသိမ္းဆည္းထားတယ္လို႔ စစ္ေကာင္စီတပ္အသိုင္းဝိုင္းက သိရပါတယ္။

Ayeyarwaddy_Times

ပုသိမ်လေတပ်မှ အရာရှိတစ်ဦးအပါအဝင် စစ်ကောင်စီတပ်သား ၄ ဦးထွက်ပြေး

ညိမ်းသော်/ဧရာဝတီတိုင်းမ်

(ပုသိမ်)၊ ဩဂုတ်လ ၁၈ ရက်

ဧရာဝတီတိုင်းရဲ့မြို့တော် ပုသိမ်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ လေတပ်အခြေစိုက်စခန်းကနေ အရာရှိတဦး အပါအဝင် စစ်ကောင်စီတပ်သား ၄ ဦးထွက်ပြေးသွားတယ်လို့ စစ်ကောင်စီတပ်နဲ့နီးစပ်သူတွေထံက သိရပါတယ်။

ပုသိမ်လေတပ်က အရာရှိနဲ့ တပ်သား ၃ ဦးဟာ ဩဂုတ်လဆန်းပိုင်းကစတင်ကာထွက်ပြေးသွားတာနဲ့ ပတ်သက်ပြီး နေပြည်တော်အခြေစိုက် (ကကလေ)ကဆင်းပြီးလာရှာတာမျိုးတွေပြုလုပ်ခဲ့ပေမယ့် ခုချိန်ထိပြန်လည်းဖမ်းမမိ သေးဘူးလို့ စစ်ကောင်စီတပ်နဲ့နီးစပ်သူတွေက ပြောပါတယ်။

“ လေတပ်ကအရာရှိနဲ့အခြားအဆင့် ၃ ဦးပြေးတာ လေတပ်ကစစ်သည်တွေနဲ့ ဆိုင်မှာစကားပြောရင်းသိရတာ ကကလေကတောင်ဆင်းရှာတယ်”လို့ စစ်ကောင်စီတပ်နဲ့နီးစပ်သူတဦးက ပြောပါတယ်။

ထွက်ပြေးသွားတဲ့ စစ်ကောင်စီအရာရှိနဲ့ တပ်သား ၃ ဦးဟာ မှတ်ပုံတင်တွေအပ်ထားရတာကြောင့် စစ်ကောင်စီ တပ်ဘက်က မြို့ဝင် မြို့ထွက်တွေမှာ မှတ်ပုံတင်စစ်ဆေးတာတွေကို အရေးပေးပြုလုပ်လာတယ်လို့ ဆိုပါတယ်။

ဒါ့ပြင် အိမ်မဲမြို့မှာရှိတဲ့ ခလရ ၃၆ က စစ်ကောင်စီတပ်သားအချိုလည်း ထွက်ပြေးသွားတာမျိုးရှိတာကြောင့် စစ်ကောင်စီတပ်က နီးစပ်ရာ မြို့ဝင် မြို့ထွက်စစ်ဆေးရေးဂိတ်တွေနဲ့ မြို့ထဲကလူစည်ကားတဲ့နေရာတွေမှာ ပိတ်ဆို့စစ်ဆေးတာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဧရာဝတီတိုင်းရဲ့မြို့တော်ဖြစ်တဲ့ ပုသိမ်မြို့မှာ စစ်ကောင်စီရဲ့ အနောက်တောင်ပိုင်းစစ်ဌာနချုပ် အထိုင်ချတာ ကြောင့် တပ်အများစုရှိပြီး စစ်သည်အားလုံးရဲ့မှတ်ပုံတင်တွေကို တပ်ရင်းရုံးမှာသိမ်းဆည်းထားတယ်လို့ စစ်ကောင်စီတပ်အသိုင်းဝိုင်းက သိရပါတယ်။

Ayeyarwaddy_Times