ဧည့္စာရင္းေၾကာင့္ လူေျခာက္ဦး အဖမ္းခံရ
ရန္ကုန္တိုင္း ကမာ႐ြတ္ၿမိဳ႕နယ္၊ အမွတ္ ၃ ရပ္ကြက္က မဟာေဘာဂလမ္းကို ဩဂုတ္လ ၁၇ ရက္ မေန႔ညက ဧည့္စာရင္းဝင္စစ္ရာကေန လူေျခာက္ဦးကို စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြက ဖမ္းဆီးသြားတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။
မေန႔က ည ၁၀ နာရီဝန္းက်င္မွာ မဟာေဘာဂလမ္းကို စစ္ေကာင္စီတပ္သား၊ ရဲနဲ႔ လဝကအရာရွိ စတဲ့ စုစုေပါင္း အင္အား ၂၀ ေလာက္နဲ႔ တစ္လမ္းလုံးနီးပါးကို ဧည့္စာရင္းစစ္ေဆးခဲ့တာျဖစ္ၿပီး တိုက္ အမွတ္ ၁၆ ေျမညီထပ္က အမ်ိဳးသားသုံးဦးနဲ႔ အမ်ိဳးသမီး သုံးဦးကို ဖမ္းဆီးသြားတာလို႔ ဆိုပါတယ္။
အဖမ္းခံရသူေတြ ျပန္မလြတ္လာေသးဘူးလို႔ ကမာ႐ြတ္ၿမိဳ႕နယ္က လုံၿခဳံေရးအရ အမည္မေဖာ္လိုသူ ေဒသခံတစ္ဦးက RFA ကို ေျပာပါတယ္။
“မေန႔ညကေတာ့ လမ္းထဲက အိမ္ေတြ ေတာ္ေတာ္မ်ားမ်ားကို ဧည့္စာရင္းစစ္သြားတာ။ မၾကာခဏလည္း ဝင္စစ္တတ္တယ္။ ေျခာက္ဦး အဖမ္းခံလိုက္ရတယ္။ ဘာေၾကာင့္ဖမ္းလဲ မသိရေပမယ့္ ဟိုေကာင္ေတြကေတာ့ ဧည့္စာရင္းတိုင္ရမွာ မသိဘူးလား၊ သိရက္နဲ႔ မတိုင္တာလားဆိုၿပီး ေအာ္သံေတာ့ ၾကားမိလိုက္တယ္။ အဖမ္းခံရတဲ့သူေတြ ျပန္လြတ္လာတာေတာ့ မၾကားမိေသးဘူး”
ဧည့္စာရင္းစစ္ခ်ိန္မွာ အခ်ဳပ္ကားပါလာတာေၾကာင့္ အဖမ္းခံရတဲ့ ေျခာက္ဦးအျပင္ တျခားဖမ္းဆီးခံရသူေတြ ရွိ၊ မရွိ ကိုေတာ့ မသိရေသးဘူးလို႔ ရပ္ကြက္ေနသူက ဆိုပါတယ္။
အခုျဖစ္ရပ္နဲ႔ ပတ္သက္လို႔ RFA အေနနဲ႔ သီးျခားအတည္မျပဳႏိုင္ေသးပါဘူး။ဇူလိုင္လ ၂၆ ရက္ေန႔ကလည္း ကမာ႐ြတ္ၿမိဳ႕နယ္၊ အမွတ္ ၅ ရပ္ကြက္မွာ ဧည့္စာရင္းစစ္ေဆးၿပီးေနာက္ ရပ္ကြက္ေနသူ လူ ၂၀ ေလာက္ကို စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြက ဖမ္းဆီးခဲ့တယ္လို႔လည္း ေဒသခံေတြက ဆိုၾကပါတယ္။
ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) ရဲ႕ စာရင္းေတြအရ ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီ ၁ ရက္ေန႔ကေန ၂၀၂၂ ခုႏွစ္ ဩဂုတ္လ ၁၇ ရက္ေန႔ထိ ဖမ္းဆီးခံခဲ့ရသူ စုစုေပါင္း ၁၅,၁၄၇ ဦးထိ ရွိေနပါတယ္။source-RFA
ဧည့်စာရင်းကြောင့် လူခြောက်ဦး အဖမ်းခံရ
ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်၊ အမှတ် ၃ ရပ်ကွက်က မဟာဘောဂလမ်းကို ဩဂုတ်လ ၁၇ ရက် မနေ့ညက ဧည့်စာရင်းဝင်စစ်ရာကနေ လူခြောက်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့က ည ၁၀ နာရီဝန်းကျင်မှာ မဟာဘောဂလမ်းကို စစ်ကောင်စီတပ်သား၊ ရဲနဲ့ လဝကအရာရှိ စတဲ့ စုစုပေါင်း အင်အား ၂၀ လောက်နဲ့ တစ်လမ်းလုံးနီးပါးကို ဧည့်စာရင်းစစ်ဆေးခဲ့တာဖြစ်ပြီး တိုက် အမှတ် ၁၆ မြေညီထပ်က အမျိုးသားသုံးဦးနဲ့ အမျိုးသမီး သုံးဦးကို ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
အဖမ်းခံရသူတွေ ပြန်မလွတ်လာသေးဘူးလို့ ကမာရွတ်မြို့နယ်က လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“မနေ့ညကတော့ လမ်းထဲက အိမ်တွေ တော်တော်များများကို ဧည့်စာရင်းစစ်သွားတာ။ မကြာခဏလည်း ဝင်စစ်တတ်တယ်။ ခြောက်ဦး အဖမ်းခံလိုက်ရတယ်။ ဘာကြောင့်ဖမ်းလဲ မသိရပေမယ့် ဟိုကောင်တွေကတော့ ဧည့်စာရင်းတိုင်ရမှာ မသိဘူးလား၊ သိရက်နဲ့ မတိုင်တာလားဆိုပြီး အော်သံတော့ ကြားမိလိုက်တယ်။ အဖမ်းခံရတဲ့သူတွေ ပြန်လွတ်လာတာတော့ မကြားမိသေးဘူး”
ဧည့်စာရင်းစစ်ချိန်မှာ အချုပ်ကားပါလာတာကြောင့် အဖမ်းခံရတဲ့ ခြောက်ဦးအပြင် တခြားဖမ်းဆီးခံရသူတွေ ရှိ၊ မရှိ ကိုတော့ မသိရသေးဘူးလို့ ရပ်ကွက်နေသူက ဆိုပါတယ်။
အခုဖြစ်ရပ်နဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။ဇူလိုင်လ ၂၆ ရက်နေ့ကလည်း ကမာရွတ်မြို့နယ်၊ အမှတ် ၅ ရပ်ကွက်မှာ ဧည့်စာရင်းစစ်ဆေးပြီးနောက် ရပ်ကွက်နေသူ လူ ၂၀ လောက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့တယ်လို့လည်း ဒေသခံတွေက ဆိုကြပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းတွေအရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၇ ရက်နေ့ထိ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၁၅,၁၄၇ ဦးထိ ရှိနေပါတယ်။source-RFA