Local News

သေဘၤာလုံၿခဳံေရးအတြက္ ရဟတ္ယာဥ္တစ္စီးႏွင့္ ဂ်က္တိုက္ေလယာဥ္တစ္စီးတို႔

ဗန္းေမာ္ၿမိဳ႕သို႔ ဆန္တက္လာသည့္ စစ္ေကာင္စီတပ္၏ ရိကၡာတင္သေဘၤာႏွင့္ သံခြန္မ်ား တိုက္ခိုက္ခံရ၊ ေရေၾကာင္း႐ုံး ဝန္ထမ္းမ်ား အျမန္ဆုံးႏႈတ္ထြက္ၾကရန္ ၿမိဳ႕လွ KPDF သတိေပး

စစ္ကိုင္းတိုင္း၊ ကသာၿမိဳ႕မွ အထက္ဘက္ ဗန္းေမာ္ၿမိဳ႕သို႔ ဆန္တက္လာသည့္ အာဏာသိမ္းစစ္ေကာင္စီ၏ ရိကၡာတင္သေဘၤာႏွင့္ သံခြန္မ်ားကို ယေန႔ၾသဂုတ္လ ၁၈ ရက္ေန႔၊ ေန႔လည္ပိုင္း တိုက္ခိုက္ခဲ့ေၾကာင္း ၿမိဳ႕လွ KPDF က သတင္းထုတ္ျပန္သည္။

ၿမိဳ႕လွ KPDF တပ္ခြဲ (၁) ဗိုလ္မိုးႀကိဳး ဦးေဆာင္ေသာအဖြဲ႕မွ MYTEL- မမ ေရွ႕ထြက္မိုင္း ၁၂ လုံးျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့ၿပီး သံခြန္ႏွင့္ သေဘၤာဝမ္းဗိုက္တို႔ကို ထိမွန္ခဲ့ေၾကာင္း သိရသည္။

စစ္ေကာင္စီဘက္မွ သေဘၤာလုံၿခဳံေရးအတြက္ ရဟတ္ယာဥ္တစ္စီးႏွင့္ ဂ်က္တိုက္ေလယာဥ္တစ္စီးတို႔ အသုံးျပဳခဲ့ၿပီး ၎တို႔၏ ကမ္းေစာင့္တပ္ႏွင့္ စစ္သေဘၤာမ်ားေပၚမွ ျမစ္ကမ္းတေလ်ာက္ လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ ရမ္းသမ္းပစ္ခတ္ခဲ့ေၾကာင္း သိရသည္။

အဆိုပါတိုက္ခိုက္မႈေၾကာင့္ စစ္ေကာင္စီဘက္မွ ထိခိုက္က်ဆုံးမႈ ရွိႏိုင္ၿပီး ၿမိဳ႕လွ KPDF တပ္ဖြဲ႕မ်ား အထိခိုက္မရွိခဲ့ဟု ဆိုသည္။

ကသာ၊ ေ႐ႊကူႏွင့္ ဧရာဝတီျမစ္ကမ္းတေလွ်ာက္ရွိ ေရေၾကာင္း႐ုံး ဝန္ထမ္းမ်ားအေနျဖင့္ တာဝန္ယူထားေသာ ရာထူး၊ တာဝန္မ်ားမွ ႏုတ္ထြက္ၾကရန္ႏွင့္ လိုက္နာျခင္းမရွိပါက ၿမိဳ႕လွ KPDF က အေရးယူမႈမ်ား ျပဳလုပ္ရန္ စီစဥ္ထားေၾကာင္းလည္း သတိေပးထားသည္။

သတိေပးခံထားရသူမ်ားမွာ ကသာၿမိဳ႕ ေရေၾကာင္းပိုေဆာင္ေရးမန္ေနဂ်ာ ဦးတင္ဝင္း၊ ေရေၾကာင္းျပ ဦးေအာင္မ်ိဳးဝင္းႏွင့္ေရေၾကာင္းျပ ဦးခန႔္ကိုကိုႏိုင္တို႔ျဖစ္ေၾကာင္း သိရသည္။

TachileikNewsAgency

ဗန်းမော်မြို့သို့ ဆန်တက်လာသည့် စစ်ကောင်စီတပ်၏ ရိက္ခာတင်သင်္ဘောနှင့် သံခွန်များ တိုက်ခိုက်ခံရ၊ ရေကြောင်းရုံး ဝန်ထမ်းများ အမြန်ဆုံးနှုတ်ထွက်ကြရန် မြို့လှ KPDF သတိပေး

စစ်ကိုင်းတိုင်း၊ ကသာမြို့မှ အထက်ဘက် ဗန်းမော်မြို့သို့ ဆန်တက်လာသည့် အာဏာသိမ်းစစ်ကောင်စီ၏ ရိက္ခာတင်သင်္ဘောနှင့် သံခွန်များကို ယနေ့သြဂုတ်လ ၁၈ ရက်နေ့၊ နေ့လည်ပိုင်း တိုက်ခိုက်ခဲ့ကြောင်း မြို့လှ KPDF က သတင်းထုတ်ပြန်သည်။

မြို့လှ KPDF တပ်ခွဲ (၁) ဗိုလ်မိုးကြိုး ဦးဆောင်သောအဖွဲ့မှ MYTEL- မမ ရှေ့ထွက်မိုင်း ၁၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သံခွန်နှင့် သင်္ဘောဝမ်းဗိုက်တို့ကို ထိမှန်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီဘက်မှ သင်္ဘောလုံခြုံရေးအတွက် ရဟတ်ယာဉ်တစ်စီးနှင့် ဂျက်တိုက်လေယာဉ်တစ်စီးတို့ အသုံးပြုခဲ့ပြီး ၎င်းတို့၏ ကမ်းစောင့်တပ်နှင့် စစ်သင်္ဘောများပေါ်မှ မြစ်ကမ်းတလျောက် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှု ရှိနိုင်ပြီး မြို့လှ KPDF တပ်ဖွဲ့များ အထိခိုက်မရှိခဲ့ဟု ဆိုသည်။

ကသာ၊ ရွှေကူနှင့် ဧရာဝတီမြစ်ကမ်းတလျှောက်ရှိ ရေကြောင်းရုံး ဝန်ထမ်းများအနေဖြင့် တာဝန်ယူထားသော ရာထူး၊ တာဝန်များမှ နုတ်ထွက်ကြရန်နှင့် လိုက်နာခြင်းမရှိပါက မြို့လှ KPDF က အရေးယူမှုများ ပြုလုပ်ရန် စီစဉ်ထားကြောင်းလည်း သတိပေးထားသည်။

သတိပေးခံထားရသူများမှာ ကသာမြို့ ရေကြောင်းပိုဆောင်ရေးမန်နေဂျာ ဦးတင်ဝင်း၊ ရေကြောင်းပြ ဦးအောင်မျိုးဝင်းနှင့်ရေကြောင်းပြ ဦးခန့်ကိုကိုနိုင်တို့ဖြစ်ကြောင်း သိရသည်။

TachileikNewsAgency