Local News

ဘာျဖစ္ျဖစ္ သူ႔အတြက္ လက္မေထာင္ဂုဏ္ယူေနေပးပါ။ သားအတြက္အသက္ရွင္ေပးပါ”ဆိုသည့္ စကားအတိုင္း

ဂုဏ္ယူသည္ သို႔ေသာ္ မေက်နပ္ပါ

မႏၲေလး၊ ဩဂုတ္ ၁၈

လူငယ့္ေခတ္

ၾသဂုတ္ ၁ ရက္ေန႔ နံနက္ ၆နာရီ ဝန္းက်င္၌ အသက္ ၄ႏွစ္အ႐ြယ္သားငယ္ အပါအဝင္ မိသားစု ၃ ဦးလုံး အိပ္ယာထဲ၌ ရွိေနေသးသည္။ အမ်ိဳးသားျဖစ္သူက အိပ္ယာႏိုးႏိုးခ်င္း ေဖ့ဘုတ္မွ ႏိုင္ငံေရးသတင္းတခ်ိဳ႕ကို ရွာဖတ္ေနသည္။ သိပ္မၾကာခင္ ေနာက္ေဖးသြားအုံးမည္ဟုဆိုကာ ထထြက္သြားသည္။

ေနာက္ေဖးသြားရန္ အိမ္သာေရပုံးထဲ ေရထည့္ေနစဥ္ “သူခိုး၊သူခိုး”ဟုေအာ္ဟစ္ကာ ယူနီေဖာင္းဝတ္လူတစ္စုက အိမ္ထဲဝင္ေရာက္လာၿပီး အမ်ိဳးသားျဖစ္သူကို ဝိုင္း၍ ႐ိုက္ႏွက္သည္။ အိမ္ေပၚေခၚလာကာ ေသနတ္ဒင္မ်ားျဖင့္ ႐ိုက္ ႏွက္သည္။ ေမးခြန္းတရစပ္ေမးသည္။ မသိဘူးဟု ျငင္းေနေသာအမ်ိဳးသားကို မ်က္ႏွာတစ္ခုလုံး အက်ႌျဖင့္စည္းကာ အိမ္စီးကားျဖင့္ ဖမ္းဆီးေခၚေဆာင္သြားခဲ့သည္။

႐ုပ္ရွင္ဆန္ဆန္ျပဇာတ္တစ္ခုလို အခ်ိန္ခဏသာ ၾကာလိုက္ေသာ္လည္း ထိုေန႔သည္ မိသားစုအတြက္ အက်ည္းတန္စရာ ျဖစ္ေနခဲ့သည္။အဆိုပါျဖစ္ရပ္သည္ အျခားေတာ့ မဟုတ္ပါ။ မႏၲေလးၿမိဳ႕၊ ေအာင္ေျမသာစံၿမိဳ႕နယ္၊ ဥယ်ာဥ္ကုန္းရပ္ကြက္တြင္ မႏၲေလးၿမိဳ႕ျပေပ်ာက္ၾကားအဖြဲ႕ Myanmar Return Ranger Force-MRRFေခါင္းေဆာင္ ဗိုလ္ေအာင္ေျမကို စစ္အုပ္စုက ဝင္ေရာက္ဖမ္းဆီးခဲ့ျခင္းျဖစ္သည္။

“ေနာက္ဆုံးအေနနဲ႔ မ်က္ႏွာေလးၾကည့္ခြင့္ေပးပါဆိုတာေတာင္ မရခဲ့ပါဘူး။ အနားကပ္ရင္ နင့္ကိုပါ ပစ္သတ္ပစ္မယ္လို႔ သူတို႔က ေျပာတယ္”ဟု ဗိုလ္ေအာင္ေျမ၏ဇနီးျဖစ္သူ မျဖဴျဖဴ( အမည္လႊဲ) က ေျပာသည္။

ထိုေန႔က ဗိုလ္ေအာင္ေျမအပါအဝင္ ထိုေနရာအနီးအနား အရက္ဆိုင္မွ လူလတ္ပိုင္းတစ္ဦးႏွင့္ မီနီအိုးေဝ ေမာင္းႏွင္သူတစ္ဦး အပါအဝင္ စုစုေပါင္း ၃ ဦး ဖမ္းဆီးခံလိုက္ရသည္။

“ဘယ္သူပါေသးလဲလို႔ ေသနတ္ေတြနဲ႔႐ိုက္ၿပီး ေမးတယ္။ သူက ဘယ္သူမွမပါဘူး။ ကြၽန္ေတာ္တစ္ေယာက္တည္း လုပ္တယ္။ ကြၽန္ေတာ္လုပ္တာ။ မသိဘူး အဲဒါပဲေျဖသြားတာ။ ေနာက္ဆုံးေမးမရေတာ့ တစ္အိမ္လုံးလွန္ရွာၿပီး ႐ိုက္ႏွက္သြားတာ”ဟု သူက ရွင္းျပသည္။

ေနအိမ္လိုက္ျပသူတစ္ေယာက္ႏွင့္ အနီးအနား အရက္ဆိုင္မွ ၂ ဦးကို အရင္ဖမ္းလာကာ ဗိုလ္ေအာင္ေျမတို႔ၿခံဝန္းကို ဝင္လာသည္။ အနီးအနားအိမ္မ်ားမွ လူငယ္မ်ားအားလုံးကို ေသနတ္ျဖင့္ခ်ိန္ကာ ဒူးေထာက္ ထိုင္ခိုင္းထားသည္။ ဗိုလ္ေအာင္ေျမကို ဝိုင္းဖမ္းဆီးၿပီး ေမးျမန္း၍မရေတာ့မွသာ က်န္သူမ်ားကိုျပန္လႊတ္ေပးလိုက္သည္ဟု သိရသည္။

“အတိအက်ေတာ့ မသိရေပမယ့္ အဖြဲ႕ဝင္တစ္ေယာက္က သစၥာေဖာက္တယ္ဆိုတာေတာ့ သိရတယ္။ တကယ္ဆိုရင္ အဲဒီလို မလုပ္သင့္ပါဘူး။ ကိုယ္က ဒီအလုပ္လုပ္တယ္ဆိုကတည္းက ကိုယ့္ အသက္ေသမယ္ဆိုတာေတာ့ ေတြးထားသင့္တယ္ ေလ”ဟု မျဖဴျဖဴက ေထာက္ျပသည္ ။

ဗိုလ္ေအာင္ေျမ အဖမ္းခံရၿပီးေနာက္ ခဏအတြင္း သတင္းျပန႔္ႏွံ႔ခဲ့သလို ႐ိုက္ႏွက္ဖမ္းဆီးစဥ္၌ ေမးျမန္းသမွ်ကို ဗိုလ္ေအာင္ေျမကသာ ေခါင္းခံခဲ့ေသာေၾကာင့္ျဖစ္မည္။ တျခားသူမ်ားလို အခ်ိန္ၾကာၾကာ စစ္ေဆးျခင္းမရွိဘဲ ညေနပိုင္းမွာပင္ မႏၲေလးၿမိဳ႕တေနရာတြင္ ဗိုလ္ေအာင္ေျမတို႔ ၃ ဦး၏အေလာင္းကို စြန္႔ပစ္ထားေၾကာင္း စစ္အုပ္စုေလာ္ဘီမ်ားကတင္ခဲ့သည္။

အဆိုပါ ၃ ဦးသည္ ဗိုလ္ေအာင္ေျမႏွင့္အတူ အဖမ္းခံရသည့္ လူ ၂ ဦး၏အေလာင္းျဖစ္ေၾကာင္း သူမက အတည္ ျပဳသည္။”အေလာင္းက သူတို႔ဆိုတာ မွန္ပါတယ္။ သူတို႔ဖမ္းသြားတုန္းက ဝတိထားတဲ့ အက်ႌကိုပဲ ျပန္ဝတ္ေပးထားတာပါ။ က်န္တဲ့ ၂ေယာက္ကလည္း သူနဲ႔အတူတူ အဖမ္းခံရတဲ့အစ္ကိုေတြပါ။ ေနတာေတာင္ နီးနီးေလးေနၾကတာ။ ၿပီးေတာ့အမွန္တကယ္က သူတို႔က မစ္ရွင္ေတြမွာမပါခဲ့ပါဘူး။ ပစၥည္းယူစရာ၊ ပို႔စရာရွိရင္ ကူညီၾကတဲ့သူေတြပါ”ဟု ဆိုသည္။

ပဲခူးနယ္သားဗိုလ္ေအာင္ေျမသည္ အသက္၃၀ ဝန္းက်င္ရွိၿပီး ဇနီးျဖစ္သူ မျဖဴျဖဴက ၂၅ႏွစ္ေက်ာ္အ႐ြယ္ျဖစ္သည္။ အိမ္ေထာင္က်ၿပီး ဇနီးျဖစ္သူ မျဖဴျဖဴ၏ ဇာတိ မိတၳီလာတြင္ ေနထိုင္ခဲ့ၿပီးေနာက္ သာမာန္အေရာင္းအဝယ္မ်ိဳးစုံ လုပ္ကာ အတူ ဘဝကို ႐ုန္းကန္ခဲ့ၾကသည္။

မျဖဴျဖဴ က ေစ်းေရာင္းၿပီး အမ်ိဳးသားျဖစ္သူ ဗိုလ္ေအာင္ေျမက လက္ဖက္ရည္ဆိုင္၌ မုန႔္ဆရာဆိုလည္းျဖစ္၊ ပန္းရံဆိုလည္းရ ေကာင္းေရာင္းေကာင္းဝယ္ အစုံလုပ္ခဲ့သည္။ အိမ္ေထာင္သက္ ၈ႏွစ္ျပည့္ခဲ့ၿပီး ၄ ႏွစ္အ႐ြယ္ သားငယ္တစ္ဦးရွိသည္။

မိသားစုအတြက္႐ုန္းကန္ေနရခ်ိန္ အာဏာသိမ္းမႈျဖစ္လာေသာအခါ ဗိုလ္ေအာင္ေျမက မိတၱီလာဆႏၵျပသပိတ္မ်ားတြင္ ပါဝင္ခဲ့သည္။ ထို႔ေနာက္ မိန္းမႏွင့္သားကိုမေျပာဘဲ ႐ုတ္တရက္ေပ်ာက္သြားခဲ့ေၾကာင္း ဇနီးျဖစ္သူကေျပာသည္။”ျပန္ၿပီး အဆက္အသြယ္ရတဲ့အခ်ိန္က်မွ သူသင္တန္းတက္ေနမွန္းသိတာ။ ကြၽန္မလည္း ခ်က္ခ်င္းသူ႔ေနာက္လိုက္သြား ခဲ့တာ”ဟု မျဖဴျဖဴက ရွင္းျပသည္။

ေယာက်ၤားျဖစ္သူကို ခ်စ္သည့္စိတ္ျဖင့္သာ ဗိုလ္ေအာင္ေျမလုပ္သမွ်ကို မတားဘဲ ေနာက္မွ လိုက္ဖို႔သာ ဆုံးျဖတ္ခဲ့သည္ဟု ဆက္ေျပာသည္။သင္တန္းမွ ျပန္လာေသာဗိုလ္ေအာင္ေျမသည္ မိတၳီလာနယ္တြင္ အဆက္အသြယ္တခ်ိဳ႕ျဖင့္ UGလႈပ္ရွားမႈမ်ားကို ၂၀၂၁ အတြင္းက လႈပ္ရွားခဲ့ေသးသည္။ စစ္တပ္နယ္ေျမျဖစ္ေသာေၾကာင့္ ၃ ႀကိမ္ ခန႔္သာ လႈပ္ရွားႏိုင္ခဲ့ၿပီးေနာက္ မႏၲေလးသို႔ ေ႐ြ႕ေျပာင္းခဲ့သည္။

“မႏၲေလးေရာက္ေတာ့ အဆက္အသြယ္ပိုရလာေတာ့ ပိုၿပီး လႈပ္ရွားျဖစ္တယ္။ ယုံၾကည္ၿပီး ပစၥည္းပို႔ေပးတဲ့သူေတြ လည္းရွိေတာ့ မစ္ရွင္ေတြပိုလုပ္ႏိုင္တယ္။ အခု အတူဖမ္းခံရၿပီး အတူတူအသတ္ခံလိုက္ရတဲ့ အစ္ကို ၂ ေယာက္ ကလည္း လက္နက္အသယ္အပို႔ လုပ္ေပးရတဲ့သူေတြပဲ “ဟု မျဖဴျဖဴက ေျပာ သည္။

ဗိုလ္ေအာင္ေျမတို႔ ငွါးရမ္းေနထိုင္သည့္ေနရာသည္ အမွတ္ ၄ ရဲစခန္းအနီးတြင္ တည္ရွိၿပီး ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး၏ ညီမေတာ္စပ္သူပိုင္ဆိုင္သည္၊ ထို႔ျပင္ အဆိုပါဥယ်ာဥ္ကုန္းရပ္ကြက္သည္ စစ္အုပ္စုက မၾကာခဏပိတ္ဆို႔စစ္ေဆးကာ ဧည့္စာရင္းစစ္ေလ့ရွိသည့္ ေနရာျဖစ္သည္။

ၿခံဝန္းက်ယ္တစ္ခုတြင္ အိမ္ငွားထားရန္ အေဆာက္အဦငယ္မ်ား ေဆာက္လုပ္ထားၿပီး အိမ္အေဆာင္အလိုက္ ငွါးရမ္း သည့္ ေနရာျဖစ္သည္။”ရန္သူနဲ႔အနီးဆုံးေနရာက အႏၲရာယ္အကင္းဆုံးဆိုၿပီး ငွါးေနခဲ့ၾကတာ”ဟု မျဖဴျဖဴက ေျပာသည္။

အမွန္တကယ္လည္း ဗိုလ္ေအာင္ေျမတို႔မိသားစုႏွင့္ အဖြဲ႕သားတခ်ိဳ႕သည္ စစ္အုပ္စု၏ ပိတ္ဆို႔စစ္ေဆးမႈမ်ားမွ လြတ္ခဲ့သည္။တႀကိမ္၌ ဗိုလ္ေအာင္ေျမႏွင့္အတူ အသတ္ခံခဲ့ရသူသည္ လက္နက္သယ္ေဆာင္လာစဥ္ ဆိုင္ကယ္ကို စစ္အုပ္စုက တားဆီးသည္။ ရပ္ေပးပါကလည္း ေသခ်ာေပါက္အဖမ္းခံရေတာ့မည္။ ထြက္ေျပးပါကလည္း ပစ္သတ္ႏိုင္ေျခမ်ား သျဖင့္ အေတာ္အက်ပ္႐ိုက္ခဲ့သည္ဟု သိရသည္။

ေနာက္ဆုံးတြင္ စြန႔္စားကာ ရပ္မလိုလုပ္၍ ေမာင္းေျပးခဲ့သည္။ သိပ္မၾကာ စစ္အုပ္စုအရပ္ဝတ္မ်ားလည္း ေနာက္ကလိုက္သည္။ ဆိုင္ကယ္မ်ား ဗြက္ထဲကြၽံၿပီး ေနာက္ဆုံး လမ္းေလွ်ာက္ေျပးကာ ၎တို႔လြတ္ေျမာက္ခဲ့သည္။အမ်ိဳးသားျဖစ္သူအဖမ္းခံရၿပီးေနာက္ ေမးျမန္း႐ိုက္ႏွက္၍ ဗိုလ္ေအာင္ေျမ ဆက္လက္ျငင္းေနပါက ဇနီးႏွင့္သား ျဖစ္သူတို႔ျဖင့္ ၿခိမ္းေျခာက္မည္ကို စိုးရိမ္၍ မျဖဴျဖဴက လြတ္ေျမာက္နယ္ေျမတစ္ခုကို သားႏွင့္အတူ ထြက္ခဲ့သည္ ။

ဖခင္ျဖစ္သူ၏ေသဆုံးေနပုံကို ေတြ႕ရသည့္သားက “သားေဖေဖကို လူဆိုးေတြ ဖမ္းသြားတယ္။ သူတို႔က သား ေဖေဖကို သတ္ပစ္လိုက္ၾကၿပီ “ဟုသာေရ႐ြတ္ေနသည္ဟု သိရသည္။ဗိုလ္ေအာင္ေျမေတာ္လွန္ေရးစလုပ္ခ်ိန္တြင္ “သူဒီဟာကို စလုပ္ကတည္းက သူကေသရင္ေသ၊ မေသရင္ အဖမ္း ခံရမယ္။ ဘာျဖစ္ျဖစ္ သူ႔အတြက္ လက္မေထာင္ဂုဏ္ယူေနေပးပါ။ သားအတြက္အသက္ရွင္ေပးပါ”ဆိုသည့္ စကားအတိုင္း ဆက္လက္ရပ္တည္ေနခဲ့သည္ဟု မျဖဴျဖဴက ေျပာသည္။

သို႔ေသာ္ “ ဒါေတြကိုကြၽန္မ လုံးဝမေက်နပ္ပါဘူး”ဟု သူမ ညည္းတြားသည္။

Lungekhit

ဂုဏ်ယူသည် သို့သော် မကျေနပ်ပါ

မန္တလေး၊ ဩဂုတ် ၁၈

လူငယ့်ခေတ်

သြဂုတ် ၁ ရက်နေ့ နံနက် ၆နာရီ ဝန်းကျင်၌ အသက် ၄နှစ်အရွယ်သားငယ် အပါအဝင် မိသားစု ၃ ဦးလုံး အိပ်ယာထဲ၌ ရှိနေသေးသည်။ အမျိုးသားဖြစ်သူက အိပ်ယာနိုးနိုးချင်း ဖေ့ဘုတ်မှ နိုင်ငံရေးသတင်းတချို့ကို ရှာဖတ်နေသည်။ သိပ်မကြာခင် နောက်ဖေးသွားအုံးမည်ဟုဆိုကာ ထထွက်သွားသည်။

နောက်ဖေးသွားရန် အိမ်သာရေပုံးထဲ ရေထည့်နေစဉ် “သူခိုး၊သူခိုး”ဟုအော်ဟစ်ကာ ယူနီဖောင်းဝတ်လူတစ်စုက အိမ်ထဲဝင်ရောက်လာပြီး အမျိုးသားဖြစ်သူကို ဝိုင်း၍ ရိုက်နှက်သည်။ အိမ်ပေါ်ခေါ်လာကာ သေနတ်ဒင်များဖြင့် ရိုက် နှက်သည်။ မေးခွန်းတရစပ်မေးသည်။ မသိဘူးဟု ငြင်းနေသောအမျိုးသားကို မျက်နှာတစ်ခုလုံး အင်္ကျီဖြင့်စည်းကာ အိမ်စီးကားဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ရုပ်ရှင်ဆန်ဆန်ပြဇာတ်တစ်ခုလို အချိန်ခဏသာ ကြာလိုက်သော်လည်း ထိုနေ့သည် မိသားစုအတွက် အကျည်းတန်စရာ ဖြစ်နေခဲ့သည်။အဆိုပါဖြစ်ရပ်သည် အခြားတော့ မဟုတ်ပါ။ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ဥယျာဉ်ကုန်းရပ်ကွက်တွင် မန္တလေးမြို့ပြပျောက်ကြားအဖွဲ့ Myanmar Return Ranger Force-MRRFခေါင်းဆောင် ဗိုလ်အောင်မြေကို စစ်အုပ်စုက ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

“နောက်ဆုံးအနေနဲ့ မျက်နှာလေးကြည့်ခွင့်ပေးပါဆိုတာတောင် မရခဲ့ပါဘူး။ အနားကပ်ရင် နင့်ကိုပါ ပစ်သတ်ပစ်မယ်လို့ သူတို့က ပြောတယ်”ဟု ဗိုလ်အောင်မြေ၏ဇနီးဖြစ်သူ မဖြူဖြူ( အမည်လွှဲ) က ပြောသည်။

ထိုနေ့က ဗိုလ်အောင်မြေအပါအဝင် ထိုနေရာအနီးအနား အရက်ဆိုင်မှ လူလတ်ပိုင်းတစ်ဦးနှင့် မီနီအိုးဝေ မောင်းနှင်သူတစ်ဦး အပါအဝင် စုစုပေါင်း ၃ ဦး ဖမ်းဆီးခံလိုက်ရသည်။

“ဘယ်သူပါသေးလဲလို့ သေနတ်တွေနဲ့ရိုက်ပြီး မေးတယ်။ သူက ဘယ်သူမှမပါဘူး။ ကျွန်တော်တစ်ယောက်တည်း လုပ်တယ်။ ကျွန်တော်လုပ်တာ။ မသိဘူး အဲဒါပဲဖြေသွားတာ။ နောက်ဆုံးမေးမရတော့ တစ်အိမ်လုံးလှန်ရှာပြီး ရိုက်နှက်သွားတာ”ဟု သူက ရှင်းပြသည်။

နေအိမ်လိုက်ပြသူတစ်ယောက်နှင့် အနီးအနား အရက်ဆိုင်မှ ၂ ဦးကို အရင်ဖမ်းလာကာ ဗိုလ်အောင်မြေတို့ခြံဝန်းကို ဝင်လာသည်။ အနီးအနားအိမ်များမှ လူငယ်များအားလုံးကို သေနတ်ဖြင့်ချိန်ကာ ဒူးထောက် ထိုင်ခိုင်းထားသည်။ ဗိုလ်အောင်မြေကို ဝိုင်းဖမ်းဆီးပြီး မေးမြန်း၍မရတော့မှသာ ကျန်သူများကိုပြန်လွှတ်ပေးလိုက်သည်ဟု သိရသည်။

“အတိအကျတော့ မသိရပေမယ့် အဖွဲ့ဝင်တစ်ယောက်က သစ္စာဖောက်တယ်ဆိုတာတော့ သိရတယ်။ တကယ်ဆိုရင် အဲဒီလို မလုပ်သင့်ပါဘူး။ ကိုယ်က ဒီအလုပ်လုပ်တယ်ဆိုကတည်းက ကိုယ့် အသက်သေမယ်ဆိုတာတော့ တွေးထားသင့်တယ် လေ”ဟု မဖြူဖြူက ထောက်ပြသည် ။

ဗိုလ်အောင်မြေ အဖမ်းခံရပြီးနောက် ခဏအတွင်း သတင်းပြန့်နှံ့ခဲ့သလို ရိုက်နှက်ဖမ်းဆီးစဉ်၌ မေးမြန်းသမျှကို ဗိုလ်အောင်မြေကသာ ခေါင်းခံခဲ့သောကြောင့်ဖြစ်မည်။ တခြားသူများလို အချိန်ကြာကြာ စစ်ဆေးခြင်းမရှိဘဲ ညနေပိုင်းမှာပင် မန္တလေးမြို့တနေရာတွင် ဗိုလ်အောင်မြေတို့ ၃ ဦး၏အလောင်းကို စွန့်ပစ်ထားကြောင်း စစ်အုပ်စုလော်ဘီများကတင်ခဲ့သည်။

အဆိုပါ ၃ ဦးသည် ဗိုလ်အောင်မြေနှင့်အတူ အဖမ်းခံရသည့် လူ ၂ ဦး၏အလောင်းဖြစ်ကြောင်း သူမက အတည် ပြုသည်။”အလောင်းက သူတို့ဆိုတာ မှန်ပါတယ်။ သူတို့ဖမ်းသွားတုန်းက ဝတိထားတဲ့ အင်္ကျီကိုပဲ ပြန်ဝတ်ပေးထားတာပါ။ ကျန်တဲ့ ၂ယောက်ကလည်း သူနဲ့အတူတူ အဖမ်းခံရတဲ့အစ်ကိုတွေပါ။ နေတာတောင် နီးနီးလေးနေကြတာ။ ပြီးတော့အမှန်တကယ်က သူတို့က မစ်ရှင်တွေမှာမပါခဲ့ပါဘူး။ ပစ္စည်းယူစရာ၊ ပို့စရာရှိရင် ကူညီကြတဲ့သူတွေပါ”ဟု ဆိုသည်။

ပဲခူးနယ်သားဗိုလ်အောင်မြေသည် အသက်၃၀ ဝန်းကျင်ရှိပြီး ဇနီးဖြစ်သူ မဖြူဖြူက ၂၅နှစ်ကျော်အရွယ်ဖြစ်သည်။ အိမ်ထောင်ကျပြီး ဇနီးဖြစ်သူ မဖြူဖြူ၏ ဇာတိ မိတ္ထီလာတွင် နေထိုင်ခဲ့ပြီးနောက် သာမာန်အရောင်းအဝယ်မျိုးစုံ လုပ်ကာ အတူ ဘဝကို ရုန်းကန်ခဲ့ကြသည်။

မဖြူဖြူ က ဈေးရောင်းပြီး အမျိုးသားဖြစ်သူ ဗိုလ်အောင်မြေက လက်ဖက်ရည်ဆိုင်၌ မုန့်ဆရာဆိုလည်းဖြစ်၊ ပန်းရံဆိုလည်းရ ကောင်းရောင်းကောင်းဝယ် အစုံလုပ်ခဲ့သည်။ အိမ်ထောင်သက် ၈နှစ်ပြည့်ခဲ့ပြီး ၄ နှစ်အရွယ် သားငယ်တစ်ဦးရှိသည်။

မိသားစုအတွက်ရုန်းကန်နေရချိန် အာဏာသိမ်းမှုဖြစ်လာသောအခါ ဗိုလ်အောင်မြေက မိတ္တီလာဆန္ဒပြသပိတ်များတွင် ပါဝင်ခဲ့သည်။ ထို့နောက် မိန်းမနှင့်သားကိုမပြောဘဲ ရုတ်တရက်ပျောက်သွားခဲ့ကြောင်း ဇနီးဖြစ်သူကပြောသည်။”ပြန်ပြီး အဆက်အသွယ်ရတဲ့အချိန်ကျမှ သူသင်တန်းတက်နေမှန်းသိတာ။ ကျွန်မလည်း ချက်ချင်းသူ့နောက်လိုက်သွား ခဲ့တာ”ဟု မဖြူဖြူက ရှင်းပြသည်။

ယောင်္ကျားဖြစ်သူကို ချစ်သည့်စိတ်ဖြင့်သာ ဗိုလ်အောင်မြေလုပ်သမျှကို မတားဘဲ နောက်မှ လိုက်ဖို့သာ ဆုံးဖြတ်ခဲ့သည်ဟု ဆက်ပြောသည်။သင်တန်းမှ ပြန်လာသောဗိုလ်အောင်မြေသည် မိတ္ထီလာနယ်တွင် အဆက်အသွယ်တချို့ဖြင့် UGလှုပ်ရှားမှုများကို ၂၀၂၁ အတွင်းက လှုပ်ရှားခဲ့သေးသည်။ စစ်တပ်နယ်မြေဖြစ်သောကြောင့် ၃ ကြိမ် ခန့်သာ လှုပ်ရှားနိုင်ခဲ့ပြီးနောက် မန္တလေးသို့ ရွေ့ပြောင်းခဲ့သည်။

“မန္တလေးရောက်တော့ အဆက်အသွယ်ပိုရလာတော့ ပိုပြီး လှုပ်ရှားဖြစ်တယ်။ ယုံကြည်ပြီး ပစ္စည်းပို့ပေးတဲ့သူတွေ လည်းရှိတော့ မစ်ရှင်တွေပိုလုပ်နိုင်တယ်။ အခု အတူဖမ်းခံရပြီး အတူတူအသတ်ခံလိုက်ရတဲ့ အစ်ကို ၂ ယောက် ကလည်း လက်နက်အသယ်အပို့ လုပ်ပေးရတဲ့သူတွေပဲ “ဟု မဖြူဖြူက ပြော သည်။

ဗိုလ်အောင်မြေတို့ ငှါးရမ်းနေထိုင်သည့်နေရာသည် အမှတ် ၄ ရဲစခန်းအနီးတွင် တည်ရှိပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ညီမတော်စပ်သူပိုင်ဆိုင်သည်၊ ထို့ပြင် အဆိုပါဥယျာဉ်ကုန်းရပ်ကွက်သည် စစ်အုပ်စုက မကြာခဏပိတ်ဆို့စစ်ဆေးကာ ဧည့်စာရင်းစစ်လေ့ရှိသည့် နေရာဖြစ်သည်။

ခြံဝန်းကျယ်တစ်ခုတွင် အိမ်ငှားထားရန် အဆောက်အဦငယ်များ ဆောက်လုပ်ထားပြီး အိမ်အဆောင်အလိုက် ငှါးရမ်း သည့် နေရာဖြစ်သည်။”ရန်သူနဲ့အနီးဆုံးနေရာက အန္တရာယ်အကင်းဆုံးဆိုပြီး ငှါးနေခဲ့ကြတာ”ဟု မဖြူဖြူက ပြောသည်။

အမှန်တကယ်လည်း ဗိုလ်အောင်မြေတို့မိသားစုနှင့် အဖွဲ့သားတချို့သည် စစ်အုပ်စု၏ ပိတ်ဆို့စစ်ဆေးမှုများမှ လွတ်ခဲ့သည်။တကြိမ်၌ ဗိုလ်အောင်မြေနှင့်အတူ အသတ်ခံခဲ့ရသူသည် လက်နက်သယ်ဆောင်လာစဉ် ဆိုင်ကယ်ကို စစ်အုပ်စုက တားဆီးသည်။ ရပ်ပေးပါကလည်း သေချာပေါက်အဖမ်းခံရတော့မည်။ ထွက်ပြေးပါကလည်း ပစ်သတ်နိုင်ခြေများ သဖြင့် အတော်အကျပ်ရိုက်ခဲ့သည်ဟု သိရသည်။

နောက်ဆုံးတွင် စွန့်စားကာ ရပ်မလိုလုပ်၍ မောင်းပြေးခဲ့သည်။ သိပ်မကြာ စစ်အုပ်စုအရပ်ဝတ်များလည်း နောက်ကလိုက်သည်။ ဆိုင်ကယ်များ ဗွက်ထဲကျွံပြီး နောက်ဆုံး လမ်းလျှောက်ပြေးကာ ၎င်းတို့လွတ်မြောက်ခဲ့သည်။အမျိုးသားဖြစ်သူအဖမ်းခံရပြီးနောက် မေးမြန်းရိုက်နှက်၍ ဗိုလ်အောင်မြေ ဆက်လက်ငြင်းနေပါက ဇနီးနှင့်သား ဖြစ်သူတို့ဖြင့် ခြိမ်းခြောက်မည်ကို စိုးရိမ်၍ မဖြူဖြူက လွတ်မြောက်နယ်မြေတစ်ခုကို သားနှင့်အတူ ထွက်ခဲ့သည် ။

ဖခင်ဖြစ်သူ၏သေဆုံးနေပုံကို တွေ့ရသည့်သားက “သားဖေဖေကို လူဆိုးတွေ ဖမ်းသွားတယ်။ သူတို့က သား ဖေဖေကို သတ်ပစ်လိုက်ကြပြီ “ဟုသာရေရွတ်နေသည်ဟု သိရသည်။ဗိုလ်အောင်မြေတော်လှန်ရေးစလုပ်ချိန်တွင် “သူဒီဟာကို စလုပ်ကတည်းက သူကသေရင်သေ၊ မသေရင် အဖမ်း ခံရမယ်။ ဘာဖြစ်ဖြစ် သူ့အတွက် လက်မထောင်ဂုဏ်ယူနေပေးပါ။ သားအတွက်အသက်ရှင်ပေးပါ”ဆိုသည့် စကားအတိုင်း ဆက်လက်ရပ်တည်နေခဲ့သည်ဟု မဖြူဖြူက ပြောသည်။

သို့သော် “ ဒါတွေကိုကျွန်မ လုံးဝမကျေနပ်ပါဘူး”ဟု သူမ ညည်းတွားသည်။

Lungekhit