ညအခ်ိန္ စစ္တပ္က တိုက္ေလယာဥ္ျဖင့္ ဗုံးက်ဲခ်
ရန္ကုန္၊ ဩဂုတ္ ၁၈
ကရင္ျပည္နယ္၊ ျမ၀တီၿမိဳ႕နယ္၊ တပ္မဟာ ၆ နယ္ေျမတြင္ ယေန႔ ည ၁၁ နာရီ ၃၈ မိနစ္အခ်ိန္တြင္ အၾကမ္းဖက္စစ္တပ္က တိုက္ေလယာဥ္ျဖင့္ ဗုံးက်ဲသြားေၾကာင္း ေဒသခံမ်ားႏွင့္ကင္း ေထာက္မ်ားထံမ် သိရွိရသည္။
“ေမွာ္ဘီက ေလယာဥ္တက္တယ္ဆိုတဲ့ လူမႈကြန္ရက္ စေတးတပ္ေတြ ျမင္ရၿပီး ၁၅ မိနစ္ေလာက္ပဲၾကာတယ္။ ဗုံးက်ဲသံၾကားရတယ္။ ေပါက္ကြဲသံ ေလးႀကိမ္ၾကားရတယ္။ အခုလည္း ေလယာဥ္ေတြ ထပ္လာေနတယ္ေျပာတယ္” ဟု ေဒသခံတစ္ဦးက ေျပာသည္။
PDF သတင္းရင္းျမစ္ခုကမူ ျမ၀တီၿမိဳ႕နယ္၊ ေလးေက့ေကာ္ဘက္၊ ၃ ထပ္ေကြ႕ သို႔ ဗုံးက်ဲခ်ျခင္းျဖစ္သည္ဟု ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္။
ယေန႔ နံနက္ပိုင္းမွစတင္ၿပီး ျမ၀တီ၊ သဃၤန္းညီေနာင္ႏွင့္ေကာ့ကရိတ္ဘက္တြင္ တိုက္ပြဲျဖစ္ပြားမႈမ်ား တစ္ေနကုန္ ျဖစ္ေပၚခဲ့ေၾကာင္း သိရွိရသည္။
ဓာတ္ပုံ- အၾကမ္းဖက္ စစ္ေကာင္စီတပ္၏ တိုက္ေလယာဥ္တခ်ိဳ႕။
ညအချိန် စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲချ
ရန်ကုန်၊ ဩဂုတ် ၁၈
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ တပ်မဟာ ၆ နယ်မြေတွင် ယနေ့ ည ၁၁ နာရီ ၃၈ မိနစ်အချိန်တွင် အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲသွားကြောင်း ဒေသခံများနှင့်ကင်း ထောက်များထံမျ သိရှိရသည်။
“မှော်ဘီက လေယာဉ်တက်တယ်ဆိုတဲ့ လူမှုကွန်ရက် စတေးတပ်တွေ မြင်ရပြီး ၁၅ မိနစ်လောက်ပဲကြာတယ်။ ဗုံးကျဲသံကြားရတယ်။ ပေါက်ကွဲသံ လေးကြိမ်ကြားရတယ်။ အခုလည်း လေယာဉ်တွေ ထပ်လာနေတယ်ပြောတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
PDF သတင်းရင်းမြစ်ခုကမူ မြဝတီမြို့နယ်၊ လေးကေ့ကော်ဘက်၊ ၃ ထပ်ကွေ့ သို့ ဗုံးကျဲချခြင်းဖြစ်သည်ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ နံနက်ပိုင်းမှစတင်ပြီး မြဝတီ၊ သင်္ဃန်းညီနောင်နှင့်ကော့ကရိတ်ဘက်တွင် တိုက်ပွဲဖြစ်ပွားမှုများ တစ်နေကုန် ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ- အကြမ်းဖက် စစ်ကောင်စီတပ်၏ တိုက်လေယာဉ်တချို့။