နာမည္ေက်ာ္ H&M တံဆိပ္ခ်ဳပ္လုပ္တဲ့ စက္႐ုံက စစ္ကိုင္း ၅/ နဲ႔ မေကြး ၈/ မွတ္ပုံတင္ကိုင္ေဆာင္သူအလုပ္သမား ၁၀၀ ေက်ာ္ကို မတရား ၿခိမ္းေျခာက္အလုပ္ျဖဳတ္
ရန္ကုန္ ၊ ဩဂုတ္ ၁၉
နာမည္ေက်ာ္ H&M တံဆိပ္ခ်ဳပ္လုပ္တဲ့တ႐ုတ္ႏိုင္ငံသားပိုင္ စက္႐ုံက ၅ မ်ဥ္းေစာင္း နဲ႔ ၈ မ်ဥ္းေစာင္း မွတ္ပုံတင္ ကိုင္ေဆာင္သူအလုပ္သမား ၁၀၀ ေက်ာ္ကို မတရား ၿခိမ္းေျခာက္အလုပ္ျဖဳတ္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံ အေထြေထြ အလုပ္သမား သမဂၢမ်ားအဖြဲ႕ ခ်ဳပ္ FGWN က သတင္းထုတ္ျပန္ပါတယ္။
မတရား အာဏာသိမ္းယူထားတဲ့ အၾကမ္းဖက္စစ္ေကာင္စီနဲ႔ ေတာ္လွန္ေရးတပ္ဖြဲ႕ ေတြအၾကား တိုက္ပြဲ ျပင္းထန္ေနတဲ့ ေဒသေတြ ျဖစ္တဲ့ စစ္ကိုင္း နဲ႔ မေကြး တိုင္း က လာေရာက္ အလုပ္လုပ္ကိုင္ ေနတဲ့ အလုပ္သမား ေတြ ကို ပစ္မွတ္ထား အလုပ္ထုတ္ပစ္ခဲ့တာ ျဖစ္တယ္လို႔ ဆိုပါတယ္။
ရန္ကုန္ လႈိင္သာယာ ေ႐ႊလင္ဗန္းစက္မႈဇုန္ မီးသတ္အဝိုင္း(ျမန္မာကိုင္ဒိုလမ္းၾကား)အနီးမွာရွိတဲ့ ZHEJIANG TONGLI CLOTHING (MYANMAR) CO.LTD အထည္ခ်ဳပ္စက္႐ုံဟာ နာမည္ေက်ာ္ အဝတ္ အထည္ အမွတ္တံဆိပ္ (H&M) ကို ခ်ဳပ္လုပ္ေနတဲ့ စက္႐ုံျဖစ္ၿပီး ဒီစက္႐ုံကေန ၅/နဲ႔ ၈/မွတ္ပုံတင္ ကိုင္ေဆာင္တဲ့ အလုပ္သမားေတြ ကို ၿခိမ္းေျခာက္ ထုတ္ပယ္ခဲ့တာျဖစ္ပါတယ္။
အဲ့ဒီစက္႐ုံကေန ဩတ္ဂုတ္လ ၁ရက္ေန႔ ကစၿပီး ဒီကေန႔ အထိ လုပ္ငန္းခြင္ထဲမွာ ၅ မ်ဥ္းေစာင္း နဲ႔ ၈ မ်ဥ္းေစာင္း မွတ္ပုံတင္ ကိုင္ေဆာင္တဲ့ အလုပ္သမားစာရင္းေကာက္ယူၿပီး အလုပ္သမား ၁၀၀ ေက်ာ္ကို အလုပ္ထုတ္လိုက္တယ္လို႔ FGWN ကဆိုပါတယ္။၅ မ်ဥ္းေစာင္း မွတ္ပုံတင္ကိုင္ေဆာင္ထားသူ စစ္ကိုင္းတိုင္းက လာေရာက္အလုပ္လုပ္ကိုင္ေနသူအမ်ိဳးသမီး အလုပ္သမား တစ္ဦးဟာ စက္႐ုံက တာဝန္ရွိသူေတြရဲ႕ ၿခိမ္းေျခာက္ေျပာဆို မႈနဲ႔ ႀကဳံေတြ႕ ခဲ့ရတာ ေၾကာင့္ အလုပ္ဆုံးရႈံး ခဲ့ေၾကာင္း FGWN ရဲ႕ ထုတ္ျပန္ခ်က္မွာထည့္သြင္းေဖာ္ျပထားပါတယ္။
“ကြၽန္မတို႔ကဘာေၾကာင့္ထုတ္တာလဲလို႔ေမးေတာ့ အထက္ကၫႊန္ၾကားလို႔ နင္တို႔ကိုထုတ္ရမယ္ကိုယ့္သေဘာနဲ႔ ကိုယ္ထြက္ၾက။ အဲလိုမွမထြက္ရင္ စစ္တပ္ကလာတဲ့အခါ နင္တို႔ကိုထည့္ေပးလိုက္မယ္လို႔ ေျပာပါတယ္။ အဲဒါေၾကာင့္ ကြၽန္မလည္း ၁ရက္ေန႔မွာ လစာထုတ္ၿပီး လုပ္ငန္းခြင္ကိုစြန႔္ခြာခဲ့ရပါတယ္”လို႔ သူမ က ေျပာပါတယ္။
အလုပ္ထုတ္ခံရတဲ့ အလုပ္သမားအားလုံးကိုနစ္နာေၾကးမေပးတဲ့အျပင္ အလုပ္ထုတ္စာလည္းထုတ္မေပး ဘူးလို႔ သိရွိရပါတယ္။လုပ္ငန္းခြင္အတြင္း က်န္ရွိေနတဲ့အလုပ္သမားေတြကိုလည္း ယခုလိုဒီလိုအလုပ္ထုတ္တာဟာ အထက္က ၫႊန္ၾကားခ်က္အရလို႔ သတင္းလႊင့္ၿပီး အလုပ္သမားေတြကိုလည္း အဲ့ဒီကိစၥရပ္မွာ ဝင္မပါဖို႔ ၿခိမ္းေျခာက္မႈေတြ ရွိေနတယ္လို႔သိရွိရပါတယ္။
အဲ့ဒီစက္႐ုံမွာ အလုပ္ လုပ္ကိုင္ေနတဲ့ အလုပ္သမား စုစုေပါင္း(၂၅၀၀)ေက်ာ္ရွိေနၿပီး စက္လိုင္း (၇၀)နဲ႔လည္ပတ္ေနတဲ့ စက္႐ုံတစ္႐ုံလည္းျဖစ္တယ္လို႔သိရွိရပါတယ္။
နာမည်ကျော် H&M တံဆိပ်ချုပ်လုပ်တဲ့ စက်ရုံက စစ်ကိုင်း ၅/ နဲ့ မကွေး ၈/ မှတ်ပုံတင်ကိုင်ဆောင်သူအလုပ်သမား ၁၀၀ ကျော်ကို မတရား ခြိမ်းခြောက်အလုပ်ဖြုတ်
ရန်ကုန် ၊ ဩဂုတ် ၁၉
နာမည်ကျော် H&M တံဆိပ်ချုပ်လုပ်တဲ့တရုတ်နိုင်ငံသားပိုင် စက်ရုံက ၅ မျဉ်းစောင်း နဲ့ ၈ မျဉ်းစောင်း မှတ်ပုံတင် ကိုင်ဆောင်သူအလုပ်သမား ၁၀၀ ကျော်ကို မတရား ခြိမ်းခြောက်အလုပ်ဖြုတ်ခဲ့ကြောင်း မြန်မာနိုင်ငံ အထွေထွေ အလုပ်သမား သမဂ္ဂများအဖွဲ့ ချုပ် FGWN က သတင်းထုတ်ပြန်ပါတယ်။
မတရား အာဏာသိမ်းယူထားတဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့ တွေအကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ဒေသတွေ ဖြစ်တဲ့ စစ်ကိုင်း နဲ့ မကွေး တိုင်း က လာရောက် အလုပ်လုပ်ကိုင် နေတဲ့ အလုပ်သမား တွေ ကို ပစ်မှတ်ထား အလုပ်ထုတ်ပစ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ရန်ကုန် လှိုင်သာယာ ရွှေလင်ဗန်းစက်မှုဇုန် မီးသတ်အဝိုင်း(မြန်မာကိုင်ဒိုလမ်းကြား)အနီးမှာရှိတဲ့ ZHEJIANG TONGLI CLOTHING (MYANMAR) CO.LTD အထည်ချုပ်စက်ရုံဟာ နာမည်ကျော် အဝတ် အထည် အမှတ်တံဆိပ် (H&M) ကို ချုပ်လုပ်နေတဲ့ စက်ရုံဖြစ်ပြီး ဒီစက်ရုံကနေ ၅/နဲ့ ၈/မှတ်ပုံတင် ကိုင်ဆောင်တဲ့ အလုပ်သမားတွေ ကို ခြိမ်းခြောက် ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။
အဲ့ဒီစက်ရုံကနေ ဩတ်ဂုတ်လ ၁ရက်နေ့ ကစပြီး ဒီကနေ့ အထိ လုပ်ငန်းခွင်ထဲမှာ ၅ မျဉ်းစောင်း နဲ့ ၈ မျဉ်းစောင်း မှတ်ပုံတင် ကိုင်ဆောင်တဲ့ အလုပ်သမားစာရင်းကောက်ယူပြီး အလုပ်သမား ၁၀၀ ကျော်ကို အလုပ်ထုတ်လိုက်တယ်လို့ FGWN ကဆိုပါတယ်။၅ မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်ထားသူ စစ်ကိုင်းတိုင်းက လာရောက်အလုပ်လုပ်ကိုင်နေသူအမျိုးသမီး အလုပ်သမား တစ်ဦးဟာ စက်ရုံက တာဝန်ရှိသူတွေရဲ့ ခြိမ်းခြောက်ပြောဆို မှုနဲ့ ကြုံတွေ့ ခဲ့ရတာ ကြောင့် အလုပ်ဆုံးရှုံး ခဲ့ကြောင်း FGWN ရဲ့ ထုတ်ပြန်ချက်မှာထည့်သွင်းဖော်ပြထားပါတယ်။
“ကျွန်မတို့ကဘာကြောင့်ထုတ်တာလဲလို့မေးတော့ အထက်ကညွှန်ကြားလို့ နင်တို့ကိုထုတ်ရမယ်ကိုယ့်သဘောနဲ့ ကိုယ်ထွက်ကြ။ အဲလိုမှမထွက်ရင် စစ်တပ်ကလာတဲ့အခါ နင်တို့ကိုထည့်ပေးလိုက်မယ်လို့ ပြောပါတယ်။ အဲဒါကြောင့် ကျွန်မလည်း ၁ရက်နေ့မှာ လစာထုတ်ပြီး လုပ်ငန်းခွင်ကိုစွန့်ခွာခဲ့ရပါတယ်”လို့ သူမ က ပြောပါတယ်။
အလုပ်ထုတ်ခံရတဲ့ အလုပ်သမားအားလုံးကိုနစ်နာကြေးမပေးတဲ့အပြင် အလုပ်ထုတ်စာလည်းထုတ်မပေး ဘူးလို့ သိရှိရပါတယ်။လုပ်ငန်းခွင်အတွင်း ကျန်ရှိနေတဲ့အလုပ်သမားတွေကိုလည်း ယခုလိုဒီလိုအလုပ်ထုတ်တာဟာ အထက်က ညွှန်ကြားချက်အရလို့ သတင်းလွှင့်ပြီး အလုပ်သမားတွေကိုလည်း အဲ့ဒီကိစ္စရပ်မှာ ဝင်မပါဖို့ ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့သိရှိရပါတယ်။
အဲ့ဒီစက်ရုံမှာ အလုပ် လုပ်ကိုင်နေတဲ့ အလုပ်သမား စုစုပေါင်း(၂၅၀၀)ကျော်ရှိနေပြီး စက်လိုင်း (၇၀)နဲ့လည်ပတ်နေတဲ့ စက်ရုံတစ်ရုံလည်းဖြစ်တယ်လို့သိရှိရပါတယ်။