Local News

“ငါ့ဗိုလ္မႉး ေခၚလိုက္ရမလား” ဟု စစ္တပ္ျဖင့္ ျပည္သူကို

“ငါ့ဗိုလ္မႉး ေခၚလိုက္ရမလား” ဟု စစ္တပ္ျဖင့္ ျပည္သူကို ၿခိမ္းေျခာက္သူ စစ္တပ္ အမာခံ ေထာက္ခံသူ ဝင္းေဇာ္ ပစ္ခတ္ခံရၿပီး ေသဆုံး

ရန္ကုန္၊ ဩဂုတ္ ၁၉

ရန္ကုန္တိုင္း၊ ေ႐ႊျပည္သာ ၁၅ ရပ္ကြက္တြင္ “ငါ့ဗိုလ္မႉး ေခၚလိုက္ရမလား” ဟု စစ္တပ္ျဖင့္ ျပည္သူကို ၿခိမ္းေျခာက္သူ စစ္တပ္အမာခံႏွင့္ သတင္းေပး ဝင္းေဇာ္ ပစ္ခတ္ခံရၿပီး ေသဆုံးသြားေၾကာင္း ေဒသခံမ်ားထံမွ သိရွိရသည္။

ဩဂုတ္လ ၁၉ ရက္ေန႔ နံနက္ ၇ နာရီ ေက်ာ္ခန႔္အခ်ိန္ ေ႐ႊျပည္သာၿမိဳ႕နယ္ ေလွာ္ကား နီလာေဈးအတြင္း စစ္တပ္သတင္းေပး ဝင္းေဇာ္ ပစ္ခတ္ခံရျခင္းျဖစ္ၿပီး ေသဆုံးသြားျခင္းျဖစ္ေၾကာင္း၊ အေလာင္းကို သယ္ယူသြားၿပီး စစ္သားမ်ား ေရာက္ရွိလာေၾကာင္း ေ႐ႊျပည္သာ သတင္းရင္းျမစ္မ်ားက ေဖာ္ျပသည္။

ေသဆုံးသူ ဝင္းေဇာ္သည္ “ငါ့ဗိုလ္မႈးေခၚလိုက္ရမလား” ဟု ျပည္သူကို စစ္တပ္ျဖင့္ ၿခိမ္းေျခာက္ေလ့ရွိသည့္အျပင္ ဝင္းေဇာ္က လဝက႐ုံး ႐ုံးပိုင္းဆိုင္ရာေတြကို ကူညီလုပ္ေဆာင္သူျဖစ္ေၾကာင္း၊

စစ္တပ္ႏွင့္ေပါင္းၿပီး ရပ္ကြက္ ဧည့္စာရင္းစစ္ျခင္း၊ ႏိုင္ငံေရးတက္ႂကြလႈပ္ရွားသူ လူငယ္မ်ား၏ သတင္းစုေဆာင္း၍ စစ္တပ္ကို သတင္းေပးျခင္း၊ ဖမ္းဆီးျခင္းမ်ားတြင္ ပါဝင္သူျဖစ္ေၾကာင္း ေဒသခံမ်ားထံမွ သိရွိရသည္။

“ေ႐ြျပည္သာေလွာ္ကားေစ်း ထဲမွာ ဒလန္ ဝင္းေဇာ္ပစ္ခတ္ခံရၿပီး ေသပါတယ္။ ​၃ ခ်က္ပစ္သြားတယ္။ ပြဲခ်င္းၿပီးပဲ။ ၇ နာရီေလာက္က။ သူက ဒလန္လုပ္တယ္။ သူ႔မိန္းမကထမင္းဟင္းေရာင္းတယ္” ဟု ေ႐ႊျပည္သာ ျပည္သူတစ္ဦးက ေျပာ သည္။

ဓာတ္ပုံ- “ငါ့ဗိုလ္မႉး ေခၚလိုက္ရမလား” ဟု စစ္တပ္ျဖင့္ ျပည္သူကို ၿခိမ္း ေျခာက္ သူ စစ္တပ္အမာခံ ႏွင့္ သတင္းေပး ဝင္းေဇာ္ေစ်းအတြင္း ပစ္ခတ္ခံရၿပီး ေသဆုံးေနစဥ္

“ငါ့ဗိုလ်မှူး ခေါ်လိုက်ရမလား” ဟု စစ်တပ်ဖြင့် ပြည်သူကို ခြိမ်းခြောက်သူ စစ်တပ် အမာခံ ထောက်ခံသူ ဝင်းဇော် ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဩဂုတ် ၁၉

ရန်ကုန်တိုင်း၊ ရွှေပြည်သာ ၁၅ ရပ်ကွက်တွင် “ငါ့ဗိုလ်မှူး ခေါ်လိုက်ရမလား” ဟု စစ်တပ်ဖြင့် ပြည်သူကို ခြိမ်းခြောက်သူ စစ်တပ်အမာခံနှင့် သတင်းပေး ဝင်းဇော် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဩဂုတ်လ ၁၉ ရက်နေ့ နံနက် ၇ နာရီ ကျော်ခန့်အချိန် ရွှေပြည်သာမြို့နယ် လှော်ကား နီလာဈေးအတွင်း စစ်တပ်သတင်းပေး ဝင်းဇော် ပစ်ခတ်ခံရခြင်းဖြစ်ပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း၊ အလောင်းကို သယ်ယူသွားပြီး စစ်သားများ ရောက်ရှိလာကြောင်း ရွှေပြည်သာ သတင်းရင်းမြစ်များက ဖော်ပြသည်။

သေဆုံးသူ ဝင်းဇော်သည် “ငါ့ဗိုလ်မှုးခေါ်လိုက်ရမလား” ဟု ပြည်သူကို စစ်တပ်ဖြင့် ခြိမ်းခြောက်လေ့ရှိသည့်အပြင် ဝင်းဇော်က လဝကရုံး ရုံးပိုင်းဆိုင်ရာတွေကို ကူညီလုပ်ဆောင်သူဖြစ်ကြောင်း၊

စစ်တပ်နှင့်ပေါင်းပြီး ရပ်ကွက် ဧည့်စာရင်းစစ်ခြင်း၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လူငယ်များ၏ သတင်းစုဆောင်း၍ စစ်တပ်ကို သတင်းပေးခြင်း၊ ဖမ်းဆီးခြင်းများတွင် ပါဝင်သူဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

“ရွေပြည်သာလှော်ကားဈေး ထဲမှာ ဒလန် ဝင်းဇော်ပစ်ခတ်ခံရပြီး သေပါတယ်။ ၃ ချက်ပစ်သွားတယ်။ ပွဲချင်းပြီးပဲ။ ၇ နာရီလောက်က။ သူက ဒလန်လုပ်တယ်။ သူ့မိန်းမကထမင်းဟင်းရောင်းတယ်” ဟု ရွှေပြည်သာ ပြည်သူတစ်ဦးက ပြော သည်။

ဓာတ်ပုံ- “ငါ့ဗိုလ်မှူး ခေါ်လိုက်ရမလား” ဟု စစ်တပ်ဖြင့် ပြည်သူကို ခြိမ်း ခြောက် သူ စစ်တပ်အမာခံ နှင့် သတင်းပေး ဝင်းဇော်ဈေးအတွင်း ပစ်ခတ်ခံရပြီး သေဆုံးနေစဉ်