Local News

ျမ၀တီ-ေဝၚေလကားလမ္းတြင္

ျမ၀တီ-ေဝၚေလကားလမ္းတြင္ တိုက္ပြဲမ်ား ဆက္တိုက္ျဖစ္ၿပီး စစ္တပ္ဘက္မွ ၆ ဦးေသဆုံးၿပီး ၂ ဦး အရွင္ဖမ္းမိ၊ လက္နက္မ်ားလည္း သိမ္းဆည္းရမိ

ရန္ကုန္၊ ဩဂုတ္ ၁၉

ကရင္ျပည္နယ္၊ ျမ၀တီၿမိဳ႕နယ္၊ ျမ၀တီ-ေဝၚေလကားလမ္းတြင္ တိုက္ပြဲမ်ား ဆက္ တိုက္ျဖစ္ၿပီး စစ္တပ္ဘက္မွ ၆ ဦးေသဆုံးၿပီး ၂ ဦး အရွင္ဖမ္းမိ၊ လက္နက္မ်ားလည္း သိမ္းဆည္းရမိေၾကာင္း ေကာ္ဘရာ စစ္ေၾကာင္းက သတင္းထုတ္ ျပန္သည္။

အၾကမ္းဖက္ စစ္ေကာင္စီ၏ တပ္မ (၄၄) လက္ေအာက္ခံ ခမရ (၁၀၂)သည္ ျမဝတီ-ေဝၚေလ ကားလမ္းမ ေပၚရွိ ဘုရားကုန္းသို႔ ယေန႔ ဩဂုတ္ ၁၉ ရက္ေန႔ နံနက္ ၃ နာရီ ၃၅ မိနစ္ အခ်ိန္ က်ဴးေက်ာ္သိမ္းပိုက္ရန္ ႀကိဳးစားခဲ့သျဖင့္ တိုက္ ပြဲျဖစ္ပြားခဲ့ေၾကာင္း၊ စစ္ေျမျပင္ သတင္းအတည္ျပဳခ်က္အရ ၎တိုက္ပြဲ အတြင္း အၾကမ္းဖက္စစ္ေကာင္စီ တပ္မွ (၆) ဦး ေသဆုံးၿပီး၊ (၂၁) ဦး အျပင္း အထန္ ထိခိုက္ ဒဏ္ရာ ရရွိခဲ့ေၾကာင္း သိရွိရသည္။

ယင္း တိုက္ပြဲတြင္ အၾကမ္းဖက္ စစ္ေကာင္စီ တပ္သား စစ္သုံ႔ပန္း ၂ ဦးကို အရွင္ ဖမ္းဆီး ရမိၿပီး MA (1)ေသနတ္ တစ္လက္၊ MA (2) ေသနတ္ (၁)လက္၊ က်ည္ကာ စစ္ခေမာက္ (၂) လုံး၊ RPG ဗုံးသီး (၂)လုံး၊ RPG ပို႔ယမ္း (၂)ေတာင့္၊ က်ည္ကာ အီေကြ႕မန႔္ (၂) ခု၊ ၅.၅၆ က်ည္ (၁၀၀၀)ေတာင့္၊ က်ည္ေဘာက္ (၇)ခု၊

၄၀ မမ ဗုံးသီး (၆) လုံး၊ ၆၀ မမ ဗုံးသီး (၄)လုံး အား သိမ္းဆည္းရမိခဲ့ေၾကာင္း၊ အရွင္ ဖမ္းဆီး ရမိေသာ စစ္ေကာင္စီ တပ္သား ၂ ဦးမွာ ဒုတပ္ၾကပ္ ထင္ေက်ာ္ ၊ႏွင့္ တပ္သားမင္းသူ၊ တို႔ျဖစ္ေၾကာင္း၊ ဂ်ီနီဗာကြန္ဗားရွင္းႏွင့္ ျပည္သူ႔ကာ ကြယ္ေရးတပ္မေတာ္မွ ခ်မွတ္ထားေသာ စစ္သုံ႔ပန္း စည္းမ်ဥ္း ဥပေဒမ်ားႏွင့္အညီ ေကာင္းမြန္စြာ ထိန္းသိမ္းေစာင့္ေရွာက္ထားေၾကာင္း သိရွိရသည္။

ယေန႔ နံနက္ ၈ နာရီ အခ်ိန္ခန႔္တြင္ အၾကမ္းဖက္ စစ္ေကာင္စီက တိုက္ခိုက္ေရး တပ္ရင္းမ်ား၊ လက္႐ုံးတပ္ဖြဲ႕မ်ားျဖင့္ အင္အားတိုးခ်ဲ႕ကာ ထပ္မံစုဖြဲ႕ ျပင္ဆင္ၿပီး စစ္မ်က္ႏွာ ေလးခု ထက္ မနည္း ဖြင့္ကာ လက္နက္ႀကီး၊ လက္နက္ငယ္မ်ား ပုံေအာ ပစ္ခတ္ၿပီး က်ဴးေက်ာ္ ထိုးစစ္ ျပန္လည္ စတင္ခဲ့ေၾကာင္း၊

တစ္ေန႔တာလုံး တိုက္ပြဲ ျပင္းထန္စြာ ျဖစ္ပြားခဲ့ၿပီး ယခု သတင္းထုတ္ျပန္သည့္ ညေန (၇) နာရီ အခ်ိန္အထိ တိုက္ပြဲ ျဖစ္ပြားေနဆဲ ျဖစ္ေၾကာင္း၊ အၾကမ္းဖက္ စစ္ေကာင္စီမွ တိုက္ေလယာဥ္မ်ား၊ ၁၂၂ မမ ေဟာက္ဝင္ဇာ အေျမႇာက္မ်ား၊ ၆၀ မမ၊ ၈၁ မမ အေျမႇာက္မ်ား အျပင္ အတြဲလိုက္စနစ္သုံး ဒုံး MLRS မ်ား အသုံးျပဳ၍ သည္းထန္စြာ ပစ္ခတ္ခဲ့ေၾကာင္း သိရွိရသည္။

ေလေၾကာင္းတိုက္ခိုက္မႈမ်ားအေနျဖင့္ အၾကမ္းဖက္ စစ္ေကာင္စီ၏ ေမွာ္ဘီ ေလတပ္စခန္းမွ Yak – 130 အမ်ိဳးအစား ေလယာဥ္ျဖင့္ ျမဝတီ – ေဝၚေလ ကားလမ္းမအနီး သို႔ ယမန္ေန႔ည (ဩဂုတ္ ၁၈) ည (၁၁)နာရီ (၅၈) မိနစ္ ခန႔္တြင္ ဗုံး (၃) လုံးျဖင့္ ႀကဲခ် တိုက္ခိုက္ခဲ့ေၾကာင္း၊ ယင္းေလေၾကာင္းတိုက္ခိုက္မႈတြင္ ေကာ္ဘရာစစ္သည္ေတာ္မ်ား တစ္စုံတစ္ရာ ထိခိုက္ဒဏ္‌ရာ မရွိခဲ့ေၾကာင္း၊

ထို႔အတူ ေမွာ္ဘီ ေလတပ္အေျခစိုက္စခန္းမွ Yak (130) ေလယာဥ္ ႏွစ္စီးျဖင့္ ယေန႔ (ဩဂုတ္ ၁၉) နံနက္ (၁၀) နာရီခန႔္တြင္ လည္းေကာင္း၊ ယေန႔ ေန႔လည္ (၃)နာရီခန႔္တြင္ လည္းေကာင္း ရင္ဆိုင္ တိုက္ပြဲျဖစ္ပြားေနေသာ ေနရာမ်ားအား ဗုံးႀကဲ တိုက္ခိုက္ခဲ့ေၾကာင္း သိရွိရသည္။

မြဝတီ-ဝေါ်လေကားလမ်းတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပြီး စစ်တပ်ဘက်မှ ၆ ဦးသေဆုံးပြီး ၂ ဦး အရှင်ဖမ်းမိ၊ လက်နက်များလည်း သိမ်းဆည်းရမိ

ရန်ကုန်၊ ဩဂုတ် ၁၉

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မြဝတီ-ဝေါ်လေကားလမ်းတွင် တိုက်ပွဲများ ဆက် တိုက်ဖြစ်ပြီး စစ်တပ်ဘက်မှ ၆ ဦးသေဆုံးပြီး ၂ ဦး အရှင်ဖမ်းမိ၊ လက်နက်များလည်း သိမ်းဆည်းရမိကြောင်း ကော်ဘရာ စစ်ကြောင်းက သတင်းထုတ် ပြန်သည်။

အကြမ်းဖက် စစ်ကောင်စီ၏ တပ်မ (၄၄) လက်အောက်ခံ ခမရ (၁၀၂)သည် မြဝတီ-ဝေါ်လေ ကားလမ်းမ ပေါ်ရှိ ဘုရားကုန်းသို့ ယနေ့ ဩဂုတ် ၁၉ ရက်နေ့ နံနက် ၃ နာရီ ၃၅ မိနစ် အချိန် ကျူးကျော်သိမ်းပိုက်ရန် ကြိုးစားခဲ့သဖြင့် တိုက် ပွဲဖြစ်ပွားခဲ့ကြောင်း၊ စစ်မြေပြင် သတင်းအတည်ပြုချက်အရ ၎င်းတိုက်ပွဲ အတွင်း အကြမ်းဖက်စစ်ကောင်စီ တပ်မှ (၆) ဦး သေဆုံးပြီး၊ (၂၁) ဦး အပြင်း အထန် ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

ယင်း တိုက်ပွဲတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သား စစ်သုံ့ပန်း ၂ ဦးကို အရှင် ဖမ်းဆီး ရမိပြီး MA (1)သေနတ် တစ်လက်၊ MA (2) သေနတ် (၁)လက်၊ ကျည်ကာ စစ်ခမောက် (၂) လုံး၊ RPG ဗုံးသီး (၂)လုံး၊ RPG ပို့ယမ်း (၂)တောင့်၊ ကျည်ကာ အီကွေ့မန့် (၂) ခု၊ ၅.၅၆ ကျည် (၁၀၀၀)တောင့်၊ ကျည်ဘောက် (၇)ခု၊

၄၀ မမ ဗုံးသီး (၆) လုံး၊ ၆၀ မမ ဗုံးသီး (၄)လုံး အား သိမ်းဆည်းရမိခဲ့ကြောင်း၊ အရှင် ဖမ်းဆီး ရမိသော စစ်ကောင်စီ တပ်သား ၂ ဦးမှာ ဒုတပ်ကြပ် ထင်ကျော် ၊နှင့် တပ်သားမင်းသူ၊ တို့ဖြစ်ကြောင်း၊ ဂျီနီဗာကွန်ဗားရှင်းနှင့် ပြည်သူ့ကာ ကွယ်ရေးတပ်မတော်မှ ချမှတ်ထားသော စစ်သုံ့ပန်း စည်းမျဉ်း ဥပဒေများနှင့်အညီ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရှိရသည်။

ယနေ့ နံနက် ၈ နာရီ အချိန်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီက တိုက်ခိုက်ရေး တပ်ရင်းများ၊ လက်ရုံးတပ်ဖွဲ့များဖြင့် အင်အားတိုးချဲ့ကာ ထပ်မံစုဖွဲ့ ပြင်ဆင်ပြီး စစ်မျက်နှာ လေးခု ထက် မနည်း ဖွင့်ကာ လက်နက်ကြီး၊ လက်နက်ငယ်များ ပုံအော ပစ်ခတ်ပြီး ကျူးကျော် ထိုးစစ် ပြန်လည် စတင်ခဲ့ကြောင်း၊

တစ်နေ့တာလုံး တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ယခု သတင်းထုတ်ပြန်သည့် ညနေ (၇) နာရီ အချိန်အထိ တိုက်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီမှ တိုက်လေယာဉ်များ၊ ၁၂၂ မမ ဟောက်ဝင်ဇာ အမြှောက်များ၊ ၆၀ မမ၊ ၈၁ မမ အမြှောက်များ အပြင် အတွဲလိုက်စနစ်သုံး ဒုံး MLRS များ အသုံးပြု၍ သည်းထန်စွာ ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

လေကြောင်းတိုက်ခိုက်မှုများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီ၏ မှော်ဘီ လေတပ်စခန်းမှ Yak – 130 အမျိုးအစား လေယာဉ်ဖြင့် မြဝတီ – ဝေါ်လေ ကားလမ်းမအနီး သို့ ယမန်နေ့ည (ဩဂုတ် ၁၈) ည (၁၁)နာရီ (၅၈) မိနစ် ခန့်တွင် ဗုံး (၃) လုံးဖြင့် ကြဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းလေကြောင်းတိုက်ခိုက်မှုတွင် ကော်ဘရာစစ်သည်တော်များ တစ်စုံတစ်ရာ ထိခိုက်ဒဏ်‌ရာ မရှိခဲ့ကြောင်း၊

ထို့အတူ မှော်ဘီ လေတပ်အခြေစိုက်စခန်းမှ Yak (130) လေယာဉ် နှစ်စီးဖြင့် ယနေ့ (ဩဂုတ် ၁၉) နံနက် (၁၀) နာရီခန့်တွင် လည်းကောင်း၊ ယနေ့ နေ့လည် (၃)နာရီခန့်တွင် လည်းကောင်း ရင်ဆိုင် တိုက်ပွဲဖြစ်ပွားနေသော နေရာများအား ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။