Local News

Jammer အားကုိးျပီး မုိ-င္းရွ-င္းေနၾကတဲ႔ စစ္တပ္အတြက္ကေတာ႔ ငရဲပဲေလ

မုံ႐ြာတြင္ Jammer ကားမ်ားျဖင့္ မိုင္းလာေရာက္ရွင္းလင္းသည့္ စစ္ေကာင္စီတပ္ မိုင္းဆြဲ တိုက္ခိုက္ခံရၿပီး ၂၂ ဦးေသ

စိုင္းခန႔္

မဇၩိမ။ ။စစ္ကိုင္းတိုင္း၊ မုံ႐ြာၿမိဳ႕နယ္တြင္ ကာကြယ္ေရးတပ္ဖြဲ႕မ်ားေထာင္ထားသည့္ မိုင္းမ်ားကို လာေရာက္ရွင္းလင္းသည့္ စစ္ေကာင္စီတပ္ တိုက္ခိုက္ခံရသည့္ ျဖစ္စဥ္ သုံးခုတြင္ ၂၂ ဦး ေသဆုံးခဲ့ေၾကာင္း South Monywa PDF ထံက သိရသည္။

စစ္ေကာင္စီတပ္သည္ ယမန္ေန႔ ၾသဂုတ္လ ၁၈ ရက္ေန႔က မုံ႐ြာၿမိဳ႕နယ္၊ မုံ႐ြာ – မႏၲေလး လမ္းမႀကီးေပၚရွိ မုံ႐ြာ – ေခ်ာင္းဦးလမ္းပိုင္းတစ္ေနရာတြင္ တယ္လီဖုန္း လႈိင္းေႏွာက္စက္ တပ္ဆင္ထားသည့္ (Jammer) ကားမ်ားျဖင့္ မိုင္းရွင္းလင္းေရး ျပဳလုပ္ခဲ့ၾကသည္။ “ မုံ႐ြာ ေခ်ာင္းဦးလမ္းေပၚမွာ မိုင္းေတြေထာင္ထားတာကို ေတာပုေက်း႐ြာက ပ်ဴေတြက အရင္ရက္ေတြမွာ ေတြ႕သြားၾကတယ္။

သူတို႔က မေဖာ္ရဲေတာ့ စစ္ေခြး (စစ္ေကာင္စီ တပ္ဖြဲ႕ဝင္) ေတြကိုထိုးေကြၽးတာ။ အဲ့ဒီမွာ ဒီေကာင္ေတြက မုံ႐ြာ နမခ ကေန Jammer ကားနဲ႔ ထြက္လာၿပီး မအူဂိတ္ကေန ေျခလ်င္ေတြေရာ ကားေတြနဲ႔ ပါ မိုင္းရွင္းလင္းေရး လာလုပ္ၾကတာ ” ဟု South Monywa PDF မွ တာဝန္ရွိသူ Daung Karyan က မဇၩိမကို ေျပာသည္။

မုံ႐ြာ- ေခ်ာင္းဦး လမ္းပိုင္းေပၚတြင္ ျဖတ္သန္းသြားလာသည့္ စစ္ေကာင္စီတပ္မ်ားကို တိုက္ခိုက္ရန္ အတြက္ ေနရာတစ္ေနရာလွ်င္ မိုင္းသုံးလုံးစီျဖင့္ ေနရာသုံးေနရာတြင္ ကာကြယ္ေရးတပ္ဖြဲ႕က စုစုေပါင္း မိုင္းကိုးလုံး တပ္ဆင္ထားခဲ့ျခင္း ျဖစ္သည္။

အဆိုပါ မိုင္းမ်ားကို စစ္ေကာင္စီတပ္က ယမန္ေန႔ ၾသဂုတ္လ ၁၈ ရက္ေန႔ နံနက္ ၇ နာရီ၃၀ မိနစ္ခန႔္မွ စတင္၍ တယ္လီဖုန္း လႈိင္းေႏွာက္စက္ တပ္ဆင္ထားသည့္ (Jammer)ကား အကူအညီျဖင့္ လာေရာက္ရွင္းလင္းမႈမ်ား ျပဳလုပ္ခဲ့ၾကျခင္း ျဖစ္သည္။

စစ္ေကာင္စီတပ္သည္ ကာကြယ္ေရး တပ္ဖြဲ႕တပ္ဆင္ထားသည့္ ေနရာသုံးေနရာမွ မိုင္းမ်ားအားလုံးကို ျဖဳတ္ယူႏိုင္ခဲ့ေသာ္လည္း သိမ္းဆည္း ေနသည့္အခ်ိန္မွ ေဖာက္ခြဲလိုက္ျခင္းေၾကာင့္ စစ္ေကာင္စီတပ္သား အမ်ားအျပား ေသဆုံးခဲ့ျခင္း ျဖစ္ေၾကာင္း ကာကြယ္ေရးတပ္ဖြဲ႕ ထံကသိရသည္။

“ ေနရာသုံးေနရာမွာ ေထာင္ထားတဲ့ မိုင္းေတြကို ဒီေကာင္ေတြ ေဖာ္လိုက္ႏိုင္တယ္။ ဒါေပမဲ့ ကြၽန္ေတာ္တို႔ရဲ႕ မိုင္းေတြက အထူးျပဳလုပ္ထားတာျဖစ္လို႔ Jammer လြတ္တယ္။ ပထမပြိဳင့္မွာ ရွင္းလင္းၿပီးေတာ့ လက္ထဲသယ္ၿပီး ကားေပၚ သြားတင္တဲ့အခ်ိန္ လမ္းခုလတ္မွာ ထခြဲလိုက္တာ ငါးေကာင္(စစ္ေကာင္စီတပ္သား) ေသတယ္။ ဒုတိယပြိဳင့္မွာ သူတို႔ ဂ်န္ပါကား ေပၚေရာက္မွ ခြဲတာမွာ ကားပါ ပ်က္စီးခဲ့တယ္။ အဲ့ဒီမွာ ၁၂ ေကာင္ (စစ္ေကာင္စီတပ္သား) ေသတယ္။ တတိယပြိဳင့္မွာ ခြဲတဲ့အခ်ိန္ ငါးေကာင္ (စစ္ေကာင္စီတပ္သား) ေသတယ္” ဟု PDF South Monywa တာဝန္ရွိသူ Daung Karyan က ေျပာသည္။

မိုင္းခြဲတိုက္ခိုက္မႈ သုံးႀကိမ္အတြင္း စစ္ေကာင္စီတပ္ဖြဲ႕ဝင္ စုစုေပါင္း ၂၂ ဦး ပြဲခ်င္းၿပီး ေသဆုံး၍ အမ်ားအျပား ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ကာကြယ္ေရးတပ္ဖြဲ႕က ဆိုသည္။

စစ္ေကာင္စီတပ္သည့္ မိုင္းဆြဲတိုက္ခိုက္ခံရမႈေၾကာင့္ ေသဆုံးခဲ့သည့္ ၎တို႔ တပ္သားမ်ား၏ အေလာင္းမ်ားကို လူနာတင္ယာဥ္မ်ားျဖင့္ ျပန္လည္တင္ေဆာင္ကာ က်န္ရွိခဲ့သည့္ ေသြးကြက္မ်ား ကိုလည္း သဲမ်ားျဖင့္ ဖုံးအုပ္သြား ခဲ့ေၾကာင္း သိရသည္။

“ ကြၽန္ေတာ္တို႔ ေထာင္ခဲ့တဲ့ မိုင္းေတြက Jammer လြတ္ေအာင္ ထုတ္လုပ္ထားတာ။ မိုင္းျပဳလုပ္ပုံ အေျခအေနကေတာ့ လုံၿခဳံေရးအရမို႔ ေျပာျပလို႔ မျဖစ္ႏိုင္ေသးပါဘူး။ နည္းပညာအသစ္ေတြကို ေလ့လာရင္း တစ္ဆင့္ၿပီး တစ္ဆင့္ တိုးတက္ေအာင္ စမ္းသပ္ၿပီး အထူးျပဳလုပ္ထားတဲ့ မိုင္းေတြ ျဖစ္တာေၾကာင့္ Jammer ကားေတြကိုလည္း ဂ႐ုစိုက္စရာ မလိုပါဘူးဗ်” ဟု Daung Karyan က ဆက္ေျပာသည္။

ေနရာသုံးေနရာတြင္ တိုက္ခိုက္ခံရၿပီးေနာက္ အက်အဆုံးမ်ားခဲ့သည့္အတြက္ စစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ား အင္အားအမ်ားအျပားျဖင့္ ထပ္မံေရာက္ရွိလာကာ အဆိုပါ လမ္းပိုင္းကို ျဖတ္သန္းခြင့္ပိတ္ပင္ထားခဲ့ၿပီး အနီးပတ္ဝန္းက်င္ ပတ္ပတ္လည္ကို ရမ္းသန္းပစ္ခတ္မႈမ်ားျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

ကာကြယ္ေရးတပ္ဖြဲ႕၏ မိုင္းခြဲတိုက္ခိုက္မႈေၾကာင့္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား ထိခိုက္ေသဆုံးခဲ့သည့္ အေျခအေနႏွင့္ ပတ္သက္၍ သီးျခားအတည္ျပဳႏိုင္ရန္ အတြက္ မဇၩိမအေနျဖင့္ ဆက္လက္စုံစမ္းလ်က္ရွိသည္။

အဆိုပါ တိုက္ခိုက္မႈမ်ားကို People’s Defence Force South Monywa ႏွင့္အတူ Monywa Ranger Group / Truth Army၊ Black Hunter People’s Task Force ႏွင့္ Anyar Defence Force တို႔ ပူးေပါင္းလုပ္ေဆာင္ခဲ့ၾကျခင္း ျဖစ္ေၾကာင္း သတင္းထုတ္ျပန္ထားသည္။

စစ္ေကာင္စီတပ္က စစ္ကိုင္းတိုင္းအတြင္းရွိ အဓိက လမ္းမႀကီးမ်ားေပၚတြင္ ျဖတ္သန္းသြားလာ၍ တပ္အေျပာင္းအေ႐ြ႕ႏွင့္ ရိကၡာသယ္ယူပို႔ေဆာင္ျခင္းမ်ားကို ျပဳလုပ္ေနၿပီး ကာကြယ္ေရးတပ္ဖြဲ႕မ်ားကလည္း မိုင္းဆြဲတိုက္ခိုက္မႈမ်ားကို မၾကာခဏ ျပဳလုပ္လ်က္ရွိသည္။

ထို႔သို႔ တိုက္ခိုက္မႈမ်ား ျပဳလုပ္ေနသည့္အတြက္ ျပည္သူမ်ားအေနျဖင့္ စစ္ေကာင္စီ တပ္ဖြဲ႕ႏွင့္ ေဝးရာတြင္ေနထိုင္ၾကရန္ႏွင့္ သက္ဆိုင္ရာ နယ္ေျမအလိုက္ ေတာ္လွန္ေရး တပ္ဖြဲ႕မ်ား၏ ထုတ္ျပန္ေၾကညာခ်က္ကို လိုက္နာေပးၾကရန္ ကာကြယ္ေရး တပ္ဖြဲ႕မ်ားက ေမတၱာရပ္ခံထားသည္။

စာတည္း။ ။ေမာင္ေကာင္း

စာမူတည္းျဖတ္ ။ ။ ေအာင္ေက်ာ္ၿဖိဳး

မုံရွာတွင် Jammer ကားများဖြင့် မိုင်းလာရောက်ရှင်းလင်းသည့် စစ်ကောင်စီတပ် မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၂၂ ဦးသေ

စိုင်းခန့်

မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် ကာကွယ်ရေးတပ်ဖွဲ့များထောင်ထားသည့် မိုင်းများကို လာရောက်ရှင်းလင်းသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရသည့် ဖြစ်စဉ် သုံးခုတွင် ၂၂ ဦး သေဆုံးခဲ့ကြောင်း South Monywa PDF ထံက သိရသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့ သြဂုတ်လ ၁၈ ရက်နေ့က မုံရွာမြို့နယ်၊ မုံရွာ – မန္တလေး လမ်းမကြီးပေါ်ရှိ မုံရွာ – ချောင်းဦးလမ်းပိုင်းတစ်နေရာတွင် တယ်လီဖုန်း လှိုင်းနှောက်စက် တပ်ဆင်ထားသည့် (Jammer) ကားများဖြင့် မိုင်းရှင်းလင်းရေး ပြုလုပ်ခဲ့ကြသည်။ “ မုံရွာ ချောင်းဦးလမ်းပေါ်မှာ မိုင်းတွေထောင်ထားတာကို တောပုကျေးရွာက ပျူတွေက အရင်ရက်တွေမှာ တွေ့သွားကြတယ်။

သူတို့က မဖော်ရဲတော့ စစ်ခွေး (စစ်ကောင်စီ တပ်ဖွဲ့ဝင်) တွေကိုထိုးကျွေးတာ။ အဲ့ဒီမှာ ဒီကောင်တွေက မုံရွာ နမခ ကနေ Jammer ကားနဲ့ ထွက်လာပြီး မအူဂိတ်ကနေ ခြေလျင်တွေရော ကားတွေနဲ့ ပါ မိုင်းရှင်းလင်းရေး လာလုပ်ကြတာ ” ဟု South Monywa PDF မှ တာဝန်ရှိသူ Daung Karyan က မဇ္ဈိမကို ပြောသည်။

မုံရွာ- ချောင်းဦး လမ်းပိုင်းပေါ်တွင် ဖြတ်သန်းသွားလာသည့် စစ်ကောင်စီတပ်များကို တိုက်ခိုက်ရန် အတွက် နေရာတစ်နေရာလျှင် မိုင်းသုံးလုံးစီဖြင့် နေရာသုံးနေရာတွင် ကာကွယ်ရေးတပ်ဖွဲ့က စုစုပေါင်း မိုင်းကိုးလုံး တပ်ဆင်ထားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မိုင်းများကို စစ်ကောင်စီတပ်က ယမန်နေ့ သြဂုတ်လ ၁၈ ရက်နေ့ နံနက် ၇ နာရီ၃၀ မိနစ်ခန့်မှ စတင်၍ တယ်လီဖုန်း လှိုင်းနှောက်စက် တပ်ဆင်ထားသည့် (Jammer)ကား အကူအညီဖြင့် လာရောက်ရှင်းလင်းမှုများ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်သည် ကာကွယ်ရေး တပ်ဖွဲ့တပ်ဆင်ထားသည့် နေရာသုံးနေရာမှ မိုင်းများအားလုံးကို ဖြုတ်ယူနိုင်ခဲ့သော်လည်း သိမ်းဆည်း နေသည့်အချိန်မှ ဖောက်ခွဲလိုက်ခြင်းကြောင့် စစ်ကောင်စီတပ်သား အများအပြား သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ ထံကသိရသည်။

“ နေရာသုံးနေရာမှာ ထောင်ထားတဲ့ မိုင်းတွေကို ဒီကောင်တွေ ဖော်လိုက်နိုင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ မိုင်းတွေက အထူးပြုလုပ်ထားတာဖြစ်လို့ Jammer လွတ်တယ်။ ပထမပွိုင့်မှာ ရှင်းလင်းပြီးတော့ လက်ထဲသယ်ပြီး ကားပေါ် သွားတင်တဲ့အချိန် လမ်းခုလတ်မှာ ထခွဲလိုက်တာ ငါးကောင်(စစ်ကောင်စီတပ်သား) သေတယ်။ ဒုတိယပွိုင့်မှာ သူတို့ ဂျန်ပါကား ပေါ်ရောက်မှ ခွဲတာမှာ ကားပါ ပျက်စီးခဲ့တယ်။ အဲ့ဒီမှာ ၁၂ ကောင် (စစ်ကောင်စီတပ်သား) သေတယ်။ တတိယပွိုင့်မှာ ခွဲတဲ့အချိန် ငါးကောင် (စစ်ကောင်စီတပ်သား) သေတယ်” ဟု PDF South Monywa တာဝန်ရှိသူ Daung Karyan က ပြောသည်။

မိုင်းခွဲတိုက်ခိုက်မှု သုံးကြိမ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း ၂၂ ဦး ပွဲချင်းပြီး သေဆုံး၍ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။

စစ်ကောင်စီတပ်သည့် မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးခဲ့သည့် ၎င်းတို့ တပ်သားများ၏ အလောင်းများကို လူနာတင်ယာဉ်များဖြင့် ပြန်လည်တင်ဆောင်ကာ ကျန်ရှိခဲ့သည့် သွေးကွက်များ ကိုလည်း သဲများဖြင့် ဖုံးအုပ်သွား ခဲ့ကြောင်း သိရသည်။

“ ကျွန်တော်တို့ ထောင်ခဲ့တဲ့ မိုင်းတွေက Jammer လွတ်အောင် ထုတ်လုပ်ထားတာ။ မိုင်းပြုလုပ်ပုံ အခြေအနေကတော့ လုံခြုံရေးအရမို့ ပြောပြလို့ မဖြစ်နိုင်သေးပါဘူး။ နည်းပညာအသစ်တွေကို လေ့လာရင်း တစ်ဆင့်ပြီး တစ်ဆင့် တိုးတက်အောင် စမ်းသပ်ပြီး အထူးပြုလုပ်ထားတဲ့ မိုင်းတွေ ဖြစ်တာကြောင့် Jammer ကားတွေကိုလည်း ဂရုစိုက်စရာ မလိုပါဘူးဗျ” ဟု Daung Karyan က ဆက်ပြောသည်။

နေရာသုံးနေရာတွင် တိုက်ခိုက်ခံရပြီးနောက် အကျအဆုံးများခဲ့သည့်အတွက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ အင်အားအများအပြားဖြင့် ထပ်မံရောက်ရှိလာကာ အဆိုပါ လမ်းပိုင်းကို ဖြတ်သန်းခွင့်ပိတ်ပင်ထားခဲ့ပြီး အနီးပတ်ဝန်းကျင် ပတ်ပတ်လည်ကို ရမ်းသန်းပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ကာကွယ်ရေးတပ်ဖွဲ့၏ မိုင်းခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးခဲ့သည့် အခြေအနေနှင့် ပတ်သက်၍ သီးခြားအတည်ပြုနိုင်ရန် အတွက် မဇ္ဈိမအနေဖြင့် ဆက်လက်စုံစမ်းလျက်ရှိသည်။

အဆိုပါ တိုက်ခိုက်မှုများကို People’s Defence Force South Monywa နှင့်အတူ Monywa Ranger Group / Truth Army၊ Black Hunter People’s Task Force နှင့် Anyar Defence Force တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်းအတွင်းရှိ အဓိက လမ်းမကြီးများပေါ်တွင် ဖြတ်သန်းသွားလာ၍ တပ်အပြောင်းအရွေ့နှင့် ရိက္ခာသယ်ယူပို့ဆောင်ခြင်းများကို ပြုလုပ်နေပြီး ကာကွယ်ရေးတပ်ဖွဲ့များကလည်း မိုင်းဆွဲတိုက်ခိုက်မှုများကို မကြာခဏ ပြုလုပ်လျက်ရှိသည်။

ထို့သို့ တိုက်ခိုက်မှုများ ပြုလုပ်နေသည့်အတွက် ပြည်သူများအနေဖြင့် စစ်ကောင်စီ တပ်ဖွဲ့နှင့် ဝေးရာတွင်နေထိုင်ကြရန်နှင့် သက်ဆိုင်ရာ နယ်မြေအလိုက် တော်လှန်ရေး တပ်ဖွဲ့များ၏ ထုတ်ပြန်ကြေညာချက်ကို လိုက်နာပေးကြရန် ကာကွယ်ရေး တပ်ဖွဲ့များက မေတ္တာရပ်ခံထားသည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ် ။ ။ အောင်ကျော်ဖြိုး