စစ္ေကာင္စီက ပ်ဴေစာထီးမ်ားအား ရဟတ္ယာဥ္ျဖင့္ မွားယြင္းပစ္ခတ္၍ ထိခိုက္ေသဆုံးမႈမ်ား
ပါခြီး
မဇၩိမ ။ ။စစ္ကိုင္းတိုင္း၊ ေခ်ာင္းဦးၿမိဳ႕နယ္ရွိ ေက်း႐ြာတစ္႐ြာကို စစ္ေကာင္စီမွ ရဟတ္ယာဥ္ျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့ရာ ပ်ဴေစာထီးမ်ားအား မွားယြင္းပစ္ခတ္မိ၍ ထိခိုက္ေသဆုံးမႈမ်ားျပားေၾကာင္း ေဒသခံမ်ားထံက သိရသည္။
ၿပီးခဲ့သည့္ ဩဂုတ္လ ၁၇ ရက္ေန႔ ညေန ၅နာရီ ၃၀မိနစ္ခန႔္တြင္ ေခ်ာင္းဦးၿမိဳ႕နယ္ ေက်း႐ြာတစ္႐ြာကို စစ္ေကာင္စီရဟတ္ယာဥ္ MI-17 ျဖင့္ လာေရာက္ ပစ္ခတ္စဥ္ ကံႀကီးကုန္း႐ြာမွ ပ်ဴေစာထီးမ်ားအား မွားယြင္း ပစ္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ပ်ဴေတြက သူတို႔႐ြာကို လက္နက္ႀကီးနဲ႔ ပစ္ခတ္ခံရလို႔ သူတို႔အားကိုးတဲ့ ေခြးေတြကို (စစ္ေကာင္စီတပ္) ေလေၾကာင္းက ပစ္ကူဘို႔ေခၚတာ၊ ဟိုကလည္းေရာက္လာေရာ ဝမ္းသာအားရနဲ႔ ေသနတ္ေဖာက္ၿပီး သူတို႔ရွိေၾကာင္းအသိေပးတာ၊ အဲ့ဒီလို ေသနတ္ေဖာက္အသိေပးတာကို PDF ေတြထင္ၿပီး ရဟတ္ယာဥ္ေပၚကပစ္သြားတာ အေတာ္ေသသြားၾကတယ္လို႔ သိရတယ္” ဟု အမည္မေဖာ္လိုသည့္ ေဒသခံတစ္ဦးက မဇၩိမ ကိုေျပာသည္။
ပ်ဴေစာထီး႐ြာဟု ေက်ာ္ေစာေနသည့္ ကံႀကီးကုန္း႐ြာအား ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕မွ လက္နက္ႀကီးျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့သည္၊ ထိုသို႔ပစ္ခတ္ခံရသျဖင့္ ပ်ဴေစာထီးမ်ားသည္ စစ္ေကာင္စီတပ္အား ေလေၾကာင္းပစ္ကူေတာင္းခံခဲ့သည္၊
ထိုသို႔ အကူအညီေတာင္း၍ စစ္ေကာင္စီ၏ ရဟတ္ယာဥ္လာေရာက္စဥ္ ပ်ဴေစာထီးမ်ားသည္ ႐ြာအေနာက္ဖက္ ျမစ္ဆိပ္ႏွင့္ ၎တို႔႐ြာၾကားရွိ ကင္းႏွင့္ ႐ြာေတာင္ဘက္ကင္းမ်ားမွ ေသနတ္ေဖာက္ အခ်က္ေပးရာတြင္ PDF မ်ားအထင္ျဖင့္ မွားယြင္းပစ္ခတ္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
ထိုသို႔ မွားယြင္း ပစ္ခတ္မႈေၾကာင့္ ေသဆုံးဒဏ္ရာရရွိသြားသည့္ ပ်ဴေစာထီး အေရအတြက္ႏွင့္ အေသးစိတ္ အေျခအေနကိုမူ မဇၩိမ အေနျဖင့္ အတည္ျပဳႏိုင္ျခင္း မရွိေသးေပ။
စာတည္း။ ။ေမာင္ေကာင္း
စာမူတည္းျဖတ္။ ။ သန္႔ေဇာ္(သန္လ်င္)
စစ်ကောင်စီက ပျူစောထီးများအား ရဟတ်ယာဉ်ဖြင့် မှားယွင်းပစ်ခတ်၍ ထိခိုက်သေဆုံးမှုများ
ပါခွီး
မဇ္ဈိမ ။ ။စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီမှ ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီးများအား မှားယွင်းပစ်ခတ်မိ၍ ထိခိုက်သေဆုံးမှုများပြားကြောင်း ဒေသခံများထံက သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၇ ရက်နေ့ ညနေ ၅နာရီ ၃၀မိနစ်ခန့်တွင် ချောင်းဦးမြို့နယ် ကျေးရွာတစ်ရွာကို စစ်ကောင်စီရဟတ်ယာဉ် MI-17 ဖြင့် လာရောက် ပစ်ခတ်စဉ် ကံကြီးကုန်းရွာမှ ပျူစောထီးများအား မှားယွင်း ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ပျူတွေက သူတို့ရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ခံရလို့ သူတို့အားကိုးတဲ့ ခွေးတွေကို (စစ်ကောင်စီတပ်) လေကြောင်းက ပစ်ကူဘို့ခေါ်တာ၊ ဟိုကလည်းရောက်လာရော ဝမ်းသာအားရနဲ့ သေနတ်ဖောက်ပြီး သူတို့ရှိကြောင်းအသိပေးတာ၊ အဲ့ဒီလို သေနတ်ဖောက်အသိပေးတာကို PDF တွေထင်ပြီး ရဟတ်ယာဉ်ပေါ်ကပစ်သွားတာ အတော်သေသွားကြတယ်လို့ သိရတယ်” ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက မဇ္ဈိမ ကိုပြောသည်။
ပျူစောထီးရွာဟု ကျော်စောနေသည့် ကံကြီးကုန်းရွာအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်၊ ထိုသို့ပစ်ခတ်ခံရသဖြင့် ပျူစောထီးများသည် စစ်ကောင်စီတပ်အား လေကြောင်းပစ်ကူတောင်းခံခဲ့သည်၊
ထိုသို့ အကူအညီတောင်း၍ စစ်ကောင်စီ၏ ရဟတ်ယာဉ်လာရောက်စဉ် ပျူစောထီးများသည် ရွာအနောက်ဖက် မြစ်ဆိပ်နှင့် ၎င်းတို့ရွာကြားရှိ ကင်းနှင့် ရွာတောင်ဘက်ကင်းများမှ သေနတ်ဖောက် အချက်ပေးရာတွင် PDF များအထင်ဖြင့် မှားယွင်းပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုသို့ မှားယွင်း ပစ်ခတ်မှုကြောင့် သေဆုံးဒဏ်ရာရရှိသွားသည့် ပျူစောထီး အရေအတွက်နှင့် အသေးစိတ် အခြေအနေကိုမူ မဇ္ဈိမ အနေဖြင့် အတည်ပြုနိုင်ခြင်း မရှိသေးပေ။
စာတည်း။ ။မောင်ကောင်း
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)