Local News
ရာအိမ်မှူး ဦးဝင်းဇော် မုန့်ဟင်းခါးစားနေချိန်
C8 News
ရန်ကုန်၊သြဂုတ် (၁၉)
မုန့်ဟင်းခါးစားနေချိန် သေနတ်နဲ့ ပ-စ်ခ-တ်ခံရလို့ ရာအိမ်မှူး ဦးဝင်းဇော် ေ-သဆုံး
C8 News
ရန်ကုန်၊သြဂုတ် (၁၉)
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ လှော်ကားကျေးရွာ၊ လှော်ကားဘုရားလေး မှတ်တိုင်အနီးက နီလာဈေးမှာ ဒီနေ့ မနက်ပိုင်းက ဇနီးဖြစ်သူနဲ့အတူ မုန့်ဟင်းခါးစားနေတဲ့ ရာအိမ်မှူး ဦးဝင်းဇော် သေနတ်နဲ့ ပစ်ခတ်ခံရပြီးနောက် သေဆုံးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
“သူက မုန့်ဟင်းခါးစားပြီး မုန့်ဟင်းရေတောင်းနေတဲ့အချိန် အပစ်ခံရတာ ဌက်ပျောအူလေး များများထည့်ပါလို့တောင် ပြောသေးတယ်။ အဲ့အချိန် သေနတ်နဲ့ ဝင်ပစ်သွားတာ ပွဲချင်းပြီးပဲ။” လို့ အနီးဝန်းကျင်ကို ရောက်ရှိနေတဲ့ ပြည်သူတစ်ဦးက C8 News ကို ပြောပြပါတယ်။
ရွှေပြည်သာမြို့နယ်၊ ထ/၁၆ ရပ်ကွက်က ရာအိမ်မှူး ဦးဝင်းဇော် ဟာ ဒီနေ့ မနက် (၇) နာရီက ဇနီးဖြစ်သူနဲ့အတူ နီလာဈေးမှာ မုန့်ဟင်းခါးစားနေချိန် အမည်မသိ လက်နက်ကိုင်တွေရဲ့ သေနတ်နဲ့ ပစ်ခတ်ခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။
“သူ့မိန်းမကို မပစ်ပါဘူး။ သူ့ကိုပဲပစ်တာ။ အခုပဲ လူနာတင်ယာဉ်နဲ့ သယ်ပြီး ရွှေပြည်သာရင်ခွဲရုံပို့ထားတယ်။”လို့ အမည်မဖော်လိုသူက C8 News ကို ပြောပြပါတယ်။