Local News

စစ္ကိုင္းရတနာပုံတံတားပစ္ခတ္မႈမွာ ခရီးသည္တင္ယာဥ္ေမာင္းနဲ႔ယာဥ္အကူအပါအ၀င္ သုံးဦး ဖမ္းဆီးခံထားရတယ္လို႔ ယာဥ္လိုင္းေျပာ

စစ္ကိုင္းရတနာပုံတံတားပစ္ခတ္မႈမွာ ခရီးသည္တင္ယာဥ္ေမာင္းနဲ႔ယာဥ္အကူအပါအ၀င္ သုံးဦး ဖမ္းဆီးခံထားရတယ္လို႔ ယာဥ္လိုင္းေျပာ

ၾသဂုတ္လ ၁၇ ရက္မနက္က မႏၲေလးကေန စစ္ကိုင္းကို အသြား ခရီးသည္တင္ယာဥ္တစ္စီးကို ရတနာပုံတံတားအဆင္းမွာ စစ္ေကာင္စီတပ္ေတြက စစ္ေဆးစဥ္ အျပန္အလွန္ပစ္ခတ္မႈျဖစ္ပြားခဲ့တဲ့ ျဖစ္စဥ္မွာ အဲဒီခရီးသည္တင္ယာဥ္ရဲ႕ ယာဥ္ေမာင္း၊ ယာဥ္အကူအပါအ၀င္ သုံးဦး ဖမ္ဆီး ထိန္းသိမ္းခံထားရၿပီး ၾသဂုတ္လ ၂၀ ရက္ေန႔အထိ ျပန္မလြတ္ေသးဘူးလို႔ အဆိုပါယာဥ္လိုင္းရဲ႕တာ၀န္ရွိသူတစ္ဦးက ဘီဘီစီကိုေျပာပါတယ္။

ဒါ့အျပင္ စစ္ေကာင္စီတပ္ေတြကို ယာဥ္ေမာင္းျဖစ္သူက သတင္းေပးခဲ့လို႔ PDF တပ္ဖြဲ႕၀င္ေတြကို ခုလို ပစ္ခတ္ဖမ္းဆီးမႈျဖစ္တာဆိုတဲ့ေျပာၾကားခ်က္နဲ႔ပတ္သက္လို႔လည္း အဲဒီျဖစ္စဥ္ မဟုတ္မွန္ေၾကာင္း အဆိုပါတာ၀န္ရွိသူက ဆက္ေျပာပါတယ္။

“ကြၽန္ေတာ္တို႔ကိုယ္တိုင္လည္း စစ္ေဆးေမးျမန္းခံေနရတာပါ။ လက္ရွိ ကြၽန္တာ္တို႔ ကားနဲ႔၊ ယာဥ္ေမာင္းေရာ ယာဥ္အကူေတြပါ ခုထိျပန္မလြတ္ေသးပါဘူး။ ျဖစ္စဥ္က ႐ုတ္တရက္ ျဖစ္သြားတာပါ။ အားလုံးက ၀ပ္ေနၾကတာပါ။ ပစ္ၾကခတ္ၾကဆိုေတာ့။ ပစ္တာကေတာ့ ေအာက္ကလည္း ပစ္တယ္ေပါ့ေနာ္။ ထိတာေတာ့ယာဥ္ေနာက္ပိုင္းကို ထိတယ္” လို႔ သူက ေျပာပါတယ္။

စစ္ေကာင္စီက ျဖစ္စဥ္ျဖစ္ၿပီးၿပီးခ်င္းမွာ ယာဥ္ေပၚမွာ လိုက္ပါလာတဲ့ ခရီးသည္ေတြကိုေရာ ယာဥ္ေမာင္းယာဥ္ေနာက္လိုက္အကုန္လုံးကို ဖမ္းဆီးသြားေၾကာင္းနဲ႔ ခရီးသည္ေတြကိုစစ္ေဆးေမးျမန္းၿပီးေနာက္ျပန္လႊတ္လိုက္ေၾကာင္း၊ ဒါေပမဲ့ ယာဥ္ေမာင္းနဲ႔ယာဥ္အကူအပါအ၀င္ ယာဥ္လိုင္းက ၃ ဦးကိုေတာ့ ဆက္လက္ဖမ္းဆီးထားေၾကာင္း သူက ဆက္ေျပာပါတယ္။

“ကြၽန္ေတာ္တို႔ေျပာႏိုင္တာကေတာ့ ကြၽန္ေတာ္တို႔ ပေယာဂလုံး၀မပါပါဘူး။ ဂိတ္က ပေယာဂလည္းမပါသလို ယာဥ္ေမာင္းေတြရဲ႕ပေယာဂလည္းမပါပါဘူး။ အမွန္တကယ္လည္းကြၽန္ေတာ္တို႔ဘာမွမသိပါဘူး” လို႔ သူက ဆက္ေျပာပါတယ္။

ဒီျဖစ္စဥ္နဲ႔ပတ္သက္လို႔ စစ္ေကာင္စီသတင္းထုတ္ျပန္ေရးအဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေဒသကာကြယ္ေရးတပ္ဖြဲ႕၀င္ေတြက စတင္ပစ္ခတ္ခဲ့တာလို႔ ဆိုၿပီး လုံၿခဳံေရးတပ္ဖြဲ႕၀င္ ၂ ဦး ထိခိုက္ဒဏ္ရာရခဲ့ၿပီး PDF ႏွစ္ဦးနဲ႔ ခရီးသည္ႏွစ္ဦး ေသဆုံးခဲ့ေၾကာင္း၊ PDF တစ္ဦးကို အရွင္ဖမ္းမိၿပီး စစ္ေဆးခ်က္အရ ယာဥ္ေပၚမွာပါလာတဲ့ လက္နက္ခဲယမ္းေတြကိုဖမ္းမိခဲ့တယ္လို႔ ထုတ္ျပန္ထားပါတယ္။

ဒါ့အျပင္ ထိခိုက္ဒဏ္ရာရသူ ရွစ္ဦးရွိေၾကာင္းလည္း စစ္ေကာင္စီထုတ္ျပန္ခ်က္က ဆိုပါတယ္။ အဲဒီခရီးသည္ရွစ္ဦးရဲ႕ေနာက္ဆက္တြဲအေျခအေနကိုသိရဖို႔ ဘီဘီစီက ဆက္လက္စုံစမ္းေနပါတယ္။

ေသဆုံးသြားတဲ့ခရီးသည္ႏွစ္ဦးမွာ တစ္ဦးက အမ်ိဳးသားျဖစ္ၿပီး က်န္တစ္ဦးက သက္ႀကီးပိုင္းအ႐ြယ္အမ်ိဳးသမီးတစ္ဦးျဖစ္တယ္လို႔ ေျပာၾကားခ်က္ေတြရွိၿပီး ေသဆုံးခရီးသည္ႏွစ္ဦးရဲ႕အေျခအေနကိုလည္း ဘီဘီစီက ဆက္လက္စုံစမ္းေနပါတယ္။

အခုျဖစ္စဥ္မွာ ေသဆုံးသြားတဲ့ PDF တပ္ဖြဲ႕၀င္ႏွစ္ဦးနဲ႔ အရွင္ဖမ္းမိတယ္ဆိုတဲ့တပ္ဖြဲ႕၀င္ ၁ ဦး စုစုေပါင္း ၃ ဦးဟာ ဘယ္အဖြဲ႕အစည္းက ျဖစ္တယ္ဆိုတာေတာ့ စစ္ေကာင္စီထုတ္ျပန္ခ်က္ထဲမွာမပါရွိသလို သက္ဆိုင္ရာအဖြဲ႕အစည္းတစ္ခုခုဘက္က ထုတ္ျပန္လာတာေတာ့ ဒီေန႔ၾသဂုတ္၂၀ ရက္နံနက္ထိ မေတြ႕ရေသးပါဘူး။source-BBC

စစ်ကိုင်းရတနာပုံတံတားပစ်ခတ်မှုမှာ ခရီးသည်တင်ယာဉ်မောင်းနဲ့ယာဉ်အကူအပါအဝင် သုံးဦး ဖမ်းဆီးခံထားရတယ်လို့ ယာဉ်လိုင်းပြော

သြဂုတ်လ ၁၇ ရက်မနက်က မန္တလေးကနေ စစ်ကိုင်းကို အသွား ခရီးသည်တင်ယာဉ်တစ်စီးကို ရတနာပုံတံတားအဆင်းမှာ စစ်ကောင်စီတပ်တွေက စစ်ဆေးစဉ် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်မှာ အဲဒီခရီးသည်တင်ယာဉ်ရဲ့ ယာဉ်မောင်း၊ ယာဉ်အကူအပါအဝင် သုံးဦး ဖမ်ဆီး ထိန်းသိမ်းခံထားရပြီး သြဂုတ်လ ၂၀ ရက်နေ့အထိ ပြန်မလွတ်သေးဘူးလို့ အဆိုပါယာဉ်လိုင်းရဲ့တာဝန်ရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်တွေကို ယာဉ်မောင်းဖြစ်သူက သတင်းပေးခဲ့လို့ PDF တပ်ဖွဲ့ဝင်တွေကို ခုလို ပစ်ခတ်ဖမ်းဆီးမှုဖြစ်တာဆိုတဲ့ပြောကြားချက်နဲ့ပတ်သက်လို့လည်း အဲဒီဖြစ်စဉ် မဟုတ်မှန်ကြောင်း အဆိုပါတာဝန်ရှိသူက ဆက်ပြောပါတယ်။

“ကျွန်တော်တို့ကိုယ်တိုင်လည်း စစ်ဆေးမေးမြန်းခံနေရတာပါ။ လက်ရှိ ကျွန်တာ်တို့ ကားနဲ့၊ ယာဉ်မောင်းရော ယာဉ်အကူတွေပါ ခုထိပြန်မလွတ်သေးပါဘူး။ ဖြစ်စဉ်က ရုတ်တရက် ဖြစ်သွားတာပါ။ အားလုံးက ဝပ်နေကြတာပါ။ ပစ်ကြခတ်ကြဆိုတော့။ ပစ်တာကတော့ အောက်ကလည်း ပစ်တယ်ပေါ့နော်။ ထိတာတော့ယာဉ်နောက်ပိုင်းကို ထိတယ်” လို့ သူက ပြောပါတယ်။

စစ်ကောင်စီက ဖြစ်စဉ်ဖြစ်ပြီးပြီးချင်းမှာ ယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည်တွေကိုရော ယာဉ်မောင်းယာဉ်နောက်လိုက်အကုန်လုံးကို ဖမ်းဆီးသွားကြောင်းနဲ့ ခရီးသည်တွေကိုစစ်ဆေးမေးမြန်းပြီးနောက်ပြန်လွှတ်လိုက်ကြောင်း၊ ဒါပေမဲ့ ယာဉ်မောင်းနဲ့ယာဉ်အကူအပါအဝင် ယာဉ်လိုင်းက ၃ ဦးကိုတော့ ဆက်လက်ဖမ်းဆီးထားကြောင်း သူက ဆက်ပြောပါတယ်။

“ကျွန်တော်တို့ပြောနိုင်တာကတော့ ကျွန်တော်တို့ ပယောဂလုံးဝမပါပါဘူး။ ဂိတ်က ပယောဂလည်းမပါသလို ယာဉ်မောင်းတွေရဲ့ပယောဂလည်းမပါပါဘူး။ အမှန်တကယ်လည်းကျွန်တော်တို့ဘာမှမသိပါဘူး” လို့ သူက ဆက်ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက စတင်ပစ်ခတ်ခဲ့တာလို့ ဆိုပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး PDF နှစ်ဦးနဲ့ ခရီးသည်နှစ်ဦး သေဆုံးခဲ့ကြောင်း၊ PDF တစ်ဦးကို အရှင်ဖမ်းမိပြီး စစ်ဆေးချက်အရ ယာဉ်ပေါ်မှာပါလာတဲ့ လက်နက်ခဲယမ်းတွေကိုဖမ်းမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ထိခိုက်ဒဏ်ရာရသူ ရှစ်ဦးရှိကြောင်းလည်း စစ်ကောင်စီထုတ်ပြန်ချက်က ဆိုပါတယ်။ အဲဒီခရီးသည်ရှစ်ဦးရဲ့နောက်ဆက်တွဲအခြေအနေကိုသိရဖို့ ဘီဘီစီက ဆက်လက်စုံစမ်းနေပါတယ်။

သေဆုံးသွားတဲ့ခရီးသည်နှစ်ဦးမှာ တစ်ဦးက အမျိုးသားဖြစ်ပြီး ကျန်တစ်ဦးက သက်ကြီးပိုင်းအရွယ်အမျိုးသမီးတစ်ဦးဖြစ်တယ်လို့ ပြောကြားချက်တွေရှိပြီး သေဆုံးခရီးသည်နှစ်ဦးရဲ့အခြေအနေကိုလည်း ဘီဘီစီက ဆက်လက်စုံစမ်းနေပါတယ်။

အခုဖြစ်စဉ်မှာ သေဆုံးသွားတဲ့ PDF တပ်ဖွဲ့ဝင်နှစ်ဦးနဲ့ အရှင်ဖမ်းမိတယ်ဆိုတဲ့တပ်ဖွဲ့ဝင် ၁ ဦး စုစုပေါင်း ၃ ဦးဟာ ဘယ်အဖွဲ့အစည်းက ဖြစ်တယ်ဆိုတာတော့ စစ်ကောင်စီထုတ်ပြန်ချက်ထဲမှာမပါရှိသလို သက်ဆိုင်ရာအဖွဲ့အစည်းတစ်ခုခုဘက်က ထုတ်ပြန်လာတာတော့ ဒီနေ့သြဂုတ်၂၀ ရက်နံနက်ထိ မတွေ့ရသေးပါဘူး။source-BBC