Local News

ဆီသေဘၤာႀကီးနီးေရာက္ခါနီးေနၿပီဟု သတင္းၾကားၿပီးေနာက္ ယေန႔ ဆီေဈးေတြထပ္တက္ျပန္

ဆီသေဘၤာႀကီးနီးေရာက္ခါနီးေနၿပီဟု သတင္းၾကားၿပီးေနာက္ ယေန႔ ဆီေဈးေတြထပ္တက္ျပန္

စက္သုံးဆီတစ္လီတာ က်ပ္ ၃၀၀၀ နားကပ္လာ၊ ႏွစ္ရက္အတြင္း တစ္လီတာ က်ပ္ တစ္ရာေက်ာ္ ျပန္တက္

ဒီေန႔ ၾသဂုတ္လ ၂၀ ရက္မွာ ရန္ကုန္က စက္သုံးဆီ ေစ်းႏႈန္းေတြမွာ စက္သုံးဆီ တင္သြင္းသိုေလွာင္ျဖန္႔ျဖဴးတဲ့ေကာ္မတီရဲ႕ ရည္ၫႊန္းသတ္မွတ္ေစ်းအရ ၉၅ ေအာက္တိန္းတစ္လီတာဟာ က်ပ္ ၂၄၉၀ ျဖစ္ၿပီး တစ္လီတာက်ပ္ ၃၀၀၀ နား တျဖည္းျဖည္းကပ္လာတာေတြ႕ရပါတယ္။

၉၂ ေအာက္တိန္း တစ္လီတာဟာ က်ပ္ ၂၄၀၀ ကိုေရာက္ရွိလာၿပီး ဒါဟာ ၾသဂုတ္လ ၁၈ ရက္ေန႔နဲ႔ေစ်းနဲ႔ႏႈိင္းယွဥ္ရင္တစ္လီတာကို က်ပ္ ၁၁၀ ျပန္လည္ျမင့္တက္လာတာျဖစ္ပါတယ္။

စက္သုံးဆီေစ်းေတြဟာ ၾသဂုတ္လ ၁၆ နဲ႔ ၁၇ ရက္၀န္းက်င္မွာအနည္းငယ္ျပန္လည္က်ဆင္းသြားေပမဲ့ ရက္ပိုင္းအတြင္းမွာပဲ အခုလို အျမင့္ေစ်းကို ျပန္ေရာက္လာတာျဖစ္ပါတယ္။

ရန္ကုန္မွာေတာ့ စက္သုံးဆီ ေစာင့္ဆိုင္းတန္းစီ၀ယ္ယူရတဲ့အခက္အခဲအနည္းငယ္သာရွိေပမဲ့ နယ္ၿမိဳ႕ေတြမွာ ဆီကို အကန္႔အသတ္နဲ႔သာ ၀ယ္ယူရရွိတာ၊ ဆီ၀ယ္ဖို႔ အခ်ိန္ၾကာျမင့္စြာတန္းစီေစာင့္ဆိုင္းရတာေတြရွိေနပါတယ္။ ျမစ္ႀကီးနားမွာ ၿပီးခဲ့တဲ့ရက္ပိုင္းကစလို႔ စက္သုံးဆီ အေရာင္းဆိုင္အမ်ားစု အခ်ိန္အကန႔္အသတ္နဲ႔ေရာင္းခ်တာေၾကာင့္ စက္သုံးဆီကို မွီခိုၿပီးလုပ္ကိုင္ေနရတဲ့ သုံးဘီးေမာင္းသူေတြနဲ႔ ဆိုင္ကယ္အသုံးျပဳေတြ အခက္အခဲျဖစ္ေနၾကတာပါ။

ဆီ၀ယ္ယူရဖို႔ကိုလည္း ေန႔စဥ္လိုလို အခ်ိန္တစ္ခုေပးၿပီး ၾကာျမင့္စြာတန္းစီေစာင့္ဆိုင္း၀ယ္ယူရတာ၊ စက္သုံးဆီတစ္လီတာကို ၾသဂုတ္ ၁၉ ရက္ေန႔ေပါက္ေစ်း က်ပ္ ၃၀၈၀ နဲ႔ထည့္ေနရေပမဲ့ လိုသေလာက္၀ယ္ယူလို႔မရတာစတဲ့အခက္အခဲေတြ ရွိေနတယ္လို႔ ျမစ္ႀကီးနားၿမိဳ႕ခံေတြက ေျပာပါတယ္။

သုံးဘီးယာဥ္ေမာင္းႏွင္သူေတြကေတာ့ တန္းစီရတာ အခ်ိန္ အခ်ိန္ၾကာလို႔ ခရီးသည္မရႏိုင္တဲ့အက်ပ္အတည္းရွိတာေၾကာင့္ စက္သုံးဆီဆိုင္ေတြမွာ တန္းမစီေတာ့ဘဲ အျပင္မွာထည့္သူေတြလည္းရွိပါတယ္။

ဒါေပမဲ့ အဲဒီလို ျပင္ပမွာ ၀ယ္ထည့္တဲ့အခါ ဆီတစ္လီတာကို က်ပ္ ေျခာက္ေထာင္ကေန ရွစ္ေထာင္ေတြအထိ ေပးၿပီး ၀ယ္ရတာရွိေနတယ္လို႔ ဆိုပါတယ္။

“လမ္းေဘးမွာဝယ္ရတဲ့ဆိုင္ေတြက တစ္လီတာကိုေျခာက္ေထာင္ေရာင္းတယ္။ တန္းစီမယ္ဆိုရင္လည္း တန္းစီလို႔မရဘူးေလ။ အခ်ိန္က တအားေပးေနရတဲ့အတြက္ ခက္ခဲမႈတအားရွိပါတယ္။ တန္းစီမယ္ဆိုရင္က သုံးဘီးဆြဲစားဖို႔ မလြယ္ေတာ့ဘူးေလ။ မနက္တန္းရင္ေန႔ခင္းမွရတယ္။ ၿပီးေတာ့ ဆီဆိုင္ေတြကလည္း သုံးဘီးတစ္စီးမွ ငါးေထာင္ေလာက္ပဲေပးတာေလ။

အဲဒါေၾကာင္မိုလို႔ပါ။ အခုက ေဈးကို အရင္ကတစ္ေခါက္ကို သုံးေထာင္နဲ႔ပို႔ႏိုင္ရင္ အခုက အနည္းဆုံးငါးေထာင္ရမွပို႔ႏိုင္ေတာ့မွာေလ။ ဆီေဈးတက္ေနတဲ့အတြက္ အဲ့ဒါေၾကာင့္မို႔အခုေနာက္ပိုင္းက သုံးဘီးဆြဲရတာလည္း ပါးသြားၿပီ။ ဆီေဈးေၾကာင့္စီးမဲ့ ကာစတန္မာေတြကလည္း မရွိေတာ့ဘူးေလ။ ေျခလ်င္ပဲ ေလွ်ာက္ၾကေတာ့တာအခုက” လို႔ျမစ္ႀကီးနားက သုံးဘီးယာဥ္ေမာင္းတစ္ဦးကေျပာပါတယ္။SOURCE-BBC

ဆီသင်္ဘောကြီးနီးရောက်ခါနီးနေပြီဟု သတင်းကြားပြီးနောက် ယနေ့ ဆီဈေးတွေထပ်တက်ပြန်

စက်သုံးဆီတစ်လီတာ ကျပ် ၃၀၀၀ နားကပ်လာ၊ နှစ်ရက်အတွင်း တစ်လီတာ ကျပ် တစ်ရာကျော် ပြန်တက်

ဒီနေ့ သြဂုတ်လ ၂၀ ရက်မှာ ရန်ကုန်က စက်သုံးဆီ ဈေးနှုန်းတွေမှာ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးတဲ့ကော်မတီရဲ့ ရည်ညွှန်းသတ်မှတ်ဈေးအရ ၉၅ အောက်တိန်းတစ်လီတာဟာ ကျပ် ၂၄၉၀ ဖြစ်ပြီး တစ်လီတာကျပ် ၃၀၀၀ နား တဖြည်းဖြည်းကပ်လာတာတွေ့ရပါတယ်။

၉၂ အောက်တိန်း တစ်လီတာဟာ ကျပ် ၂၄၀၀ ကိုရောက်ရှိလာပြီး ဒါဟာ သြဂုတ်လ ၁၈ ရက်နေ့နဲ့ဈေးနဲ့နှိုင်းယှဉ်ရင်တစ်လီတာကို ကျပ် ၁၁၀ ပြန်လည်မြင့်တက်လာတာဖြစ်ပါတယ်။

စက်သုံးဆီဈေးတွေဟာ သြဂုတ်လ ၁၆ နဲ့ ၁၇ ရက်ဝန်းကျင်မှာအနည်းငယ်ပြန်လည်ကျဆင်းသွားပေမဲ့ ရက်ပိုင်းအတွင်းမှာပဲ အခုလို အမြင့်ဈေးကို ပြန်ရောက်လာတာဖြစ်ပါတယ်။

ရန်ကုန်မှာတော့ စက်သုံးဆီ စောင့်ဆိုင်းတန်းစီဝယ်ယူရတဲ့အခက်အခဲအနည်းငယ်သာရှိပေမဲ့ နယ်မြို့တွေမှာ ဆီကို အကန့်အသတ်နဲ့သာ ဝယ်ယူရရှိတာ၊ ဆီဝယ်ဖို့ အချိန်ကြာမြင့်စွာတန်းစီစောင့်ဆိုင်းရတာတွေရှိနေပါတယ်။ မြစ်ကြီးနားမှာ ပြီးခဲ့တဲ့ရက်ပိုင်းကစလို့ စက်သုံးဆီ အရောင်းဆိုင်အများစု အချိန်အကန့်အသတ်နဲ့ရောင်းချတာကြောင့် စက်သုံးဆီကို မှီခိုပြီးလုပ်ကိုင်နေရတဲ့ သုံးဘီးမောင်းသူတွေနဲ့ ဆိုင်ကယ်အသုံးပြုတွေ အခက်အခဲဖြစ်နေကြတာပါ။

ဆီဝယ်ယူရဖို့ကိုလည်း နေ့စဉ်လိုလို အချိန်တစ်ခုပေးပြီး ကြာမြင့်စွာတန်းစီစောင့်ဆိုင်းဝယ်ယူရတာ၊ စက်သုံးဆီတစ်လီတာကို သြဂုတ် ၁၉ ရက်နေ့ပေါက်ဈေး ကျပ် ၃၀၈၀ နဲ့ထည့်နေရပေမဲ့ လိုသလောက်ဝယ်ယူလို့မရတာစတဲ့အခက်အခဲတွေ ရှိနေတယ်လို့ မြစ်ကြီးနားမြို့ခံတွေက ပြောပါတယ်။

သုံးဘီးယာဉ်မောင်းနှင်သူတွေကတော့ တန်းစီရတာ အချိန် အချိန်ကြာလို့ ခရီးသည်မရနိုင်တဲ့အကျပ်အတည်းရှိတာကြောင့် စက်သုံးဆီဆိုင်တွေမှာ တန်းမစီတော့ဘဲ အပြင်မှာထည့်သူတွေလည်းရှိပါတယ်။

ဒါပေမဲ့ အဲဒီလို ပြင်ပမှာ ဝယ်ထည့်တဲ့အခါ ဆီတစ်လီတာကို ကျပ် ခြောက်ထောင်ကနေ ရှစ်ထောင်တွေအထိ ပေးပြီး ဝယ်ရတာရှိနေတယ်လို့ ဆိုပါတယ်။

“လမ်းဘေးမှာဝယ်ရတဲ့ဆိုင်တွေက တစ်လီတာကိုခြောက်ထောင်ရောင်းတယ်။ တန်းစီမယ်ဆိုရင်လည်း တန်းစီလို့မရဘူးလေ။ အချိန်က တအားပေးနေရတဲ့အတွက် ခက်ခဲမှုတအားရှိပါတယ်။ တန်းစီမယ်ဆိုရင်က သုံးဘီးဆွဲစားဖို့ မလွယ်တော့ဘူးလေ။ မနက်တန်းရင်နေ့ခင်းမှရတယ်။ ပြီးတော့ ဆီဆိုင်တွေကလည်း သုံးဘီးတစ်စီးမှ ငါးထောင်လောက်ပဲပေးတာလေ။

အဲဒါကြောင်မိုလို့ပါ။ အခုက ဈေးကို အရင်ကတစ်ခေါက်ကို သုံးထောင်နဲ့ပို့နိုင်ရင် အခုက အနည်းဆုံးငါးထောင်ရမှပို့နိုင်တော့မှာလေ။ ဆီဈေးတက်နေတဲ့အတွက် အဲ့ဒါကြောင့်မို့အခုနောက်ပိုင်းက သုံးဘီးဆွဲရတာလည်း ပါးသွားပြီ။ ဆီဈေးကြောင့်စီးမဲ့ ကာစတန်မာတွေကလည်း မရှိတော့ဘူးလေ။ ခြေလျင်ပဲ လျှောက်ကြတော့တာအခုက” လို့မြစ်ကြီးနားက သုံးဘီးယာဉ်မောင်းတစ်ဦးကပြောပါတယ်။SOURCE-BBC