ေက်း႐ြာ ေနအိမ္မ်ားကို မီးမရႈိ႕ဟု စစ္ေကာင္စီေခါင္းေဆာင္မင္းေအာင္လႈိင္က ျငင္းဆို
မဇၩိမ ။ ။ ေက်း႐ြာ ေနအိမ္မ်ားကို မီးမရႈိ႕ဟု စစ္ေကာင္စီေခါင္းေဆာင္မင္းေအာင္လႈိင္က ျငင္းဆိုခဲ့သည္ဟု စစ္ေကာင္စီက ထုတ္ျပန္သည္။
ကုလအထူးကိုယ္စားလွယ္ ႏိုလင္းေဟဇာ၏႐ုံးက ျမန္မာခရီးစဥ္ႏွင့္ပတ္သက္ၿပီး တစ္ဖက္သတ္ထုတ္ျပန္သျဖင့္ ႏိုင္ငံတကာက နားလည္မႈလြဲမွားမႈမ်ားျဖစ္ေပၚေစခဲ့သည္ဟုဆိုကာ စစ္ေကာင္စီက ယမန္ေန႔ ဩဂုတ္လ ၁၉ရက္ ညပိုင္းတြင္ ျမဝတီ၊ ျပန္ၾကားေရဝန္ႀကီးဌာန အစရွိသည့္ မီဒီယာမ်ားမွတစ္ဆင့္ သတင္းထုတ္ျပန္ခဲ့သည္။
အထူးကိုယ္စားလွယ္က ေလေၾကာင္းမွ တိုက္ခိုက္ျခင္းမ်ား မျပဳလုပ္ရန္ႏွင့္ ျပည္သူလူထုေနထိုင္ရာ ေက်း႐ြာေနအိမ္မ်ားကို မီးမရႈိ႕ရန္ အာဏာသိမ္းစစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္အား ေျပာၾကားခဲ့သည္။
ယင္းသို႔ ေတာင္းဆိုေျပာၾကားမႈအေပၚ စစ္ေကာင္စီေခါင္းေဆာင္က ” ျပည္သူလူထု၏ေနအိမ္မ်ားကို မိမိတို႔က မီးရႈိ႕ဖ်က္ဆီးသည္ဟူေသာအခ်က္ကို မိမိအေနျဖင့္ လုံးဝျငင္းဆိုပါသည္” ဟု ေျပာၾကားခဲ့သည္ဟု သတင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ေလေၾကာင္းမွ တိုက္ခိုက္ရသည့္ အေၾကာင္းမွာလည္း မိမိတို႔ကိုလာေရာက္တိုက္ခိုက္သည့္ ေသာင္းက်န္းသူမ်ား၏ တည္ေနရာမ်ားကို ပစ္မွတ္ထားတိုက္ခိုက္ေနျခင္း ျဖစ္သည္ဟု စစ္ေကာင္စီေခါင္းေဆာင္ မင္းေအာင္လႈိင္က အေၾကာင္းျပသည္။
လတ္တေလာတြင္ စစ္ေကာင္စီ၏ မီးရႈိ႕မႈေၾကာင့္ စစ္ကိုင္းတိုင္းရွိ ေက်း႐ြာအမ်ားစုမွာ ပ်က္စီးေနေၾကာင္း ေဒသခံမ်ားႏွင့္ ေဒသကာကြယ္ေရးတပ္ဖြဲ႕မ်ားက ေျပာၾကားထားသည္။
၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီ ၁ ရက္မွစ၍ ၂၀၂၂ ခုႏွစ္၊ ဇူလိုင္ ၁၅ရက္ေန႔အထိ လက္နက္ကိုင္ပဋိပကၡမ်ားႏွင့္ စစ္ေကာင္စီတပ္က တိုက္ပြဲမျဖစ္ဘဲ ဝင္ေရာက္စီးနင္း မီးရႈိ႕ခဲ့ျခင္းေၾကာင့္ ဆုံးရႈံးခဲ့ရသည့္ ေနအိမ္၊အေဆာက္အဦ၊ ဘာသာေရးအေဆာက္အအုံမ်ား အပါအဝင္ ၂၈,၀၀၀ေက်ာ္ ရွိလာၿပီဟု ISP-Myanmar က သတင္းထုတ္ျပန္ ေရးသားေဖာ္ျပထားသည္။
စာတည္း။ ။ ဖူးသိမ္က်
စာမူတည္းျဖတ္။ ။ ေအာင္ေက်ာ္ၿဖိဳး
ကျေးရွာ နေအိမ်များကို မီးမရှို့ဟု စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်က ငြင်းဆို
မဇ္ဈိမ ။ ။ ကျေးရွာ နေအိမ်များကို မီးမရှို့ဟု စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်က ငြင်းဆိုခဲ့သည်ဟု စစ်ကောင်စီက ထုတ်ပြန်သည်။
ကုလအထူးကိုယ်စားလှယ် နိုလင်းဟေဇာ၏ရုံးက မြန်မာခရီးစဉ်နှင့်ပတ်သက်ပြီး တစ်ဖက်သတ်ထုတ်ပြန်သဖြင့် နိုင်ငံတကာက နားလည်မှုလွဲမှားမှုများဖြစ်ပေါ်စေခဲ့သည်ဟုဆိုကာ စစ်ကောင်စီက ယမန်နေ့ ဩဂုတ်လ ၁၉ရက် ညပိုင်းတွင် မြဝတီ၊ ပြန်ကြားရေဝန်ကြီးဌာန အစရှိသည့် မီဒီယာများမှတစ်ဆင့် သတင်းထုတ်ပြန်ခဲ့သည်။
အထူးကိုယ်စားလှယ်က လေကြောင်းမှ တိုက်ခိုက်ခြင်းများ မပြုလုပ်ရန်နှင့် ပြည်သူလူထုနေထိုင်ရာ ကျေးရွာနေအိမ်များကို မီးမရှို့ရန် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်အား ပြောကြားခဲ့သည်။
ယင်းသို့ တောင်းဆိုပြောကြားမှုအပေါ် စစ်ကောင်စီခေါင်းဆောင်က ” ပြည်သူလူထု၏နေအိမ်များကို မိမိတို့က မီးရှို့ဖျက်ဆီးသည်ဟူသောအချက်ကို မိမိအနေဖြင့် လုံးဝငြင်းဆိုပါသည်” ဟု ပြောကြားခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လေကြောင်းမှ တိုက်ခိုက်ရသည့် အကြောင်းမှာလည်း မိမိတို့ကိုလာရောက်တိုက်ခိုက်သည့် သောင်းကျန်းသူများ၏ တည်နေရာများကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်း ဖြစ်သည်ဟု စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က အကြောင်းပြသည်။
လတ်တလောတွင် စစ်ကောင်စီ၏ မီးရှို့မှုကြောင့် စစ်ကိုင်းတိုင်းရှိ ကျေးရွာအများစုမှာ ပျက်စီးနေကြောင်း ဒေသခံများနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပြောကြားထားသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှစ၍ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၅ရက်နေ့အထိ လက်နက်ကိုင်ပဋိပက္ခများနှင့် စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ဘဲ ဝင်ရောက်စီးနင်း မီးရှို့ခဲ့ခြင်းကြောင့် ဆုံးရှုံးခဲ့ရသည့် နေအိမ်၊အဆောက်အဦ၊ ဘာသာရေးအဆောက်အအုံများ အပါအဝင် ၂၈,၀၀၀ကျော် ရှိလာပြီဟု ISP-Myanmar က သတင်းထုတ်ပြန် ရေးသားဖော်ပြထားသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး