Local News

ဇနီးျဖစ္သူနဲ႔ စက္ဘီးအတူ စီးလာခ်ိန္ ရာအိမ္မႉး ဦးေသာင္းဒန္

ဇနီးျဖစ္သူနဲ႔ စက္ဘီးအတူ စီးလာခ်ိန္ ရာအိမ္မႉး ဦးေသာင္းဒန္ ေ-သန-တ္ပစ္ခံရ

C8 News

ရန္ကုန္၊ ၾသဂုတ္ (၂၀)

ရန္ကုန္တိုင္းေဒသႀကီး၊ ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ (၂) ရပ္ကြက္ ရာအိမ္မႉး ဦးေသာင္းဒန္ ဒီေန႔ မနက္ပိုင္းက ဇနီးျဖစ္သူနဲ႔ စက္ဘီးအတူစီးလာခ်ိန္ ေသနတ္နဲ႔ ပစ္ခတ္ခံခဲ့ရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

“စက္ဘီးကို ဟိုဘက္ရမ္းလိုက္ ဒီဘက္ရမ္းလိုက္နဲ႔ ေပ်ာ္ေနတာ သူ႔မိန္းမက ခါးေလးဖက္ၿပီး ဓမၼာ႐ုံေရွေရာက္ေတာ့ ေသနတ္နဲ႔ ဝိုင္းပစ္တာ သူ႔မိန္းမက (၉) လမ္းထဲဝင္ေျပးသြားတယ္ သူကေတာ့ စက္ဘီးလက္ကိုင္ေလးကိုကိုင္ၿပီး ေသြးအိုင္ထဲမွာ လဲေနတယ္။” လို႔ ရပ္ကြက္ေနျပည္သူတစ္ဦးက C8 News ကို ေျပာျပတယ္။

ဒီေန႔ မနက္ပိုင္းက ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ (၂) ရပ္ကြက္၊ သုမာလာ (၈) လမ္း၊ မဟာအတုလဓမၼာ႐ုံေရွ႕မွာ ဦးေသာင္းဒန္ ကို အမည္မသိ ေသနတ္သမားေတြက ပစ္ခတ္ခဲ့တာ ျဖစ္ပါတယ္။

က်ည္ဆံထိမွန္ခဲ့တဲ့ ဦးေသာင္းဒန္ ကို ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ ေမဓါဝီေဆး႐ုံကို ပို႔ေဆာင္ထားတယ္လို႔ သိရပါတယ္။

“အေျခအေနေတာ့ မေကာင္းဘူး ေသဖို႔မ်ားတယ္။ ေခါင္းေတြလဲ ထိထားတာဆိုေတာ့။” လို႔ အမည္မေဖာ္လိုသူက C8 Newss ကို ေျပာျပပါတယ္။

မေန႔ကလည္း ရန္ကုန္တိုင္းေဒသႀကီး၊ ေ႐ႊျပည္သာၿမိဳ႕နယ္၊ ေလွာ္ကားေက်း႐ြာ၊ ေလွာ္ကားဘုရားေလး မွတ္တိုင္အနီးက နီလာေဈးမွာ ဒီေန႔ မနက္ပိုင္းက ဇနီးျဖစ္သူနဲ႔အတူ မုန႔္ဟင္းခါးစားေနတဲ့ ရာအိမ္မႉး ဦးဝင္းေဇာ္ ေသနတ္နဲ႔ ပစ္ခတ္ခံရၿပီးေနာက္ ေသဆုံးသြားခဲ့ပါတယ္။

ဇနီးဖြစ်သူနဲ့ စက်ဘီးအတူ စီးလာချိန် ရာအိမ်မှူး ဦးသောင်းဒန် ေ-သန-တ်ပစ်ခံရ

C8 News

ရန်ကုန်၊ သြဂုတ် (၂၀)

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (၂) ရပ်ကွက် ရာအိမ်မှူး ဦးသောင်းဒန် ဒီနေ့ မနက်ပိုင်းက ဇနီးဖြစ်သူနဲ့ စက်ဘီးအတူစီးလာချိန် သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“စက်ဘီးကို ဟိုဘက်ရမ်းလိုက် ဒီဘက်ရမ်းလိုက်နဲ့ ပျော်နေတာ သူ့မိန်းမက ခါးလေးဖက်ပြီး ဓမ္မာရုံရှေရောက်တော့ သေနတ်နဲ့ ဝိုင်းပစ်တာ သူ့မိန်းမက (၉) လမ်းထဲဝင်ပြေးသွားတယ် သူကတော့ စက်ဘီးလက်ကိုင်လေးကိုကိုင်ပြီး သွေးအိုင်ထဲမှာ လဲနေတယ်။” လို့ ရပ်ကွက်နေပြည်သူတစ်ဦးက C8 News ကို ပြောပြတယ်။

ဒီနေ့ မနက်ပိုင်းက မြောက်ဥက္ကလာပမြို့နယ်၊ (၂) ရပ်ကွက်၊ သုမာလာ (၈) လမ်း၊ မဟာအတုလဓမ္မာရုံရှေ့မှာ ဦးသောင်းဒန် ကို အမည်မသိ သေနတ်သမားတွေက ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

ကျည်ဆံထိမှန်ခဲ့တဲ့ ဦးသောင်းဒန် ကို မြောက်ဥက္ကလာပမြို့နယ်၊ မေဓါဝီဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

“အခြေအနေတော့ မကောင်းဘူး သေဖို့များတယ်။ ခေါင်းတွေလဲ ထိထားတာဆိုတော့။” လို့ အမည်မဖော်လိုသူက C8 Newss ကို ပြောပြပါတယ်။

မနေ့ကလည်း ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ လှော်ကားကျေးရွာ၊ လှော်ကားဘုရားလေး မှတ်တိုင်အနီးက နီလာဈေးမှာ ဒီနေ့ မနက်ပိုင်းက ဇနီးဖြစ်သူနဲ့အတူ မုန့်ဟင်းခါးစားနေတဲ့ ရာအိမ်မှူး ဦးဝင်းဇော် သေနတ်နဲ့ ပစ်ခတ်ခံရပြီးနောက် သေဆုံးသွားခဲ့ပါတယ်။