Local News

ေဒၚေအာင္ဆန္းစုၾကည္ကို ေနအိမ္အက်ယ္ခ်ဳပ္ေျပာင္းဖို႔ စဥ္းစားမယ္လို႔ စစ္ေခါင္းေဆာင္ေျပာ

ေဒၚေအာင္ဆန္းစုၾကည္ကို ေနအိမ္အက်ယ္ခ်ဳပ္ေျပာင္းဖို႔ စဥ္းစားမယ္လို႔ စစ္ေခါင္းေဆာင္ေျပာ

ေဒၚေအာင္ဆန္းစုၾကည္ကို ေနအိမ္အက်ယ္ခ်ဳပ္ကို ေျပာင္းေ႐ႊ႕ဖို႔ စဥ္းစားမယ္လို႔ အာဏာသိမ္းစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က မေန႔က ေျပာၾကားပါတယ္။

ဒါေပမဲ့ စြဲဆိုထားတဲ့အမႈေတြအေပၚ စီရင္ခ်က္ခ်ၿပီးမွသာ အက်ယ္ခ်ဳပ္က်ခံရမွာျဖစ္တယ္လို႔ ေျပာဆိုေၾကာင္း သူ႔အေနနဲ႔ ေဒၚေအာင္ဆန္းစုၾကည္ကို ဒီထက္ပိုၿပီး အေရးယူေဆာင္႐ြက္မႈေတြ လုပ္ႏိုင္ေပမယ့္ သက္ညႇာခဲ့တယ္လို႔ ဆိုပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ကို ေနအိမ္ျပန္ပို႔ေရး ကုလသမဂၢ အထူးသံတမန္က ေတာင္းဆိုခဲ့တဲ့အေပၚ စစ္ေကာင္စီ ဥကၠ႒က ခုလို တုံ႔ျပန္တာျဖစ္တယ္လို႔ CNA သတင္းက ေဖာ္ျပပါတယ္။

အသက္ ၇၇ ႏွစ္ ရွိၿပီျဖစ္တဲ့ ေဒၚေအာင္ဆန္းစုၾကည္ကို စစ္ေကာင္စီက ၿပီးခဲ့တဲ့ ဇြန္လ ၂၂ ရက္ေန႔က ေနျပည္ေတာ္ အခ်ဳပ္ေထာင္ထဲကို ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ပါတယ္။

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ ေဒၚေအာင္ဆန္းစုၾကည္ဟာ အမႈေပါင္း ၁၉ ခုနဲ႔ တရားစြဲဆိုခံထားရၿပီး လက္ရွိမွာ အမႈ ၁၀ မႈအတြက္ ေထာင္ဒဏ္ ၁၇ ႏွစ္ ခ်မွတ္ခံထားရသလို က်န္ေနတဲ့ အမႈေတြကိုလည္း အခ်ဳပ္ေထာင္တြင္း တရား႐ုံးမွာပဲ ဆက္လက္ တရားရင္ဆိုင္ေနရပါတယ္။source-RFA

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ပြောင်းဖို့ စဉ်းစားမယ်လို့ စစ်ခေါင်းဆောင်ပြော

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကို ပြောင်းရွှေ့ဖို့ စဉ်းစားမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မနေ့က ပြောကြားပါတယ်။

ဒါပေမဲ့ စွဲဆိုထားတဲ့အမှုတွေအပေါ် စီရင်ချက်ချပြီးမှသာ အကျယ်ချုပ်ကျခံရမှာဖြစ်တယ်လို့ ပြောဆိုကြောင်း သူ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဒီထက်ပိုပြီး အရေးယူဆောင်ရွက်မှုတွေ လုပ်နိုင်ပေမယ့် သက်ညှာခဲ့တယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်ပြန်ပို့ရေး ကုလသမဂ္ဂ အထူးသံတမန်က တောင်းဆိုခဲ့တဲ့အပေါ် စစ်ကောင်စီ ဥက္ကဋ္ဌက ခုလို တုံ့ပြန်တာဖြစ်တယ်လို့ CNA သတင်းက ဖော်ပြပါတယ်။

အသက် ၇၇ နှစ် ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့က နေပြည်တော် အချုပ်ထောင်ထဲကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုပေါင်း ၁၉ ခုနဲ့ တရားစွဲဆိုခံထားရပြီး လက်ရှိမှာ အမှု ၁၀ မှုအတွက် ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခံထားရသလို ကျန်နေတဲ့ အမှုတွေကိုလည်း အချုပ်ထောင်တွင်း တရားရုံးမှာပဲ ဆက်လက် တရားရင်ဆိုင်နေရပါတယ်။source-RFA