စစ္တပ္ကေလယာဥ္ျဖင့္ဗုံ-းလာႀကဲစဥ္ PDF မ်ားေ-သၿပီဟုဆိုကာ ေဆာင္းေဘာက္ဖြင့္ကခုန္ခဲ့သည့္ ဒလန္ေက်ာင္းဆရာမႏွစ္ဦး ရွင္းလင္းခံရ
စစ္တပ္ကေလယာဥ္ျဖင့္ဗုံးလာႀကဲစဥ္ PDF မ်ားေသၿပီဟုဆိုကာ ေဆာင္းေဘာက္ဖြင့္ကခုန္ခဲ့သည့္ ဒလန္ေက်ာင္းဆရာမႏွစ္ဦး ရွင္းလင္းခံရ
ဂန႔္ေဂါ၊ ဩဂုတ္ ၂၀
လူငယ္ေခတ္
မေကြးတိုင္း၊ ဂန႔္ေဂါၿမိဳ႕နယ္ ျမစ္သာဆည္ေပၚရိပ္သာကုန္းသို႔ ေလယာဥ္ ၄ စီးျဖင့္စစ္တပ္ကလာေရာက္ပစ္ခတ္စဥ္ PDF မ်ားေသၿပီဟုဆိုကာ ေဆာင္းေဘာက္ဖြင့္၍ ကခုန္ခဲ့သည့္ စစ္ေကာင္စီသတင္းေပး ေက်ာင္းဆရာမ ႏွစ္ဦးကို ယခုအခါ ရွင္းလင္းလိုက္ၿပီျဖစ္ေၾကာင္း CDF – KKG တပ္ရင္း ၅ ထံမွသိရသည္။
ဂန႔္ေဂါၿမိဳ႕နယ္၊ မင္း႐ြာအတြင္းေနထိုင္သည့္ အထက္ပါေက်ာင္းဆရာမႏွစ္ဦးသည္ အဖြဲ႕အစည္းမ်ား၏ ဒလန္စာရင္းတြင္ပါဝင္ေနသည့္အျပင္ ၎တို႔၏ လုပ္ရပ္မ်ားကို ျပည္သူမ်ားက သတင္းေပးပို႔သျဖင့္ CDF – KKG တပ္ရင္း ၅ က ေနအိမ္တြင္သြားေရာက္ဖမ္းဆီးခဲ့ေၾကာင္း ယေန႔ထုတ္ျပန္ထားသည္။
“စကစလက္ပါးေစဒလန္ေတြကို ကြၽန္ေတာ္တို႔အရင္သတိေပးပါတယ္ခင္ဗ်။ စကစကိုသတင္းမေပးဖို႔၊ ေအးေအး ေဆးေဆးေနဖို႔ ပထမတစ္ခါ၊ ဒုတိယတစ္ခါ သတိေပးပါတယ္။ ဒါမွဆက္သတင္းေပးေနတယ္၊ စကစနဲ႔ဆက္ၿပီး ပတ္သက္ေနတယ္ဆိုရင္ ကြၽန္ေတာ္တို႔ဖမ္းဆီးစစ္ေဆးပါတယ္” ဟု CDF – KKG တပ္ရင္း ၅၊ ျပန္ၾကားေရးဌာနမွ တာဝန္ရွိသူတစ္ဦးက လူငယ့္ေခတ္သို႔ေျပာသည္။
အဆိုပါေက်ာင္းဆရာမႏွစ္ဦးႏွင့္ ဒလန္အုပ္စုသည္ စစ္ေခါင္းေဆာင္မင္းေအာင္ လႈိင္အတြက္ ဆုေတာင္းပြဲမ်ား ျပဳလုပ္ျခင္း၊ ေယာေဒသျပည္သူ႔ကာကြယ္ေရးတပ္မ်ားက မင္း႐ြာစခန္းသို႔ ဝင္ေရာက္စီးနင္းရာတြင္လည္း စစ္ေကာင္စီထံ သတင္းေပးခဲ့ျခင္းမ်ားျပဳလုပ္ခဲ့သည္ဟု ဝန္ခံထြက္ဆိုခဲ့ေၾကာင္း CDF – KKG တပ္ရင္း ၅ ထံမွ သိရသည္။
ထို႔ျပင္ စစ္ေကာင္စီလက္ေအာက္ရွိ ျမန္မာ့အသံ႐ုပ္ျမင္သံၾကားတြင္ အလုပ္လုပ္ကိုင္ေနသည့္ ညီမျဖစ္သူထံသို႔ လည္း ေယာေဒသအတြင္းျဖစ္ခဲ့သည့္ အ ျဖစ္အပ်က္မွန္သမွ်ကို ေန႔စဥ္ဖုန္းျဖင့္သတင္းေပးခဲ့ၿပီး စစ္ေကာင္စီကိုလည္း အျပည့္အဝေထာက္ခံသည္ဟု ဝန္ခံထြက္ဆိုသြားေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
“ေဒသအတြင္းအၾကမ္းဖက္စစ္ေကာင္စီ လက္ပါးေစဒလန္ေတြကို ဆက္မလုပ္ဖို႔၊ စစ္ေကာင္စီနဲ႔ မပတ္သက္ဖို႔၊ ေအးေအးေဆးေဆးပဲေနသြားဖို႔ေျပာခ်င္ပါတယ္”ဟု အထက္ပါတာဝန္ရွိသူက ထပ္မံသတိေပးေျပာသည္။
အဆိုပါေက်ာင္းဆရာမႏွစ္ဦးသည္ ေဒသတြင္းရွိ စစ္ေကာင္စီကိုအားေပးေထာက္ခံသည့္ ဒလန္မ်ားကို ေဖာ္ထုတ္ ေျပာဆိုသြားခဲ့ၿပီး ေဒသခံျပည္သူလူ ထု၊ ေဒသခံအဖြဲ႕အစည္းမ်ားႏွင့္ပူးေပါင္းကာ စစ္ေကာင္စီလက္ပါးေစ ဒလန္မ်ားႏွင့္ ပ်ဴေစာထီးမ်ားကို ျပင္းျပင္းထန္ထန္အေရးယူသြားမည္ျဖစ္ေၾကာင္း CDF – KKG တပ္ရင္း ၅ ထံမွ သိရသည္။
ဓာတ္ပုံ-ပုံေဟာင္း
စစ်တပ်ကလေယာဉ်ဖြင့်ဗုံ-းလာကြဲစဉ် PDF များေ-သပြီဟုဆိုကာ ဆောင်းဘောက်ဖွင့်ကခုန်ခဲ့သည့် ဒလန်ကျောင်းဆရာမနှစ်ဦး ရှင်းလင်းခံရ
စစ်တပ်ကလေယာဉ်ဖြင့်ဗုံးလာကြဲစဉ် PDF များသေပြီဟုဆိုကာ ဆောင်းဘောက်ဖွင့်ကခုန်ခဲ့သည့် ဒလန်ကျောင်းဆရာမနှစ်ဦး ရှင်းလင်းခံရ
ဂန့်ဂေါ၊ ဩဂုတ် ၂၀
လူငယ်ခေတ်
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြစ်သာဆည်ပေါ်ရိပ်သာကုန်းသို့ လေယာဉ် ၄ စီးဖြင့်စစ်တပ်ကလာရောက်ပစ်ခတ်စဉ် PDF များသေပြီဟုဆိုကာ ဆောင်းဘောက်ဖွင့်၍ ကခုန်ခဲ့သည့် စစ်ကောင်စီသတင်းပေး ကျောင်းဆရာမ နှစ်ဦးကို ယခုအခါ ရှင်းလင်းလိုက်ပြီဖြစ်ကြောင်း CDF – KKG တပ်ရင်း ၅ ထံမှသိရသည်။
ဂန့်ဂေါမြို့နယ်၊ မင်းရွာအတွင်းနေထိုင်သည့် အထက်ပါကျောင်းဆရာမနှစ်ဦးသည် အဖွဲ့အစည်းများ၏ ဒလန်စာရင်းတွင်ပါဝင်နေသည့်အပြင် ၎င်းတို့၏ လုပ်ရပ်များကို ပြည်သူများက သတင်းပေးပို့သဖြင့် CDF – KKG တပ်ရင်း ၅ က နေအိမ်တွင်သွားရောက်ဖမ်းဆီးခဲ့ကြောင်း ယနေ့ထုတ်ပြန်ထားသည်။
“စကစလက်ပါးစေဒလန်တွေကို ကျွန်တော်တို့အရင်သတိပေးပါတယ်ခင်ဗျ။ စကစကိုသတင်းမပေးဖို့၊ အေးအေး ဆေးဆေးနေဖို့ ပထမတစ်ခါ၊ ဒုတိယတစ်ခါ သတိပေးပါတယ်။ ဒါမှဆက်သတင်းပေးနေတယ်၊ စကစနဲ့ဆက်ပြီး ပတ်သက်နေတယ်ဆိုရင် ကျွန်တော်တို့ဖမ်းဆီးစစ်ဆေးပါတယ်” ဟု CDF – KKG တပ်ရင်း ၅၊ ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက လူငယ့်ခေတ်သို့ပြောသည်။
အဆိုပါကျောင်းဆရာမနှစ်ဦးနှင့် ဒလန်အုပ်စုသည် စစ်ခေါင်းဆောင်မင်းအောင် လှိုင်အတွက် ဆုတောင်းပွဲများ ပြုလုပ်ခြင်း၊ ယောဒေသပြည်သူ့ကာကွယ်ရေးတပ်များက မင်းရွာစခန်းသို့ ဝင်ရောက်စီးနင်းရာတွင်လည်း စစ်ကောင်စီထံ သတင်းပေးခဲ့ခြင်းများပြုလုပ်ခဲ့သည်ဟု ဝန်ခံထွက်ဆိုခဲ့ကြောင်း CDF – KKG တပ်ရင်း ၅ ထံမှ သိရသည်။
ထို့ပြင် စစ်ကောင်စီလက်အောက်ရှိ မြန်မာ့အသံရုပ်မြင်သံကြားတွင် အလုပ်လုပ်ကိုင်နေသည့် ညီမဖြစ်သူထံသို့ လည်း ယောဒေသအတွင်းဖြစ်ခဲ့သည့် အ ဖြစ်အပျက်မှန်သမျှကို နေ့စဉ်ဖုန်းဖြင့်သတင်းပေးခဲ့ပြီး စစ်ကောင်စီကိုလည်း အပြည့်အဝထောက်ခံသည်ဟု ဝန်ခံထွက်ဆိုသွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ဒေသအတွင်းအကြမ်းဖက်စစ်ကောင်စီ လက်ပါးစေဒလန်တွေကို ဆက်မလုပ်ဖို့၊ စစ်ကောင်စီနဲ့ မပတ်သက်ဖို့၊ အေးအေးဆေးဆေးပဲနေသွားဖို့ပြောချင်ပါတယ်”ဟု အထက်ပါတာဝန်ရှိသူက ထပ်မံသတိပေးပြောသည်။
အဆိုပါကျောင်းဆရာမနှစ်ဦးသည် ဒေသတွင်းရှိ စစ်ကောင်စီကိုအားပေးထောက်ခံသည့် ဒလန်များကို ဖော်ထုတ် ပြောဆိုသွားခဲ့ပြီး ဒေသခံပြည်သူလူ ထု၊ ဒေသခံအဖွဲ့အစည်းများနှင့်ပူးပေါင်းကာ စစ်ကောင်စီလက်ပါးစေ ဒလန်များနှင့် ပျူစောထီးများကို ပြင်းပြင်းထန်ထန်အရေးယူသွားမည်ဖြစ်ကြောင်း CDF – KKG တပ်ရင်း ၅ ထံမှ သိရသည်။
ဓာတ်ပုံ-ပုံဟောင်း