Local News

စစ္ေထာက္လွမ္းေရးတစ္ဦး ဖမ္းဆီးရမိ၊

ၿမိဳင္ – ပခုကၠဴလမ္းတြင္ စစ္ေထာက္လွမ္းေရးတစ္ဦး ဖမ္းဆီးရမိ၊ ခုခံထြက္ေျပး၍ ရွင္းလင္းခဲ့ရဟု ‌ထုတ္ျပန္

ေအာင္ေဇယ်/People’s Spring

မေကြးတိုင္း၊ ၿမိဳင္ – ပခုကၠဴလမ္းေပၚတြင္ အၾကမ္းဖက္စစ္ေကာင္စီတပ္၏ စစ္ေထာက္လွမ္းေရးတစ္ဦးအား စစ္ေဆးေတြ႕ရွိၿပီးေနာက္ ၎က ျပန္လည္ခုခံထြက္ေျပးသျဖင့္ ရွင္းလင္းခဲ့ရေၾကာင္း ၿမိဳင္ၿမိဳ႕နယ္ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕က သတင္းထုတ္ျပန္သည္။

ယေန႔ (ၾသဂုတ္လ ၂၀ ရက္) ညေန ၅ နာရီခန႔္က ၿမိဳင္ – ပခုကၠဴလမ္းပိုင္းတြင္ စစ္ေကာင္စီတပ္က ေစလႊတ္လိုက္ေသာ စစ္ေထာက္လွမ္းေရးတစ္ဦးအား ဖမ္းဆီးရမိခဲ့ေၾကာင္း၊ ယင္းစစ္ေထာက္လွမ္းေရးသည္ ရဲေဘာ္မ်ားအား ျပန္လည္ခုခံထြက္ေျပးသျဖင့္ လိုက္လံပစ္ခတ္ခဲ့ရာ အ‌ေသပစ္ခတ္ရရွိေၾကာင္း ၿမိဳင္(ပ.က.ဖ)က ၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။

ၿမိဳင္ (ပ.က.ဖ)အဖြဲ႕က ဗိုလ္လက္ယ်ာက “ပခုကၠဴဘက္က လာတဲ့ကားမွာ ပခုကၠဴနဲ႔ ၿမိဳင္နယ္အစပ္မွာမိတာ။ စစ္ေဆးေတာ့ ကြၽန္ေတာ္တို႔အဖြဲ႕ထဲက ငယ္တဲ့ကေလးေတြဆီကေန လက္နက္ဝင္လုဖို႔လုပ္တာ။ အဲဒါေၾကာင့္ ရွင္းပစ္လိုက္ရတာ။

DSA အပတ္စဥ္ ၆၀က။ အရပ္ဝတ္နဲ႔လာတာ။ ဟိုလိုဆိုရင္ သူ႔ကိုေကာင္းေကာင္းမြန္မြန္ထား ေမးစရာရွိတာေမးၿပီး လြတ္ေျမာက္နယ္ေျမပို႔ေပးမွာပါ။ အခုေတာ့လက္နက္ဝင္လုလို႔ ရွင္းလိုက္တာပါ။”ဟု ေျပာသည္။

ယင္းစစ္ေထာက္လွမ္းေရးထံမွ စာ႐ြက္စာတမ္းမ်ား၊ Gopro Hero 9 ကင္မရ (၁)လုံးႏွင့္ စပ္ဆက္ပစၥည္းမ်ား၊ 4k video camera (၁)လုံး၊ BOYA M1 မိုက္က႐ိုဖုန္း (၁)ခု၊ DJI OM4 (၁)ခု၊ Spy camera glass (၁)ခု၊ Tripod (၁)ခု၊ Gopro Hero 9/10 waterproof (၁)ခု၊

အားသြင္းႀကိဳးမ်ိဳးစုံ၊ ပိုက္ဆံအိတ္ (၁)အိတ္၊ ဖုန္း (၁)လုံး ႏွင့္ ကင္မရာစပ္ဆက္ပစၥည္းမ်ား သိမ္းဆည္းရမိခဲ့ေၾကာင္း ၿမိဳင္(ပကဖ) က အသိေပးသည္။

ၿမိဳင္ၿမိဳ႕နယ္တြင္ အၾကမ္းဖက္စစ္တပ္ႏွင့္ ေဒသတြင္း PDFမ်ားအၾကား တိုက္ပြဲမ်ားျဖစ္ပြားေနၿပီး ၿမိဳင္-ပခုကၠဴလမ္းအပါအဝင္ လမ္းပိုင္းမ်ားတြင္ PDF အဖြဲ႕မ်ားက မၾကာခဏစစ္ေဆးမႈမ်ား ေဆာင္႐ြက္ေနၾကသည္။

စစ္ေထာက္လွမ္းေရးထံမွသိမ္းဆည္းရမိေသာ စာ႐ြက္စာတမ္းႏွင့္ ပစၥ​ည္းမ်ား၊ဓာတ္ပုံ – ၿမိဳင္(ပ.က.ဖ)

မြိုင် – ပခုက္ကူလမ်းတွင် စစ်ထောက်လှမ်းရေးတစ်ဦး ဖမ်းဆီးရမိ၊ ခုခံထွက်ပြေး၍ ရှင်းလင်းခဲ့ရဟု ‌ထုတ်ပြန်

အောင်ဇေယျ/People’s Spring

မကွေးတိုင်း၊ မြိုင် – ပခုက္ကူလမ်းပေါ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်ထောက်လှမ်းရေးတစ်ဦးအား စစ်ဆေးတွေ့ရှိပြီးနောက် ၎င်းက ပြန်လည်ခုခံထွက်ပြေးသဖြင့် ရှင်းလင်းခဲ့ရကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့ (သြဂုတ်လ ၂၀ ရက်) ညနေ ၅ နာရီခန့်က မြိုင် – ပခုက္ကူလမ်းပိုင်းတွင် စစ်ကောင်စီတပ်က စေလွှတ်လိုက်သော စစ်ထောက်လှမ်းရေးတစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း၊ ယင်းစစ်ထောက်လှမ်းရေးသည် ရဲဘော်များအား ပြန်လည်ခုခံထွက်ပြေးသဖြင့် လိုက်လံပစ်ခတ်ခဲ့ရာ အ‌သေပစ်ခတ်ရရှိကြောင်း မြိုင်(ပ.က.ဖ)က ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မြိုင် (ပ.က.ဖ)အဖွဲ့က ဗိုလ်လက်ယျာက “ပခုက္ကူဘက်က လာတဲ့ကားမှာ ပခုက္ကူနဲ့ မြိုင်နယ်အစပ်မှာမိတာ။ စစ်ဆေးတော့ ကျွန်တော်တို့အဖွဲ့ထဲက ငယ်တဲ့ကလေးတွေဆီကနေ လက်နက်ဝင်လုဖို့လုပ်တာ။ အဲဒါကြောင့် ရှင်းပစ်လိုက်ရတာ။

DSA အပတ်စဉ် ၆၀က။ အရပ်ဝတ်နဲ့လာတာ။ ဟိုလိုဆိုရင် သူ့ကိုကောင်းကောင်းမွန်မွန်ထား မေးစရာရှိတာမေးပြီး လွတ်မြောက်နယ်မြေပို့ပေးမှာပါ။ အခုတော့လက်နက်ဝင်လုလို့ ရှင်းလိုက်တာပါ။”ဟု ပြောသည်။

ယင်းစစ်ထောက်လှမ်းရေးထံမှ စာရွက်စာတမ်းများ၊ Gopro Hero 9 ကင်မရ (၁)လုံးနှင့် စပ်ဆက်ပစ္စည်းများ၊ 4k video camera (၁)လုံး၊ BOYA M1 မိုက်ကရိုဖုန်း (၁)ခု၊ DJI OM4 (၁)ခု၊ Spy camera glass (၁)ခု၊ Tripod (၁)ခု၊ Gopro Hero 9/10 waterproof (၁)ခု၊

အားသွင်းကြိုးမျိုးစုံ၊ ပိုက်ဆံအိတ် (၁)အိတ်၊ ဖုန်း (၁)လုံး နှင့် ကင်မရာစပ်ဆက်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း မြိုင်(ပကဖ) က အသိပေးသည်။

မြိုင်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်နှင့် ဒေသတွင်း PDFများအကြား တိုက်ပွဲများဖြစ်ပွားနေပြီး မြိုင်-ပခုက္ကူလမ်းအပါအဝင် လမ်းပိုင်းများတွင် PDF အဖွဲ့များက မကြာခဏစစ်ဆေးမှုများ ဆောင်ရွက်နေကြသည်။

စစ်ထောက်လှမ်းရေးထံမှသိမ်းဆည်းရမိသော စာရွက်စာတမ်းနှင့် ပစ္စည်းများ၊ဓာတ်ပုံ – မြိုင်(ပ.က.ဖ)