Local News

စကစဘက္က လႈပ္ရွားမႈေတြနဲ႔ ပတ္သက္ၿပီး အေျပာင္အပ်က္လုပ္ၾကတဲ့အေပၚ ေျမျပင္ PDF ရဲေဘာ္တစ္ဦးမွ တိုက္တြန္းအႀကံျပဳစာ”

“ရန္သူစကစဘက္က လႈပ္ရွားမႈေတြနဲ႔ ပတ္သက္ၿပီး အေျပာင္အပ်က္လုပ္ၾကတဲ့အေပၚ ေျမျပင္ PDF ရဲေဘာ္တစ္ဦးမွ တိုက္တြန္းအႀကံျပဳစာ”

ဩဂုတ္ ၂၀ ၊ ၂၀၂၂

“ဖက္ဆစ္စစ္တပ္ဘက္က လႈပ္ရွားမႈတိုင္း ကို တခ်ိဳေတြ ဟာသလုပ္ၿပီး ေလွာင္ေျပာင္ၾကတာနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္အဓိကေျပာခ်င္တယ္။ ဒါက တခါလဲမဟုတ္ ႏွစ္ခါလဲမဟုတ္ဘဲ ခနခန အေျပာင္အပ်က္လုပ္ရင္းကေန စကစလုပ္တဲ့အၾကမ္းဖက္မႈေတြ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြကို ပုံမွန္အေလ့အထလို ရယ္ေမာၾကရင္း စိတ္အပန္းေျဖၾကရာကေန အက်င့္ပါသြားၾကတယ္ ေနသားက်သြားၾကတယ္ေပါ့။

စစ္တပ္ဖက္ကခုဆို ဟိုတေန႔က OK Par ဆိုတဲ့ App ထြက္တယ္ လူေတြေလွာင္ၾကတယ္၊ ေနာက္ စစ္တပ္ဖက္က လူစားလဲတယ္ ရာထူးကပယ္ရွားတယ္ ျဖဳတ္ခ်တယ္၊ ဒါကိုလည္း အေျပာင္အပ်က္လုပ္ၾကတယ္၊ တဖက္ရန္သူကို ေလွ်ာ့တြက္ၾကတယ္။ လိုင္းေပၚကေနပဲလုပ္ေနၾကတဲ့ အြန္လိုင္းေတာ္လွန္ေရးလိုျဖစ္ေနၿပီ ခင္ဗ်ားတိုက။

တဖတ္ရန္သူကို သိပ္ကိုေလွ်ာ့တြက္ၿပီး အထင္ေသးလြန္းၾကတယ္။ ေၾကာက္ဖို လန႔္ဖိုမဟုတ္ဘူး။ ဒါေပမယ့္ အေျပာင္အပ်က္ေလွ်ာ့ၿပီး ေပါေတာေတာမလုပ္ၾကဘဲ ေတာ္လွန္ေရးကို ေတာ္လွန္ေရးလို ျမင္ၾကဖို လုပ္ၾကဖိုပဲ။

တခုခင္ဗ်ားတိုစဥ္းစားရမွာက စကစဘက္က သူလုပ္စရာရွိတာေတြက မွားရင္သာမွားေနမယ္။ ရက္စက္ယုတ္မာေနရင္သာ ရက္စက္ေနမယ္။ သူ႔အတြက္အလုပ္မျဖစ္တဲ့သူဆို သူ႔ဘက္ကျဖဳတ္ခ်ဖို လူစားလဲဖို ဝန္မေလးဘူး။ သူလုပ္စရာရွိတဲ့အရာ‌ေတြကို အၾကမ္းဖက္ရဖက္ရ ျပတ္ျပတ္သားသားလုပ္တယ္ေပါ့။

ဒါမ်ိဳးေျပာရင္လည္းတခ်ိဳေတြက ဒီေကာင္ဒလန္တို ေသြးခြဲေနၿပီတို အုပ္လိုက္ႀကီးဝိုင္းဗ်င္းခံရေကာ။ ခုေတာ့မျဖစ္မေနမို ေျပာရေတာ့မယ္။ ဒလန္ထင္လည္းမတတ္ႏိုင္ဘူး။ ဒလန္လိုသတ္မွတ္ခံရမွာေၾကာက္ေနတာနဲ႔တင္ ေဝဖန္စရာရွိတာ မေဝဖန္ရဲ၊ မေထာက္ျပရဲနဲ႔ ကိုယ္ေထာက္ခံခဲ့တဲ့ အစိုးရကိုေတာင္ ျပန္ေၾကာက္ေနရသလိုျဖစ္ေနၿပီ။

ကြၽန္ေတာ္တိုဘက္ကလူႀကီးေတြေကာ ဟိုဝန္ႀကီးေတြေကာ ဝန္ကေလးေတြေကာ ေျပာထားတဲ့အတိုင္း တကယ္လုပ္ေနၾကရဲ႕လား။ ျပတ္ျပတ္သားသားရွိၾကရဲ႕လားေပါ့။ ျပတ္ျပတ္သားသားလုပ္ၾကတဲ့ေနရာမွာလဲ ႐ိုးသားဖိုလိုတယ္ ပြင့္လင္းဖိုလဲလိုတာေပါ့။ ဒါကေတာ့ NUG တို NUCC တိုစသျဖင့္ထိပ္ပိုင္းေခါင္းေဆာင္ေတြကို ေျပာတာပါ။

ကြၽန္ေတာ္တိုျပည္သူေတြကိုတိုက္တြန္းလိုတာကလည္း အႏွစ္ခ်ဳပ္ရရင္ တဖက္ရန္သူစကစဘက္က လုပ္သမွ်တိုင္း လႈပ္ရွားမႈတိုင္းကို အေျပာင္အပ်က္ ဟာသခ်ည္း ေပါေတာေတာလုပ္မေနၾကဘဲ တကယ့္လက္ေတြ႕မွာထိေရာက္ၿပီး စစ္အာဏာရွင္နဲ႔ အာဏာရွင္စနစ္အျမစ္ျဖတ္ႏိုင္မယ့္ နည္းလမ္းေတြသာ အဓိကေ႐ြးစဥ္းစားဆုံးျဖတ္ၾကၿပီး ေတာ္လွန္ေရးမွာ လက္ေတြ႕က်က် ပါဝင္ၾကေစခ်င္တယ္။ ထိပ္ပိုင္းကလူႀကီးေတြျဖစ္တဲ့ ဟို NUG တို NUCC တိုမွာ အားနည္းခ်က္ေတြရွိတဲ့ အခါမွာလည္း ျပတ္ျပတ္သားသားေထာက္ျပၾက တိုက္တြန္းၾကေစခ်င္တယ္။ ဒီေလာက္ပါပဲ…”

“ရန်သူစကစဘက်က လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး အပြောင်အပျက်လုပ်ကြတဲ့အပေါ် မြေပြင် PDF ရဲဘော်တစ်ဦးမှ တိုက်တွန်းအကြံပြုစာ”

ဩဂုတ် ၂၀ ၊ ၂၀၂၂

“ဖက်ဆစ်စစ်တပ်ဘက်က လှုပ်ရှားမှုတိုင်း ကို တချိုတွေ ဟာသလုပ်ပြီး လှောင်ပြောင်ကြတာနဲ့ပတ်သက်ပြီး ကျွန်တော်အဓိကပြောချင်တယ်။ ဒါက တခါလဲမဟုတ် နှစ်ခါလဲမဟုတ်ဘဲ ခနခန အပြောင်အပျက်လုပ်ရင်းကနေ စကစလုပ်တဲ့အကြမ်းဖက်မှုတွေ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပုံမှန်အလေ့အထလို ရယ်မောကြရင်း စိတ်အပန်းဖြေကြရာကနေ အကျင့်ပါသွားကြတယ် နေသားကျသွားကြတယ်ပေါ့။

စစ်တပ်ဖက်ကခုဆို ဟိုတနေ့က OK Par ဆိုတဲ့ App ထွက်တယ် လူတွေလှောင်ကြတယ်၊ နောက် စစ်တပ်ဖက်က လူစားလဲတယ် ရာထူးကပယ်ရှားတယ် ဖြုတ်ချတယ်၊ ဒါကိုလည်း အပြောင်အပျက်လုပ်ကြတယ်၊ တဖက်ရန်သူကို လျှော့တွက်ကြတယ်။ လိုင်းပေါ်ကနေပဲလုပ်နေကြတဲ့ အွန်လိုင်းတော်လှန်ရေးလိုဖြစ်နေပြီ ခင်ဗျားတိုက။

တဖတ်ရန်သူကို သိပ်ကိုလျှော့တွက်ပြီး အထင်သေးလွန်းကြတယ်။ ကြောက်ဖို လန့်ဖိုမဟုတ်ဘူး။ ဒါပေမယ့် အပြောင်အပျက်လျှော့ပြီး ပေါတောတောမလုပ်ကြဘဲ တော်လှန်ရေးကို တော်လှန်ရေးလို မြင်ကြဖို လုပ်ကြဖိုပဲ။

တခုခင်ဗျားတိုစဉ်းစားရမှာက စကစဘက်က သူလုပ်စရာရှိတာတွေက မှားရင်သာမှားနေမယ်။ ရက်စက်ယုတ်မာနေရင်သာ ရက်စက်နေမယ်။ သူ့အတွက်အလုပ်မဖြစ်တဲ့သူဆို သူ့ဘက်ကဖြုတ်ချဖို လူစားလဲဖို ဝန်မလေးဘူး။ သူလုပ်စရာရှိတဲ့အရာ‌တွေကို အကြမ်းဖက်ရဖက်ရ ပြတ်ပြတ်သားသားလုပ်တယ်ပေါ့။

ဒါမျိုးပြောရင်လည်းတချိုတွေက ဒီကောင်ဒလန်တို သွေးခွဲနေပြီတို အုပ်လိုက်ကြီးဝိုင်းဗျင်းခံရကော။ ခုတော့မဖြစ်မနေမို ပြောရတော့မယ်။ ဒလန်ထင်လည်းမတတ်နိုင်ဘူး။ ဒလန်လိုသတ်မှတ်ခံရမှာကြောက်နေတာနဲ့တင် ဝေဖန်စရာရှိတာ မဝေဖန်ရဲ၊ မထောက်ပြရဲနဲ့ ကိုယ်ထောက်ခံခဲ့တဲ့ အစိုးရကိုတောင် ပြန်ကြောက်နေရသလိုဖြစ်နေပြီ။

ကျွန်တော်တိုဘက်ကလူကြီးတွေကော ဟိုဝန်ကြီးတွေကော ဝန်ကလေးတွေကော ပြောထားတဲ့အတိုင်း တကယ်လုပ်နေကြရဲ့လား။ ပြတ်ပြတ်သားသားရှိကြရဲ့လားပေါ့။ ပြတ်ပြတ်သားသားလုပ်ကြတဲ့နေရာမှာလဲ ရိုးသားဖိုလိုတယ် ပွင့်လင်းဖိုလဲလိုတာပေါ့။ ဒါကတော့ NUG တို NUCC တိုစသဖြင့်ထိပ်ပိုင်းခေါင်းဆောင်တွေကို ပြောတာပါ။

ကျွန်တော်တိုပြည်သူတွေကိုတိုက်တွန်းလိုတာကလည်း အနှစ်ချုပ်ရရင် တဖက်ရန်သူစကစဘက်က လုပ်သမျှတိုင်း လှုပ်ရှားမှုတိုင်းကို အပြောင်အပျက် ဟာသချည်း ပေါတောတောလုပ်မနေကြဘဲ တကယ့်လက်တွေ့မှာထိရောက်ပြီး စစ်အာဏာရှင်နဲ့ အာဏာရှင်စနစ်အမြစ်ဖြတ်နိုင်မယ့် နည်းလမ်းတွေသာ အဓိကရွေးစဉ်းစားဆုံးဖြတ်ကြပြီး တော်လှန်ရေးမှာ လက်တွေ့ကျကျ ပါဝင်ကြစေချင်တယ်။ ထိပ်ပိုင်းကလူကြီးတွေဖြစ်တဲ့ ဟို NUG တို NUCC တိုမှာ အားနည်းချက်တွေရှိတဲ့ အခါမှာလည်း ပြတ်ပြတ်သားသားထောက်ပြကြ တိုက်တွန်းကြစေချင်တယ်။ ဒီလောက်ပါပဲ…”