ပလက္၀ၿမိဳ႕နယ္တြင္ စစ္ေကာင္စီစခန္းကုန္းမ်ားကိုသိမ္းပိုက္
ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္ႏွင့္ ရခိုင္ျပည္နယ္ အေနာက္ဘက္နယ္စပ္ ေမာင္ေတာၿမိဳ႕နယ္ ေျမာက္ပိုင္းတို႔တြင္ စစ္ေကာင္စီတပ္ႏွင့္ ရကၡိဳင့္တပ္ေတာ္(AA)တို႔ အၾကား တိုက္ပြဲမ်ား ျပင္းထန္စြာ ဆက္လက္ျဖစ္ပြားေနၿပီး ပလက္၀ၿမိဳ႕နယ္တြင္ စစ္ေကာင္စီတပ္စခန္းကုန္းတခ်ိဳ႕ကို ေအေအက သိမ္းပိုက္ခဲ့သည္ဟု သတင္းရရွိသည္။
ပလက္ဝၿမိဳ႕နယ္တြင္ ျဖစ္ပြားေနသည့္ တိုက္ပြဲမွာ ယခင္ျဖစ္ပြားခဲ့သည့္ သူေဌးကုန္းေက်း႐ြာအနီးတြင္ ျဖစ္ပြားေနၿပီး ၾသဂုတ္လ ၂၀ ရက္ႏွင့္ ၂၁ ရက္ေန႔တို႔တြင္လည္း တိုက္ပြဲမ်ား ျဖစ္ပြားခဲ့ၿပီး ယေန႔ ၾသဂုတ္လ ၂၂ ရက္ နံနက္အထိ ဆက္တိုက္ျဖစ္ပြားေနျခင္းျဖစ္ေၾကာင္း ေဒသခံမ်ားက ေျပာသည္။
ေဒသခံတစ္ဦးက “ မေန႔ည ၇ နာရီ၊ ၈ နာရီ ေလာက္အထိ တိုက္ပြဲက ျပင္းထန္ ျဖစ္ပြားခဲ့တယ္။ မိုးကလည္း အရမ္းသည္းတယ္။ ဒီေန႔ မနက္က်ေတာ့ အာ႐ုဏ္ဦးမနက္ ၄ နာရီေလာက္ကေန ျပန္ျဖစ္ေနၾကတာပါ။ ၈ နာရီေလာက္အထိ ပစ္ခတ္သံေတြၾကားခဲ့ရတယ္။ အခုေတာ့ ၿငိမ္သြားပါၿပီ” ဟု ယေန႔ မနက္ ၁၀ နာရီခန႔္၌ ေျပာသည္။
ယမန္ေန႔က ျဖစ္ပြားခဲ့သည့္ သူေဌးကုန္းအနီး တိုက္ပြဲတြင္ ေအေအဘက္က စစ္ေကာင္စီတပ္စခန္း ၃ ခုအပါအဝင္ သူေဌးကုန္းအေရွ႕ဘက္ေတာင္ေၾကာတစ္ေၾကာလုံးကို သိမ္းပိုက္ႏိုင္ခဲ့ၿပီး စစ္ေကာင္စီ တပ္သား ၂၀ ခန႔္ဖမ္းဆီးရမိထားေၾကာင္း ေအေအႏွင့္နီးစပ္သူတစ္ဦးက နိရၪၥရာကို ေျပာသည္။
“သူေဌးကုန္းရဲ႕ အေရွ႕ဘက္ေတာင္ေၾကာတစ္ေၾကာလုံးကို အပိုင္သိမ္းႏိုင္တယ္လို႔ သိရတယ္။ အဲ့ဒီေနရာက စခန္းအႀကီးအငယ္ (၃) ခုကို သိမ္းထားလိုက္ၿပီ။ အရွင္ ၂၀ နီးပါးဖမ္းမိထားပါတယ္” ဟု ေျပာသည္။
ပလက္ဝတြင္ ၾသဂုတ္လ ၂၀ ရက္ေန႔ႏွင့္ ၂၁ ရက္ေန႔တို႔တြင္ ျဖစ္ပြားခဲ့သည့္တိုက္ပြဲတြင္လည္း စစ္ေကာင္စီဘက္က ၄၀ ဦးခန္း က်ဆုံးၿပီး AA ဘက္ကလည္း ထိခိုက္ဒဏ္ရာရရွိသူ အနည္းငယ္ ရွိခဲ့ေၾကာင္း ၎က ေျပာသည္။
အဆိုပါ အက်အဆုံး၊ ထိခိုက္မႈမ်ားကို စစ္ေကာင္စီေျပာေရးဆိုခြင့္ရွိသူမ်ားကို နိရၪၥရာသတင္းဌာနအေနျဖင့္ ဆက္သြယ္ေသာ္လည္း ဆက္သြယ္၍ မရေသးသျဖင့္ သီးျခား အတည္ျပဳႏိုင္ျခင္း မရွိေသးပါ။
ယင္းအျပင္ ေမာင္ေတာၿမိဳ႕နယ္ မီးတိုက္ႏွင့္ ေတာင္ၿပိဳၿမိဳ႕အနီးတြင္လည္း ယေန႔ နံနက္က ထပ္မံတိုက္ပြဲျဖစ္ပြားခဲ့ေၾကာင္း ေဒသခံမ်ားကေျပာသည္။
ေဒသခံအမ်ိဳးသမီး တစ္ဦးက “ဒီေန႔ မနက္ ၅ နာရီေလာက္ကေန ၂ ဘက္တိုက္ပြဲျဖစ္ၾကတာ။ က်မတို႔ ပစ္ခတ္သံေတြ ၾကားရသေလာက္ကေတာ့ လက္နက္ႀကီး၊ လက္နက္ငယ္သံေတြဆက္တိုက္ပဲ။ ဆက္တိုက္ဆက္တိုက္ ပစ္ၾကတာ။ မနက္ ၁၀ နာရီနီးပါးအထိၾကားရပါတယ္။ အခုကေတာ့ နာရီဝက္ေလာက္ေနမွ သုံးေလးခ်က္ပဲ ၾကားရေတာ့တယ္”ဟု ယေန႔နံနက္ ၁၀ နာရီေက်ာ္ အခ်ိန္ဆက္သြယ္စဥ္ ဖုန္းမွတဆင့္ ေျပာသည္။
ေတာင္ၿပိဳအနီးတြင္ ယမန္ေန႔ ၾသဂုတ္၂၁ ရက္ေန႔ နံနက္ပိုင္းကလည္း ထိေတြ႕တိုက္ပြဲ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ရကၡိဳင့္တပ္ေတာ္(AA) ႏွင့္ စစ္ေကာင္စီတပ္တို႔သည့္ ယခုၾသဂုတ္လအတြင္း ရေသ့ေတာင္၊ ေမာင္ေတာ ႏွင့္ ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္တို႔တြင္ တေက်ာ့ျပန္တိုက္ပြဲမ်ား ဆက္တိုက္ျဖစ္ပြားလ်က္ရွိၿပီး ယခုတိုက္ပြဲမ်ားမွာ နယ္ေျမသိမ္းတိုက္ပြဲမ်ား ျဖစ္သျဖင့္ ယခင္တိုက္ပြဲမ်ားထက္ ပိုျပင္း ထန္လာႏိုင္ေၾကာင္း ရခိုင္စစ္ေရး ေလ့လာသုံးသပ္သူမ်ားက ေျပာဆိုထားသည္။
လက္ရွိ ျဖစ္ပြားေနေသာ ေမာင္ေတာၿမိဳ႕နယ္ ေျမာက္ပိုင္းေဒသမ်ားမွာ တစ္ဖက္ႏိုင္ငံ ဘဂၤလားေဒ့ရွ္ႏွင့္ နီးကပ္စြာ တည္ရွိၿပီး စစ္ေရးမဟာဗ်ဴဟာအရ အေရးပါေသာနယ္ေျမမ်ားျဖစ္သျဖင့္ ႏွစ္ဖက္ တပ္မ်ားအေနျဖင့္ ၎နယ္ျမကို ထိန္းခ်ဳပ္ႏိုင္ေရးအတြက္ အျပန္အလွန္တိုက္ခိုက္ေနၾကျခင္းျဖစ္ေၾကာင္း ၎တို႔က ဆက္လက္သုံးသပ္ေျပာဆိုသည္။
လက္ရွိတြင္ စစ္ပြဲျပင္းထန္ခဲ့သည့္ ရေသ့ေတာင္ၿမိဳ႕နယ္ႏွင့္ ေမာင္ေတာၿမိဳ႕နယ္သြားတို႔တြင္ စစ္ေကာင္စီက အငူေမာ္-ေမာင္ေတာ ကားလမ္းႏွင့္ ႐ြာျပင္ထြက္သြားလာခြင့္မ်ား ပိတ္ပင္ထားသည့္ အတြက္ ေဒသခံမ်ား စားနပ္ရိကၡာျပတ္ေတာက္မႈမ်ားႏွင့္ ရင္ဆိုင္ေနရေၾကာင္း သိရသည္။ (NN-7)
ပလက်၀မြို့နယ်တွင် စစ်ကောင်စီစခန်းကုန်းများကိုသိမ်းပိုက်
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ် မြောက်ပိုင်းတို့တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ အကြား တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေပြီး ပလက်၀မြို့နယ်တွင် စစ်ကောင်စီတပ်စခန်းကုန်းတချို့ကို အေအေက သိမ်းပိုက်ခဲ့သည်ဟု သတင်းရရှိသည်။
ပလက်ဝမြို့နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲမှာ ယခင်ဖြစ်ပွားခဲ့သည့် သူဌေးကုန်းကျေးရွာအနီးတွင် ဖြစ်ပွားနေပြီး သြဂုတ်လ ၂၀ ရက်နှင့် ၂၁ ရက်နေ့တို့တွင်လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ယနေ့ သြဂုတ်လ ၂၂ ရက် နံနက်အထိ ဆက်တိုက်ဖြစ်ပွားနေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ဒေသခံတစ်ဦးက “ မနေ့ည ၇ နာရီ၊ ၈ နာရီ လောက်အထိ တိုက်ပွဲက ပြင်းထန် ဖြစ်ပွားခဲ့တယ်။ မိုးကလည်း အရမ်းသည်းတယ်။ ဒီနေ့ မနက်ကျတော့ အာရုဏ်ဦးမနက် ၄ နာရီလောက်ကနေ ပြန်ဖြစ်နေကြတာပါ။ ၈ နာရီလောက်အထိ ပစ်ခတ်သံတွေကြားခဲ့ရတယ်။ အခုတော့ ငြိမ်သွားပါပြီ” ဟု ယနေ့ မနက် ၁၀ နာရီခန့်၌ ပြောသည်။
ယမန်နေ့က ဖြစ်ပွားခဲ့သည့် သူဌေးကုန်းအနီး တိုက်ပွဲတွင် အေအေဘက်က စစ်ကောင်စီတပ်စခန်း ၃ ခုအပါအဝင် သူဌေးကုန်းအရှေ့ဘက်တောင်ကြောတစ်ကြောလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၂၀ ခန့်ဖမ်းဆီးရမိထားကြောင်း အေအေနှင့်နီးစပ်သူတစ်ဦးက နိရဉ္စရာကို ပြောသည်။
“သူဌေးကုန်းရဲ့ အရှေ့ဘက်တောင်ကြောတစ်ကြောလုံးကို အပိုင်သိမ်းနိုင်တယ်လို့ သိရတယ်။ အဲ့ဒီနေရာက စခန်းအကြီးအငယ် (၃) ခုကို သိမ်းထားလိုက်ပြီ။ အရှင် ၂၀ နီးပါးဖမ်းမိထားပါတယ်” ဟု ပြောသည်။
ပလက်ဝတွင် သြဂုတ်လ ၂၀ ရက်နေ့နှင့် ၂၁ ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင်လည်း စစ်ကောင်စီဘက်က ၄၀ ဦးခန်း ကျဆုံးပြီး AA ဘက်ကလည်း ထိခိုက်ဒဏ်ရာရရှိသူ အနည်းငယ် ရှိခဲ့ကြောင်း ၎င်းက ပြောသည်။
အဆိုပါ အကျအဆုံး၊ ထိခိုက်မှုများကို စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူများကို နိရဉ္စရာသတင်းဌာနအနေဖြင့် ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရသေးသဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။
ယင်းအပြင် မောင်တောမြို့နယ် မီးတိုက်နှင့် တောင်ပြိုမြို့အနီးတွင်လည်း ယနေ့ နံနက်က ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများကပြောသည်။
ဒေသခံအမျိုးသမီး တစ်ဦးက “ဒီနေ့ မနက် ၅ နာရီလောက်ကနေ ၂ ဘက်တိုက်ပွဲဖြစ်ကြတာ။ ကျမတို့ ပစ်ခတ်သံတွေ ကြားရသလောက်ကတော့ လက်နက်ကြီး၊ လက်နက်ငယ်သံတွေဆက်တိုက်ပဲ။ ဆက်တိုက်ဆက်တိုက် ပစ်ကြတာ။ မနက် ၁၀ နာရီနီးပါးအထိကြားရပါတယ်။ အခုကတော့ နာရီဝက်လောက်နေမှ သုံးလေးချက်ပဲ ကြားရတော့တယ်”ဟု ယနေ့နံနက် ၁၀ နာရီကျော် အချိန်ဆက်သွယ်စဉ် ဖုန်းမှတဆင့် ပြောသည်။
တောင်ပြိုအနီးတွင် ယမန်နေ့ သြဂုတ်၂၁ ရက်နေ့ နံနက်ပိုင်းကလည်း ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရက္ခိုင့်တပ်တော်(AA) နှင့် စစ်ကောင်စီတပ်တို့သည့် ယခုသြဂုတ်လအတွင်း ရသေ့တောင်၊ မောင်တော နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် တကျော့ပြန်တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိပြီး ယခုတိုက်ပွဲများမှာ နယ်မြေသိမ်းတိုက်ပွဲများ ဖြစ်သဖြင့် ယခင်တိုက်ပွဲများထက် ပိုပြင်း ထန်လာနိုင်ကြောင်း ရခိုင်စစ်ရေး လေ့လာသုံးသပ်သူများက ပြောဆိုထားသည်။
လက်ရှိ ဖြစ်ပွားနေသော မောင်တောမြို့နယ် မြောက်ပိုင်းဒေသများမှာ တစ်ဖက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်နှင့် နီးကပ်စွာ တည်ရှိပြီး စစ်ရေးမဟာဗျူဟာအရ အရေးပါသောနယ်မြေများဖြစ်သဖြင့် နှစ်ဖက် တပ်များအနေဖြင့် ၎င်းနယ်မြကို ထိန်းချုပ်နိုင်ရေးအတွက် အပြန်အလှန်တိုက်ခိုက်နေကြခြင်းဖြစ်ကြောင်း ၎င်းတို့က ဆက်လက်သုံးသပ်ပြောဆိုသည်။
လက်ရှိတွင် စစ်ပွဲပြင်းထန်ခဲ့သည့် ရသေ့တောင်မြို့နယ်နှင့် မောင်တောမြို့နယ်သွားတို့တွင် စစ်ကောင်စီက အငူမော်-မောင်တော ကားလမ်းနှင့် ရွာပြင်ထွက်သွားလာခွင့်များ ပိတ်ပင်ထားသည့် အတွက် ဒေသခံများ စားနပ်ရိက္ခာပြတ်တောက်မှုများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။ (NN-7)