Local News

အင္းစိန္ေထာင္ ေလာင္ခ်ာျဖင့္အပစ္ခံရ

အင္းစိန္ေထာင္ ေလာင္ခ်ာျဖင့္အပစ္ခံရ၊ ဝန္ထမ္းတစ္ဦးထိမွန္ဒဏ္ရာရ

ရန္ကုန္ၿမိဳ႕ရွိ အင္းစိန္အက်ဥ္းဗဟိုအက်ဥ္းေထာင္မွာ ယေန႔ (ဩဂုတ္ ၂၂) နံနက္အေစာပိုင္းက ဗုံးပစ္ ေလာင္ခ်ာျဖင့္ ပစ္ခတ္ခံရသည္။ နံနက္ ၄ နာရီခန္႔တြင္ ၄၀ မမ ဗုံးပစ္ေလာင္ခ်ာျဖင့္ ပစ္ခတ္ခံရျခင္း ျဖစ္ေၾကာင္း၊ အင္းစိန္အက်ဥ္းေထာင္အတြင္းရွိ စြယ္ေတာ္သစ္သားလိုင္းခန္းအနီး မန္က်ည္း ပင္ကို ထိမွန္ေပါက္ကြဲခဲေၾကာင္း Myanmar Now ၏ သတင္းရင္းျမစ္ထံမွ သိရသည္။

ထိုပစ္မွတ္မႈေၾကာင့္ အက်ဥ္းဦးစီးဌာနမွ ဝန္ထမ္းတစ္ဦး ဗုံးစထိမွန္ဒဏ္ရာ ရသြားသည္ဟု ဆိုေသာ္ လည္း သီးျခားအတည္မျပဳႏိုင္ေပ။ ထို႔အတူ မည္သည့္အဖြဲ႕၏ လက္ခ်က္ျဖစ္သည္ကို မသိရေပ။

ယေန႔မြန္းလြဲပိုင္းထိ အင္းစိန္ေထာင္တဝိုက္ႏွင့္ အင္းစိန္ေဈးအတြင္း စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား ေမႊေႏွာက္စစ္ေဆးေနသည္ဟု အင္းစိန္ၿမိဳ႕နယ္တြင္ ေနထိုင္သူတစ္ဦးက ေျပာသည္။ “အေျခအေနက ပတ္ခ်ာလည္ကားေတြစစ္ေနတယ္ အခုထိပဲ။ ပတ္ခ်ာလည္ေကာ ေဈးထဲ ေကာ ေမႊေနတယ္ ထိတဲ့သူ ရွိမရွိေတာ့ မသိဘူး”

ယမန္ေန႔ ညပိုင္းတြင္လည္း ရန္ကုန္ၿမိဳ႕နယ္တစ္ခ်ိဳ႕တြင္ ဗုံးေပါက္ကြဲမႈမ်ားျဖစ္ေပၚခဲ့ေၾကာင္း သိရ သည္။ ဒဂုံၿမိဳ႕သစ္(အေရွ႕ပိုင္း)ၿမိဳ႕နယ္မွ ၿမိဳ႕နယ္တရား႐ုံးႏွင့္ လွ်ပ္စစ္႐ုံးတို႔ကို ယမန္ေန႔ည ၉ နာရီခြဲ ခန႔္က အေဝးထိန္းမိုင္းျဖင့္ ေဖာက္ခြဲတိုက္ခိုက္ခဲ့သည္ဟု ရန္ကုန္ရွိ ေျမေအာက္ေတာ္လွန္ေရးအဖြဲ႕ ဝင္တစ္ဦးက ဆိုသည္။ “(စစ္ေကာင္စီကို) လုံးဝအုပ္ခ်ဳပ္ခြင့္မရေစရေပါ့။ အုပ္ခ်ဳပ္ေရးယႏၲရားနဲ႔ ပတ္သတ္ဆက္ႏြယ္တဲ့ ဟာ ေတြကို ပစ္မွတ္ထားပါတယ္” ဟု ၎က ေျပာသည္။

စစ္ေကာင္စီက ဖမ္းဆီးအေရးယူမႈမ်ားရွိေနေသာ္လည္း ရန္ကုန္ၿမိဳ႕တြင္ ေဖာက္ခြဲတိုက္ခိုက္မႈမ်ား၊ ပစ္ခတ္သတ္ျဖတ္မႈမ်ား မၾကာခဏ ျဖစ္ေပၚေနၿပီး၊ စစ္တပ္သတင္းေပးဆိုသူႏွင့္ ရပ္ေက်းအဆင့္ အုပ္ခ်ဳပ္ေရးတာဝန္ရွိသူမ်ား လုပ္ႀကံခံရျခင္းျဖစ္မ်ားရွိသည္။

ယခုတစ္ပတ္ စေနႏွင့္ တနဂၤေႏြ႕ေန႔မ်ားက သံလ်င္၊ တြံေတးၿမိဳ႕နယ္ႏွင့္ ေျမာက္ဥကၠလာပၿမိဳ႕နယ္တို႔တြင္ စစ္ေကာင္စီ သတင္းေပးဆိုသူႏွစ္ဦးႏွင့္ ရာအိမ္မႉးတစ္ဦး ပစ္သတ္ခံရသည္။

အင်းစိန်ထောင် လောင်ချာဖြင့်အပစ်ခံရ၊ ဝန်ထမ်းတစ်ဦးထိမှန်ဒဏ်ရာရ

ရန်ကုန်မြို့ရှိ အင်းစိန်အကျဉ်းဗဟိုအကျဉ်းထောင်မှာ ယနေ့ (ဩဂုတ် ၂၂) နံနက်အစောပိုင်းက ဗုံးပစ် လောင်ချာဖြင့် ပစ်ခတ်ခံရသည်။ နံနက် ၄ နာရီခန့်တွင် ၄၀ မမ ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်ခံရခြင်း ဖြစ်ကြောင်း၊ အင်းစိန်အကျဉ်းထောင်အတွင်းရှိ စွယ်တော်သစ်သားလိုင်းခန်းအနီး မန်ကျည်း ပင်ကို ထိမှန်ပေါက်ကွဲခဲကြောင်း Myanmar Now ၏ သတင်းရင်းမြစ်ထံမှ သိရသည်။

ထိုပစ်မှတ်မှုကြောင့် အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းတစ်ဦး ဗုံးစထိမှန်ဒဏ်ရာ ရသွားသည်ဟု ဆိုသော် လည်း သီးခြားအတည်မပြုနိုင်ပေ။ ထို့အတူ မည်သည့်အဖွဲ့၏ လက်ချက်ဖြစ်သည်ကို မသိရပေ။

ယနေ့မွန်းလွဲပိုင်းထိ အင်းစိန်ထောင်တဝိုက်နှင့် အင်းစိန်ဈေးအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ မွှေနှောက်စစ်ဆေးနေသည်ဟု အင်းစိန်မြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။ “အခြေအနေက ပတ်ချာလည်ကားတွေစစ်နေတယ် အခုထိပဲ။ ပတ်ချာလည်ကော ဈေးထဲ ကော မွှေနေတယ် ထိတဲ့သူ ရှိမရှိတော့ မသိဘူး”

ယမန်နေ့ ညပိုင်းတွင်လည်း ရန်ကုန်မြို့နယ်တစ်ချို့တွင် ဗုံးပေါက်ကွဲမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရ သည်။ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မှ မြို့နယ်တရားရုံးနှင့် လျှပ်စစ်ရုံးတို့ကို ယမန်နေ့ည ၉ နာရီခွဲ ခန့်က အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု ရန်ကုန်ရှိ မြေအောက်တော်လှန်ရေးအဖွဲ့ ဝင်တစ်ဦးက ဆိုသည်။ “(စစ်ကောင်စီကို) လုံးဝအုပ်ချုပ်ခွင့်မရစေရပေါ့။ အုပ်ချုပ်ရေးယန္တရားနဲ့ ပတ်သတ်ဆက်နွယ်တဲ့ ဟာ တွေကို ပစ်မှတ်ထားပါတယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီက ဖမ်းဆီးအရေးယူမှုများရှိနေသော်လည်း ရန်ကုန်မြို့တွင် ဖောက်ခွဲတိုက်ခိုက်မှုများ၊ ပစ်ခတ်သတ်ဖြတ်မှုများ မကြာခဏ ဖြစ်ပေါ်နေပြီး၊ စစ်တပ်သတင်းပေးဆိုသူနှင့် ရပ်ကျေးအဆင့် အုပ်ချုပ်ရေးတာဝန်ရှိသူများ လုပ်ကြံခံရခြင်းဖြစ်များရှိသည်။

ယခုတစ်ပတ် စနေနှင့် တနင်္ဂနွေ့နေ့များက သံလျင်၊ တွံတေးမြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်တို့တွင် စစ်ကောင်စီ သတင်းပေးဆိုသူနှစ်ဦးနှင့် ရာအိမ်မှူးတစ်ဦး ပစ်သတ်ခံရသည်။