Local News

စိတ္ေရာဂါသည္ကို PDF ထင္ၿပီး သြားဖမ္းတဲ့ ရဲတပ္ၾကပ္သန႔္ဇင္

စိတ္ေရာဂါသည္ကို PDF ထင္ၿပီး သြားဖမ္းတဲ့ ရဲတပ္ၾကပ္သန႔္ဇင္ ဓါးထိုးခံရလို႔ ေသဆုံး

C8 News

ရန္ကုန္၊ၾသဂုတ္ ၂၂

စိတ္ေရာဂါသည္ကို PDF ထင္ၿပီး ဒီေန႔ မနက္ပိုင္းမွာ သြားဖမ္းခဲ့တဲ့ ရန္ကုန္တိုင္းေဒသႀကီး၊ သန္လ်င္ၿမိဳ႕မရဲစခန္းက ရဲတပ္ၾကပ္သန႔္ဇင္ ဓားနဲ႔ထိုးခံရလို႔ ေသဆုံးကာ ရဲတပ္သားတစ္ဦး ဒဏ္ရာရရွိခဲ့တယ္လို႔ ၿမိဳ႕ခံဆီက သိရပါတယ္။

“ရဲႏွစ္ေယာက္ေရာက္လာၿပီး မင္းက ႐ူးခ်င္ေယာင္ေဆာင္ေနတာေပါ့ ဆိုၿပီး သြားၿပီး ဖမ္းခ်ဳပ္တာ ရဲမွာပါလာတဲ့ ဓားနဲ႔ထိုးလိုက္တာ ရဲတပ္ၾကပ္ႀကီးေသတယ္။ ရဲတပ္သားက ထြက္ေျပးသြားတယ္။”လို႔ ေဒသခံတစ္ဦးက ေျပာပါတယ္။

ရန္ကုန္တိုင္းေဒသႀကီး၊ သန္လ်င္ၿမိဳ႕နယ္၊ ဘုရားကုန္းေဈး အေနာက္ဘက္မွာေနတဲ့စိတ္ေရာဂါသည္တစ္ဦးကို ဒလန္ကသတင္းေပးလို႔ PDF ထင္ၿပီး ရဲကင္းမႉး သန႔္ဇင္ နဲ႔ ရဲတပ္သားတစ္ဦးတို႔ လာေရာက္ဖမ္းဆီးခ်ိန္မွာ အခုလို ဓါးထိုးခံခဲ့ရတာ ျဖစ္ပါတယ္။

ရဲတပ္ၾကပ္သန႔္ဇင္ ဟာ လည္ပင္းဓားဒဏ္ရာနဲ႔ ေနရာမွာပဲ ပြဲခ်င္းၿပီး ေသဆုံးသြားခဲ့သလို ရဲတပ္သားတစ္ဦဟာလည္း လက္ကို ထိခိုက္ဒဏ္ရာရရွိခဲ့ပါတယ္။

“အဲ့ဒီစိတ္က်န္းမာေရး မေကာင္းတဲ့သူ အဖမ္းခံရတယ္လည္း ၾကားတယ္။ မမိေသးဘူးလို႔လည္း ၾကားတယ္ အတည္ျပဳမရေသးဘူး။”လို႔ အမည္မေဖာ္လိုသူက ေျပာပါတယ္။

စိတ်ရောဂါသည်ကို PDF ထင်ပြီး သွားဖမ်းတဲ့ ရဲတပ်ကြပ်သန့်ဇင် ဓါးထိုးခံရလို့ သေဆုံး

C8 News

ရန်ကုန်၊သြဂုတ် ၂၂

စိတ်ရောဂါသည်ကို PDF ထင်ပြီး ဒီနေ့ မနက်ပိုင်းမှာ သွားဖမ်းခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့မရဲစခန်းက ရဲတပ်ကြပ်သန့်ဇင် ဓားနဲ့ထိုးခံရလို့ သေဆုံးကာ ရဲတပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံဆီက သိရပါတယ်။

“ရဲနှစ်ယောက်ရောက်လာပြီး မင်းက ရူးချင်ယောင်ဆောင်နေတာပေါ့ ဆိုပြီး သွားပြီး ဖမ်းချုပ်တာ ရဲမှာပါလာတဲ့ ဓားနဲ့ထိုးလိုက်တာ ရဲတပ်ကြပ်ကြီးသေတယ်။ ရဲတပ်သားက ထွက်ပြေးသွားတယ်။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ဘုရားကုန်းဈေး အနောက်ဘက်မှာနေတဲ့စိတ်ရောဂါသည်တစ်ဦးကို ဒလန်ကသတင်းပေးလို့ PDF ထင်ပြီး ရဲကင်းမှူး သန့်ဇင် နဲ့ ရဲတပ်သားတစ်ဦးတို့ လာရောက်ဖမ်းဆီးချိန်မှာ အခုလို ဓါးထိုးခံခဲ့ရတာ ဖြစ်ပါတယ်။

ရဲတပ်ကြပ်သန့်ဇင် ဟာ လည်ပင်းဓားဒဏ်ရာနဲ့ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားခဲ့သလို ရဲတပ်သားတစ်ဦဟာလည်း လက်ကို ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

“အဲ့ဒီစိတ်ကျန်းမာရေး မကောင်းတဲ့သူ အဖမ်းခံရတယ်လည်း ကြားတယ်။ မမိသေးဘူးလို့လည်း ကြားတယ် အတည်ပြုမရသေးဘူး။”လို့ အမည်မဖော်လိုသူက ပြောပါတယ်။