Local News

လွည့္ကင္းလာတဲ့ စစ္ေကာင္စီတပ္ဖြဲ႕ အပစ္ခံရလို

လွည့္ကင္းလာတဲ့ စစ္ေကာင္စီတပ္ဖြဲ႕ အပစ္ခံရလို႔ ၇ ဦးေသဆုံးၿပီး ပစ္ခတ္မႈမ်ားဆက္ျဖစ္ေန

ဧရာဝတီတိုင္းမ္

ဩဂုတ္လ ၂၂ ရက္

ရန္ကုန္တိုင္း၊ တြံေတးၿမိဳ႕နယ္မွာ ဩဂုတ္လ ၂၂ ရက္ေန႔ ည ၇ နာရီေလာက္ လွည့္ကင္းလာတဲ့ စစ္ေကာင္စီလက္ေအာက္ခံ ရဲတပ္ဖြဲ႕ အလစ္ဝင္ပစ္ခံရလို႔ ၇ ဦးေလာက္ေသဆုံးတယ္လို႔ ေျမျပင္သတင္းေတြအရ သိရပါတယ္။

တြံေတးၿမိဳ႕နယ္နဲ႔ မအူပင္နဲ႔ၾကားက သဝင္းေတာေက်း႐ြာနားမွာ ခ႐ိုင္ရဲမႉးဦးေဆာင္တဲ့ အုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္ေတြပါဝင္တဲ့ လွည့္ကင္းအဖြဲ႕ပစ္ခတ္ခံရတာျဖစ္ၿပီး ဆက္လက္ပစ္ခတ္မႈေတြျဖစ္ေပၚေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

လွည့္ကင္းအဖြဲ႕ကို ဝင္ေရာက္ပစ္ခတ္တဲ့အဖြဲ႕ကိုေတာ့ မသိရေသးသလို စစ္ေကာင္စီဘက္က မအူပင္နဲ႔ တြံေတးၿမိဳ႕မွာရွိတဲ့ စစ္ေကာင္စီတပ္သားေတြကို ပိတ္ဆို႔ခိုင္းတာေတြျပဳလုပ္ေနတယ္လို႔ သိရပါတယ္။

ေသဆုံးသြားတဲ့ ၇ ဦးဟာ အုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္ေတြနဲ႔ စစ္ေကာင္စီ လက္ေအာက္ခံရဲတပ္ဖြဲ႕က ျဖစ္တယ္လို႔ ေဒသခံေတြကေျပာဆိုေပမယ့္ အတည္က်ကိုေတာ့ မသိရေသးပါဘူး။

ပစ္ခတ္မႈအေျခအေနေတြနဲ႔ ေသဆုံးမႈစာရင္းကိုေတာ့ ဧရာဝတီတိုင္းမ္သတင္းဌာနအေနနဲ႔ ဆက္လက္စုံစမ္းေနဆဲျဖစ္ပါတယ္။

လှည့်ကင်းလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ အပစ်ခံရလို့ ၇ ဦးသေဆုံးပြီး ပစ်ခတ်မှုများဆက်ဖြစ်နေ

ဧရာဝတီတိုင်းမ်

ဩဂုတ်လ ၂၂ ရက်

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်မှာ ဩဂုတ်လ ၂၂ ရက်နေ့ ည ၇ နာရီလောက် လှည့်ကင်းလာတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ အလစ်ဝင်ပစ်ခံရလို့ ၇ ဦးလောက်သေဆုံးတယ်လို့ မြေပြင်သတင်းတွေအရ သိရပါတယ်။

တွံတေးမြို့နယ်နဲ့ မအူပင်နဲ့ကြားက သဝင်းတောကျေးရွာနားမှာ ခရိုင်ရဲမှူးဦးဆောင်တဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေပါဝင်တဲ့ လှည့်ကင်းအဖွဲ့ပစ်ခတ်ခံရတာဖြစ်ပြီး ဆက်လက်ပစ်ခတ်မှုတွေဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လှည့်ကင်းအဖွဲ့ကို ဝင်ရောက်ပစ်ခတ်တဲ့အဖွဲ့ကိုတော့ မသိရသေးသလို စစ်ကောင်စီဘက်က မအူပင်နဲ့ တွံတေးမြို့မှာရှိတဲ့ စစ်ကောင်စီတပ်သားတွေကို ပိတ်ဆို့ခိုင်းတာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့ ၇ ဦးဟာ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီ လက်အောက်ခံရဲတပ်ဖွဲ့က ဖြစ်တယ်လို့ ဒေသခံတွေကပြောဆိုပေမယ့် အတည်ကျကိုတော့ မသိရသေးပါဘူး။

ပစ်ခတ်မှုအခြေအနေတွေနဲ့ သေဆုံးမှုစာရင်းကိုတော့ ဧရာဝတီတိုင်းမ်သတင်းဌာနအနေနဲ့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။