Local News

ေထြ/အုပ္႐ုံးတြင္ အစည္းအေဝး တက္ျပန္လာေသာ စစ္ေကာင္စီခန႔္ အုပ္ခ်ဳပ္ေရးမႉး ခင္ၫႊန႔္ႏွင့္ ရာအိမ္မႉးမ်ား လိုက္ပါေသာ ကား

တြံ႕ေတးၿမိဳ႕နယ္ ေထြ/အုပ္႐ုံးတြင္ အစည္းအေဝး တက္ျပန္လာေသာ စစ္ေကာင္စီခန႔္ ဇီးျဖဴကုန္း႐ြာ အုပ္ခ်ဳပ္ေရးမႉး ခင္ၫႊန႔္ႏွင့္ ရာအိမ္မႉးမ်ား လိုက္ပါေသာ ကား ပ-စ္ခတ္ခံရၿပီး ၇ ဦးေ-သဆုံး

ရန္ကုန္၊ ဩဂုတ္ ၂၂

ရန္ကုန္တိုင္း၊ တြံ႕ေတးၿမိဳ႕နယ္၊ ေထြ/အုပ္႐ုံးတြင္ ၿမိဳ႕နယ္စစ္ေကာင္စီက ဆင့္ ေခၚ ေသာ အစည္းအေဝး တက္ေရာက္ၿပီး ျပန္လာသည့္ ဇီျဖဴကုန္းေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ခင္ၫႊန႔္ ႏွင့္ရာအိမ္မႉးမ်ား လိုက္ပါေသာ ကား ပစ္ခတ္ခံရၿပီး လူ ၇ ဦးေသဆုံးေၾကာင္း ေဒသခံမ်ားႏွင့္ စစ္တပ္ သတင္းရင္းျမစ္တခ်ိဳ႕က ေျပာ သည္။

ဩဂုတ္လ ၂၂ ရက္ေန႔ ညေန ၅ နာရီ ၁၀ မိနစ္အခ်ိန္ တြံ႕ေတးၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး႐ုံးမွ အစည္းအေဝး တက္ၿပီး ကားငွား ျပန္လာေသာ ဇီးျဖဴကုန္းေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးခင္ၫြန႔္၊ ရာအိမ္မႉး ေအးျမင့္၊ ရာအိမ္မႉး ဝင္းေဇာ္၊ ရာအိမ္မႉး သန္းေဌးႏွင့္ ရာအိမ္မႉး စန္းလြင္တို႔ကို သမန္းေတာေက်း႐ြာအနီးတြင္ ေသနတ္သမားက ပစ္ခတ္ေၾကာင္း၊

ပစ္ခတ္မႈေၾကာင့္ အုပ္ခ်ဳပ္ေရးမႉး ခင္ၫႊန႔္ အပါ အဝင္ ရာအိမ္မႉး ၃ ဦး ေသဆုံးၿပီး ရာအိမ္မႉးစန္းလြင္မွာဒဏ္ရာရရွိေၾကာင္း၊ ကားေမာင္းသူႏွင့္ ဆိုင္ကယ္သမားတစ္ဦးလည္း ထိမွန္ေသဆုံးေၾကာင္း သိရွိရသည္။

“အခင္းျဖစ္တဲ့နားမွာေတာ့ ရဲနဲ႔စစ္သားေတြ အေတာ္မ်ားတယ္။ ပစ္ခတ္မႈၿပီး ေတာ့ ပစ္တဲ့သူေတြ က ကားနဲ႔ ျပန္ထြက္သြားၾကတယ္ ။ ေသနတ္သံေတြက ေတာ့ အခ်က္ေပါင္းမ်ားစြာပဲ။ ႀကိဳေစာင့္ၿပီး ပစ္တာ။ ေသသူေတြက ရယကေတြတဲ့” ဟု ေဒသခံတစ္ဦးက ေျပာ သည္။

လက္ရွိတြင္ တြံ႕ေတး၊ အင္းစိန္၊ လႈိင္သာယာ၊ ဒလ၊ ၿမိဳ႕အထြက္မ်ားႏွင့္ လမ္းဆုံးလမ္းခြ ဂိတ္မ်ားကို စစ္တပ္ႏွင့္ရဲမ်ား အထူးတင္းက်ပ္စြာစစ္ေဆးေနေၾကာင္း ရန္ကုန္ကင္းေထာက္အဖြဲ႕မ်ားထံမွ သိရွိရသည္။

တွံ့တေးမြို့နယ် ထွေ/အုပ်ရုံးတွင် အစည်းအဝေး တက်ပြန်လာသော စစ်ကောင်စီခန့် ဇီးဖြူကုန်းရွာ အုပ်ချုပ်ရေးမှူး ခင်ညွှန့်နှင့် ရာအိမ်မှူးများ လိုက်ပါသော ကား ပ-စ်ခတ်ခံရပြီး ၇ ဦးေ-သဆုံး

ရန်ကုန်၊ ဩဂုတ် ၂၂

ရန်ကုန်တိုင်း၊ တွံ့တေးမြို့နယ်၊ ထွေ/အုပ်ရုံးတွင် မြို့နယ်စစ်ကောင်စီက ဆင့် ခေါ် သော အစည်းအဝေး တက်ရောက်ပြီး ပြန်လာသည့် ဇီဖြူကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ခင်ညွှန့် နှင့်ရာအိမ်မှူးများ လိုက်ပါသော ကား ပစ်ခတ်ခံရပြီး လူ ၇ ဦးသေဆုံးကြောင်း ဒေသခံများနှင့် စစ်တပ် သတင်းရင်းမြစ်တချို့က ပြော သည်။

ဩဂုတ်လ ၂၂ ရက်နေ့ ညနေ ၅ နာရီ ၁၀ မိနစ်အချိန် တွံ့တေးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ အစည်းအဝေး တက်ပြီး ကားငှား ပြန်လာသော ဇီးဖြူကုန်းကျေးရွာအုပ်ချုပ်ရေးမှူးခင်ညွန့်၊ ရာအိမ်မှူး အေးမြင့်၊ ရာအိမ်မှူး ဝင်းဇော်၊ ရာအိမ်မှူး သန်းဌေးနှင့် ရာအိမ်မှူး စန်းလွင်တို့ကို သမန်းတောကျေးရွာအနီးတွင် သေနတ်သမားက ပစ်ခတ်ကြောင်း၊

ပစ်ခတ်မှုကြောင့် အုပ်ချုပ်ရေးမှူး ခင်ညွှန့် အပါ အဝင် ရာအိမ်မှူး ၃ ဦး သေဆုံးပြီး ရာအိမ်မှူးစန်းလွင်မှာဒဏ်ရာရရှိကြောင်း၊ ကားမောင်းသူနှင့် ဆိုင်ကယ်သမားတစ်ဦးလည်း ထိမှန်သေဆုံးကြောင်း သိရှိရသည်။

“အခင်းဖြစ်တဲ့နားမှာတော့ ရဲနဲ့စစ်သားတွေ အတော်များတယ်။ ပစ်ခတ်မှုပြီး တော့ ပစ်တဲ့သူတွေ က ကားနဲ့ ပြန်ထွက်သွားကြတယ် ။ သေနတ်သံတွေက တော့ အချက်ပေါင်းများစွာပဲ။ ကြိုစောင့်ပြီး ပစ်တာ။ သေသူတွေက ရယကတွေတဲ့” ဟု ဒေသခံတစ်ဦးက ပြော သည်။

လက်ရှိတွင် တွံ့တေး၊ အင်းစိန်၊ လှိုင်သာယာ၊ ဒလ၊ မြို့အထွက်များနှင့် လမ်းဆုံးလမ်းခွ ဂိတ်များကို စစ်တပ်နှင့်ရဲများ အထူးတင်းကျပ်စွာစစ်ဆေးနေကြောင်း ရန်ကုန်ကင်းထောက်အဖွဲ့များထံမှ သိရှိရသည်။