Local News


ဩဂုတ်၂၃၊ ၂၀၂၂






CDM လှုပ်ရှားမှုများကြောင့် စကစ၏ လုပ်ငန်းများထိခိုက်ခဲ့ပြီး အခက်အခဲရှိခဲ့တယ်လို့ မင်းအောင်လှိုင်ဝန်ခံ

ဩဂုတ်၂၃၊ ၂၀၂၂

ဝန်ထမ်းများ CDM ပြုလုပ်မှုကြောင့် အစိုးရ၏ လုပ်ငန်းများ ထိခိုက်ပြီး အခွန်ငွေများလည်း ပြည့်ဝစွာ မရရှိခဲ့ဘဲ ခက်ခဲစွာ ဖြတ်ကျော်ခဲ့ရကြောင်း စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်က နေပြည်တော်ရှိ စစ်ကောင်စီရုံးရဲ့ အစည်းအဝေးခန်းမမှာဩဂုတ်လ(၂၂)ရက်၊ မွန်းလွဲပိုင်းက သူ၏ လက်အောက်ခံ ဝန်ကြီးများနှင့် အစည်းအဝေးပြုလုပ်စဉ် အခုလို ဝန်ခံပြောကြားခဲ့တာလည်းဖြစ်ပါတယ်။

“ကိုဗစ် တတိယလှိုင်းဖြစ်တော့ ရောဂါဖြစ်ပွားမှုတွေပြင်းထန်ခဲ့တယ်၊ အဲဒီကာလမှာ CDMလုပ်တဲ့ ဝန်ထမ်းတွေလည်းရှိတော့ အစိုးရရဲ့ လုပ်ငန်းတွေထိခိုက်ခဲ့ပါတယ်။ နိုင်ငံအတွက်အခွန်ငွေလည်း အပြည့်အဝမရခဲ့ဘူး။

ပုံမှန်လုပ်ငန်းတွေကိုပဲလုပ်ပြီး ခက်ခက်ခဲခဲဖြတ်ကျော်ခဲ့ရတယ်” လို့ဝန်ခံခဲ့တာ လည်းဖြစ်ပါတယ်။

စစ်အုပ်စုခေါင်းဆောင်မင်းအောင်လှိုင် အာဏာသိမ်းလိုက်တဲ့အတွက်နိုင်ငံဝန်ထမ်းအများစုက အကြမ်းမဖက် အာဏာဖီဆန်တဲ့အနေနဲ့ စစ်ကောင်စီလက်အောက်မှာ ဆက်လက်အမှုမထမ်းဆောင် တော့ပဲ

CDM လှုပ်ရှားမှကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ခဲ့တဲ့အတွက် လက်ရှိအချိန်အထိ အစိုးရ ယန္တယားလည်ပတ်နိုင်ဖို့ ခက်ခဲနေဆဲလို့လည်း သိရပါတယ်။