CID ရဲမႉး အပါအဝင္ ၂ ဦး ေသနတ္ျဖင့္ပစ္ခတ္ခံရ၍ ေ-သဆုံး
ေႏြဦးေအာင္
(မဇၩိမ)။ ။ မႏၲေလးၿမိဳ႕ လမ္း ၃၀၊ ၅၇ လမ္းႏွင့္ ၅၈ လမ္းၾကား Grand Mandalay ေဆး႐ုံအနီးတြင္ ယေန႔ ဩဂုတ္လ ၂၃ရက္၊ နံနက္ ၈နာရီ ၅၀ မိနစ္ခန္႔က CID ရဲမႉး အပါအဝင္ႏွစ္ဦး ေသနတ္ျဖင့္ပစ္ခတ္ခံရ၍ ေသဆုံးသြားေၾကာင္း သိရသည္။
“ ကေလးေက်ာင္းပို႔ၿပီးျပန္လာတာလို႔ သိရတယ္။ လူႏွစ္ေယာက္ ေလးခ်က္ပစ္ခံရတာ ေနရာမွာတင္ ေသ တယ္။ CID က ရဲမႉးလို႔ေျပာေနၾကတယ္” ဟု မ်က္ျမင္ေတြ႕သူတစ္ဦးမွ မဇၩိမသို႔ေျပာသည္။
ေသဆုံးသူတစ္ဦးမွာ CID မွရဲမႉး ဟုတ္မဟုတ္ အတည္ျပဳရန္ မဇၩိမက စုံစမ္းေနဆဲျဖစ္သည္။
ပစ္ခတ္မႈျဖစ္ပြားခဲ့သည့္ေနရာအနီးတြင္ စစ္ေကာင္စီလက္နက္ကိုင္အဖြဲ႕မ်ားႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ားက လမ္း မ်ားပိတ္ဆို႔ၿပီး စစ္ေဆးမႈမ်ားလုပ္ေဆာင္ေနေၾကာင္း သိရသည္။
မႏၲေလးၿမိဳ႕တြင္ ယမန္ေန႔ကလည္း စစ္ေကာင္စီလက္ေအာက္ခံ စည္ပင္ဝန္ထမ္းတစ္ဦးႏွင့္ ဒလန္တစ္ဦး ပစ္သတ္ခံထားရေသးသည္။
စာတည္း ။ ။ ေစာေဖ
CID ရဲမှူး အပါအဝင် ၂ ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ၍ ေ-သဆုံး
နွေဦးအောင်
(မဇ္ဈိမ)။ ။ မန္တလေးမြို့ လမ်း ၃၀၊ ၅၇ လမ်းနှင့် ၅၈ လမ်းကြား Grand Mandalay ဆေးရုံအနီးတွင် ယနေ့ ဩဂုတ်လ ၂၃ရက်၊ နံနက် ၈နာရီ ၅၀ မိနစ်ခန့်က CID ရဲမှူး အပါအဝင်နှစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။
“ ကလေးကျောင်းပို့ပြီးပြန်လာတာလို့ သိရတယ်။ လူနှစ်ယောက် လေးချက်ပစ်ခံရတာ နေရာမှာတင် သေ တယ်။ CID က ရဲမှူးလို့ပြောနေကြတယ်” ဟု မျက်မြင်တွေ့သူတစ်ဦးမှ မဇ္ဈိမသို့ပြောသည်။
သေဆုံးသူတစ်ဦးမှာ CID မှရဲမှူး ဟုတ်မဟုတ် အတည်ပြုရန် မဇ္ဈိမက စုံစမ်းနေဆဲဖြစ်သည်။
ပစ်ခတ်မှုဖြစ်ပွားခဲ့သည့်နေရာအနီးတွင် စစ်ကောင်စီလက်နက်ကိုင်အဖွဲ့များနှင့် ရဲတပ်ဖွဲ့ဝင်များက လမ်း များပိတ်ဆို့ပြီး စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း သိရသည်။
မန္တလေးမြို့တွင် ယမန်နေ့ကလည်း စစ်ကောင်စီလက်အောက်ခံ စည်ပင်ဝန်ထမ်းတစ်ဦးနှင့် ဒလန်တစ်ဦး ပစ်သတ်ခံထားရသေးသည်။
စာတည်း ။ ။ စောဖေ