Local News

လင္မယား ၂ ဦးကို CID ရဲမႉး စိုးကိုကို လင္မ ယားဟု UG တခ်ိဳ႕ကဆိုၾကၿပီး

မႏၲေလးတြင္ ပစ္ခတ္ခံရေသာ လင္မယား ၂ ဦးကို CID ရဲမႉး စိုးကိုကို လင္မ ယားဟု UG တခ်ိဳ႕ကဆိုၾကၿပီး ေဒသခံမ်ားကမူ ဟိုတယ္ဝန္ထမ္း ကိုစည္သူကိုကို လင္မယားဟုဆို

ရန္ကုန္၊ ဩဂုတ္ ၂၃

မႏၲေလး၊ လမ္း ၃၀ ၊ ၅၇ လမ္းႏွင့္ ၅၆ လမ္းအၾကား ယေန႔ နံနက္ ပစ္ခတ္ခံရၿပီး ေသဆုံးသူမွာ ဟိုတယ္ဝန္ထမ္းမ်ား မဟုတ္ၾကဘဲ CIDရဲမႉး စိုးကိုကို လင္ မယားျဖစ္ၿပီး CID ရဲမႉး စိုးကိုကိုသည္ မႏၲေလး UG မ်ားကို ဖမ္းဆီးရာတြင္ အဓိကအေရးပါေသာ CCTV နည္းပညာကြၽမ္းက်င္သူအျဖစ္ ပါဝင္ခဲ့ေၾကာင္း မႏၲေလးေတာ္လွန္ေရးအဖြဲ႕မ်ားက ဆိုၾကသည္။

မႏၲေလးခ်မ္းေအးသာဇံၿမိဳ႕နယ္ လမ္း၃၀၊ ၅၇လမ္းႏွင့္ ၅၆ လမ္းအၾကားတြင္ CID ရဲမႉး စိုးကိုကို လင္မယား ပစ္ခတ္ခံရၿပီး ေနရာတြင္ပင္ ပြဲခ်င္းၿပီး ေသဆုံးသြားေၾကာင္း၊ CID ရဲမႉးစိုးကိုကို၏ အမ်ိဳးသမီးျဖစ္သူလည္း ဗိုက္က်ည္ထိမွန္ၿပီး ေသဆုံးေၾကာင္း သိရွိရသည္။

“CIDရဲမႉးစိုးကိုကို က တပ္က ေျပာင္းလာတဲ့ CCTV ကြၽမ္းက်င္ ပညာရွင္ပါ၊ မႏၲေလး UGေတြမိတာ သူ႔ေၾကာင့္မို႔။ ရာထူးတိုးထားတာ မၾကာေသးဘူး။ ခုေတာ့ CIDရဲမႉးေပါ့၊ သူ႔ကို ရွင္းလင္းႏိုင္ခဲ့တာ MDY UGေတြ အတြက္ ေအာင္ျမင္မႈတစ္ခုပါပဲ” ဟု ေတာ္လွန္ေရးရဲေဘာ္တစ္ဦးက ေျပာသည္။

ေဒသခံမ်ားကမူ ပစ္သတ္ခံရသူ ႏွစ္ဦးသည္ ဟိုတယ္ဝန္ထမ္း ကိုစည္သူကိုကို ႏွင့္ ျမနန္းယုံ ဟိုတယ္ဝန္ထမ္း မႏွင္းေဝေဝလႈိင္တို႔ျဖစ္သည္ဟု ဆိုၾကသည္။

လက္ရွိတြင္ ႏွစ္ဖက္ ေသဆုံးသူ ၂ ဦးႏွင့္ပတ္သက္ၿပီး ဝိဝါဒကြဲျပားမႈ အေျခ အေနကို ရန္ကုန္ေခတ္သစ္အေနျဖင့္ အတည္မျပဳႏိုင္ေသးဘဲ သက္ဆိုင္ရာ မိသားစုဝင္မ်ားႏွင့္ ဆက္သြယ္ႏိုင္ရန္ ႀကိဳးပမ္းလ်က္ရွိသည္။

မန္တလေးတွင် ပစ်ခတ်ခံရသော လင်မယား ၂ ဦးကို CID ရဲမှူး စိုးကိုကို လင်မ ယားဟု UG တချို့ကဆိုကြပြီး ဒေသခံများကမူ ဟိုတယ်ဝန်ထမ်း ကိုစည်သူကိုကို လင်မယားဟုဆို

ရန်ကုန်၊ ဩဂုတ် ၂၃

မန္တလေး၊ လမ်း ၃၀ ၊ ၅၇ လမ်းနှင့် ၅၆ လမ်းအကြား ယနေ့ နံနက် ပစ်ခတ်ခံရပြီး သေဆုံးသူမှာ ဟိုတယ်ဝန်ထမ်းများ မဟုတ်ကြဘဲ CIDရဲမှူး စိုးကိုကို လင် မယားဖြစ်ပြီး CID ရဲမှူး စိုးကိုကိုသည် မန္တလေး UG များကို ဖမ်းဆီးရာတွင် အဓိကအရေးပါသော CCTV နည်းပညာကျွမ်းကျင်သူအဖြစ် ပါဝင်ခဲ့ကြောင်း မန္တလေးတော်လှန်ရေးအဖွဲ့များက ဆိုကြသည်။

မန္တလေးချမ်းအေးသာဇံမြို့နယ် လမ်း၃၀၊ ၅၇လမ်းနှင့် ၅၆ လမ်းအကြားတွင် CID ရဲမှူး စိုးကိုကို လင်မယား ပစ်ခတ်ခံရပြီး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း၊ CID ရဲမှူးစိုးကိုကို၏ အမျိုးသမီးဖြစ်သူလည်း ဗိုက်ကျည်ထိမှန်ပြီး သေဆုံးကြောင်း သိရှိရသည်။

“CIDရဲမှူးစိုးကိုကို က တပ်က ပြောင်းလာတဲ့ CCTV ကျွမ်းကျင် ပညာရှင်ပါ၊ မန္တလေး UGတွေမိတာ သူ့ကြောင့်မို့။ ရာထူးတိုးထားတာ မကြာသေးဘူး။ ခုတော့ CIDရဲမှူးပေါ့၊ သူ့ကို ရှင်းလင်းနိုင်ခဲ့တာ MDY UGတွေ အတွက် အောင်မြင်မှုတစ်ခုပါပဲ” ဟု တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

ဒေသခံများကမူ ပစ်သတ်ခံရသူ နှစ်ဦးသည် ဟိုတယ်ဝန်ထမ်း ကိုစည်သူကိုကို နှင့် မြနန်းယုံ ဟိုတယ်ဝန်ထမ်း မနှင်းဝေဝေလှိုင်တို့ဖြစ်သည်ဟု ဆိုကြသည်။

လက်ရှိတွင် နှစ်ဖက် သေဆုံးသူ ၂ ဦးနှင့်ပတ်သက်ပြီး ဝိဝါဒကွဲပြားမှု အခြေ အနေကို ရန်ကုန်ခေတ်သစ်အနေဖြင့် အတည်မပြုနိုင်သေးဘဲ သက်ဆိုင်ရာ မိသားစုဝင်များနှင့် ဆက်သွယ်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။