မီးႀကိဳးသူခိုးကိုဖမ္းဖို႔ေစာင့္ေနတဲ့ EPC ဝန္ထမ္း ၂ ဦးကို စစ္ေကာင္စီတပ္က PDF ထင္ၿပီး ပ-စ္ ခ-တ္လို႔ ၁ ဦးေ-သဆုံးဟုဆို
ဟိန္းစံ/ဧရာဝတီတိုင္းမ္
ၾသဂုတ္လ ၂၃ ရက္
စစ္ေကာင္စီ႐ုံးစိုက္ရာေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ ဒကၡိဏသီရိၿမိဳ႕နယ္၊ ခ်မ္းေျမ့ရိပ္သာခန္းမေရွ႕မွာ ၾသဂုတ္လ ၂၁ ရက္ေန႔ည ၁၀ နာရီဝန္းက်င္မွာ ပစ္ခတ္မႈျဖစ္ပြားခဲ့လို႔ စစ္ေကာင္စီလက္ေအာက္ခံ EPC ဝန္ထမ္း ၁ ဦး ေသဆုံးခဲ့တယ္လို႔ ေဒသခံေတြကေျပာပါတယ္။
ခ်မ္းေျမ့ရိပ္သာခန္းမေရွ႕ဓာတ္တိုင္ေအာက္မွာ မီးႀကိဳးျဖဳတ္ခိုးမယ့္သူခိုးကိုဖမ္းဆီးဖို႔ ေစာင့္ဆိုင္းေနတဲ့ EPC ဝန္ထမ္းေတြကို စစ္ေကာင္စီရဲ႕ ညပတ္ကင္းကားက ေတြ႕ရွိၿပီး ပစ္ခတ္ခဲ့တာလို႔သိရပါတယ္။
ေသဆုံးသြားသူ EPC ဝန္ထမ္းဟာ လယ္ေဝးၿမိဳ႕နယ္၊ သာစည္႐ြာက အသက္ ၂၁ ႏွစ္အ႐ြယ္ ျပည့္စုံေအာင္ ဆိုသူျဖစ္ၿပီး စစ္အာဏာသိမ္းၿပီးတဲ့ေနာက္ EPC ဌာနကို အလုပ္ဝင္လာသူျဖစ္တယ္လို႔ သိရပါတယ္။
” ေသသြားတဲ့ကေလးက EPC ထဲဝင္တာ မၾကာေသးဘူး၊ လယ္ေဝး၊သာစည္႐ြာက။ အဲ့ဒီညကသူနဲ႔ေနာက္ တေယာက္က မီးႀကိဳးျဖတ္ခိုးတာေတြခနတိုင္းျဖစ္ေနလို႔ သူခိုးဖမ္းဖို႔ဆိုၿပီးေစာင့္ေနတာလို႔သိရတယ္။
ည ၁၀ နာရီေလာက္ပတ္ကင္းနဲ႔ႀကဳံေတာ့ အ႐ြယ္ေတြကလည္း လူငယ္ပိုင္းေတြဆိုေတာ့ PDF ထင္ၿပီးပစ္ဖမ္းတာေနမွာေပါ့။ ေသနတ္မွန္ၿပီးေသသြားတယ္” လို႔ လယ္ေဝးေဒသခံအမ်ိဳးသားတဦးက ဧရာဝတီတိုင္းမ္ကိုေျပာပါတယ္။
ေနျပည္ေတာ္ရဲတပ္ဖြဲ႕အသိုင္းအဝိုင္းက သတင္းရင္းျမစ္ေတြကလည္း ျဖစ္စဥ္အေသးစိတ္ကိုမသိရွိေပမယ့္ ျဖစ္ပြားခဲ့တာမ်ိဳးရွိတယ္လို႔ ေျပာပါတယ္။
အဲ့ဒီေသဆုံးမႈအေပၚ စစ္ေကာင္စီ လွ်ပ္စစ္ဌာနက သူ႔ရဲ႕မိဘေတြကို ေငြက်ပ္ ၁၀ သိန္း နစ္နာေၾကးအျဖစ္ေပးခဲ့တယ္လို႔ ေဒသခံေတြကေျပာဆိုေနၿပီး ျဖစ္စဥ္ကိုေတာ့ ဧရာဝတီတိုင္းမ္အေနနဲ႔သီးျခားအတည္မျပဳႏိုင္ပါဘူး။
ၿပီးခဲ့တဲ့ ဇူလိုင္လ ၁၁ ရက္ညေနပိုင္းကလည္း သေျပကုန္းအဝိုင္းမွာ လွ်ပ္စစ္ဌာနဖယ္ရီကားဘရိတ္ေပါက္ၿပီး ဆိုင္ကယ္စီးရဲ ၂ ဦးကိုဝင္တိုက္လို႔ ၁ ဦးေသဆုံးၿပီး ၁ ဦးဒဏ္ရာျပင္းထန္ခဲ့ပါတယ္။
ဓာတ္ပုံ – ေသဆုံးသူEPC ဝန္ထမ္း ျပည့္စုံေအာင္။
မီးကြိုးသူခိုးကိုဖမ်းဖို့စောင့်နေတဲ့ EPC ဝန်ထမ်း ၂ ဦးကို စစ်ကောင်စီတပ်က PDF ထင်ပြီး ပ-စ် ခ-တ်လို့ ၁ ဦးေ-သဆုံးဟုဆို
ဟိန်းစံ/ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂၃ ရက်
စစ်ကောင်စီရုံးစိုက်ရာနေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်၊ ချမ်းမြေ့ရိပ်သာခန်းမရှေ့မှာ သြဂုတ်လ ၂၁ ရက်နေ့ည ၁၀ နာရီဝန်းကျင်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့လို့ စစ်ကောင်စီလက်အောက်ခံ EPC ဝန်ထမ်း ၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ချမ်းမြေ့ရိပ်သာခန်းမရှေ့ဓာတ်တိုင်အောက်မှာ မီးကြိုးဖြုတ်ခိုးမယ့်သူခိုးကိုဖမ်းဆီးဖို့ စောင့်ဆိုင်းနေတဲ့ EPC ဝန်ထမ်းတွေကို စစ်ကောင်စီရဲ့ ညပတ်ကင်းကားက တွေ့ရှိပြီး ပစ်ခတ်ခဲ့တာလို့သိရပါတယ်။
သေဆုံးသွားသူ EPC ဝန်ထမ်းဟာ လယ်ဝေးမြို့နယ်၊ သာစည်ရွာက အသက် ၂၁ နှစ်အရွယ် ပြည့်စုံအောင် ဆိုသူဖြစ်ပြီး စစ်အာဏာသိမ်းပြီးတဲ့နောက် EPC ဌာနကို အလုပ်ဝင်လာသူဖြစ်တယ်လို့ သိရပါတယ်။
” သေသွားတဲ့ကလေးက EPC ထဲဝင်တာ မကြာသေးဘူး၊ လယ်ဝေး၊သာစည်ရွာက။ အဲ့ဒီညကသူနဲ့နောက် တယောက်က မီးကြိုးဖြတ်ခိုးတာတွေခနတိုင်းဖြစ်နေလို့ သူခိုးဖမ်းဖို့ဆိုပြီးစောင့်နေတာလို့သိရတယ်။
ည ၁၀ နာရီလောက်ပတ်ကင်းနဲ့ကြုံတော့ အရွယ်တွေကလည်း လူငယ်ပိုင်းတွေဆိုတော့ PDF ထင်ပြီးပစ်ဖမ်းတာနေမှာပေါ့။ သေနတ်မှန်ပြီးသေသွားတယ်” လို့ လယ်ဝေးဒေသခံအမျိုးသားတဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
နေပြည်တော်ရဲတပ်ဖွဲ့အသိုင်းအဝိုင်းက သတင်းရင်းမြစ်တွေကလည်း ဖြစ်စဉ်အသေးစိတ်ကိုမသိရှိပေမယ့် ဖြစ်ပွားခဲ့တာမျိုးရှိတယ်လို့ ပြောပါတယ်။
အဲ့ဒီသေဆုံးမှုအပေါ် စစ်ကောင်စီ လျှပ်စစ်ဌာနက သူ့ရဲ့မိဘတွေကို ငွေကျပ် ၁၀ သိန်း နစ်နာကြေးအဖြစ်ပေးခဲ့တယ်လို့ ဒေသခံတွေကပြောဆိုနေပြီး ဖြစ်စဉ်ကိုတော့ ဧရာဝတီတိုင်းမ်အနေနဲ့သီးခြားအတည်မပြုနိုင်ပါဘူး။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၁ ရက်ညနေပိုင်းကလည်း သပြေကုန်းအဝိုင်းမှာ လျှပ်စစ်ဌာနဖယ်ရီကားဘရိတ်ပေါက်ပြီး ဆိုင်ကယ်စီးရဲ ၂ ဦးကိုဝင်တိုက်လို့ ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာပြင်းထန်ခဲ့ပါတယ်။
ဓာတ်ပုံ – သေဆုံးသူEPC ဝန်ထမ်း ပြည့်စုံအောင်။