ျမန္မာျပည္က နာမည္ေက်ာ္ ၿခံအမွတ္ (၅၄) ရဲ႕ မူလပိုင္ရွင္မိသားစု
ၿခံအမွတ္ (၅၄) ရဲ႕ မူလပိုင္ရွင္မိသားစု
ျမန္မာျပည္ရဲ႕ နာမည္ေက်ာ္ တကၠသိုလ္ရိပ္သာလမ္း ၿခံအမွတ္ ၅၄ ကို ေဒၚေအးခင္ဆိုသူ အမ်ိဳးသမီးႀကီးတစ္ဦးက ေဆာက္လုပ္ခဲ့ေၾကာင္း ျမစ္ ျဖစ္သူက လူမႈကြန္ယက္မွာ မွ်ေဝထားတာ ဖတ္ရပါတယ္။
ဒီကေန႔ ကမာၻေက်ာ္ အိမ္ႀကီးကို အဘြား ေဒၚေအးခင္ ကိုယ္တိုင္ အင္းယား ကန္စပ္မွာေျမ ၂ ဧကကို တန္ဖိုး ၈၀၀၀၀ က်ပ္ ႏွင့္ဝယ္ယူၿပီး England မွ architect ကို ဒီဇိုင္းအပ္ႏွံၿပီး ေဆာက္လုပ္ခဲ့ရာ က်ပ္ေငြ ၁၅၀၀၀၀ ခန္႔ ကုန္ၾကခဲ့ပါတယ္။
ဗိုလ္ခ်ဳပ္လုပ္ႀကံခံရၿပီးေနာက္ပိုင္း က်န္ရစ္သူ ေဒၚခင္ၾကည္နဲ႔ သားသမီးမ်ားကို ႏိုင္ငံေတာ္က တာဝန္အရ ေစာင့္ေရွာက္ဖို႔ ေဒၚခင္ၾကည္ကို ေမးတဲ့အခါ ကန္စပ္ႏွင့္ အိမ္အမ်ိဳးအစားကို ႀကိဳက္တဲ့အေၾကာင္း ေျပာပါတယ္။
အဲဒီအခ်ိန္က ရန္ကုန္ အင္းယားက ကန္စပ္မွာ ေဆာက္ထားတဲ့ အိမ္ သုံးလုံးတိတိ ပဲရွိတာပါ။ သတင္းစာသမားတစ္ေယာက္ရဲ႕ အိမ္ရယ္၊ မ်က္ႏွာျဖဴစာသင္ေက်ာင္းဖြင့္ထားတဲ့ အိမ္နဲ႔ အဘြား ေဒၚေအးခင္ရဲ႕ ၿခံအမွတ္ ၅၄ ျဖစ္ပါတယ္။
အဘြား ေဒၚေအးခင္ရဲ႕ ၿခံဟာ အဲဒီအခ်ိန္က ဂရံ ေပါင္ထားတဲ့အတြက္ ေငြေၾကးအလုံအေလာက္နဲ႔ ေ႐ြးရန္ႀကိဳးစားေနတဲ့ အခ်ိန္ မေ႐ြးႏိုင္ခဲ့ဘဲ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဦးႏုက တဆင့္ (ေဒၚခင္ၾကည္၏ ပေယာဂ တစ္စုံတရာမပါပါ) ေဒၚခင္ၾကည္ လက္ထဲေရာက္ခဲ့တာ ျဖစ္တယ္လို႔ မူရင္းအိမ္ပိုင္ရွင္ရဲ႕ ျမစ္ျဖစ္သူက ေရးခဲ့ပါတယ္။
ဆက္လက္ၿပီး ၿခံအမွတ္ ၅၄ မူလပိုင္ရွင္ မိသားစုရဲ႕ သက္ရွိေဆြမ်ိဳးတစ္ေယာက္ရဲ႕ ေရးသားခ်က္အတိုင္း ေအာက္မွာ တိတိက်က် ျပန္လည္ ေဖာ္ျပလိုက္ပါတယ္။
အိမ္ပိုင္ရွင္ အဘြား ေဒၚေအးခင္ (ရန္ကုန္ ဇာတိ) နဲ႔ အဘိုးဦးကံျမင့္ (သုံးခြ ဇာတိ) တို႔မွာ ကြၽန္မ အဖြား ေဒၚအုန္းၾကည္အပါအဝင္ သားသမီး ၆ ဦးထြန္းကားခဲ့ပါတယ္။ အဘိုးဦးကံျမင့္ဟာ ငယ္႐ြယ္စဥ္မွာပဲ ေရာဂါနဲ႔ဆုံးပါးသြားရလို႔ သားသမီးမ်ားနဲ႔ က်န္ခဲ့တဲ့ အဘြားကို အဘိုးရဲ႕ ညီအရင္းျဖစ္သူ ဦး သိန္းေမာင္နဲ႔ လက္ထပ္ေစခဲ့ပါတယ္။ ဦးသိန္းေမာင္နဲ႔ သားတစ္ဦး ထပ္မံထြန္းကားခဲ့ပါတယ္။
စစ္ႀကီးၿပီးသြားခ်ိန္မွာ ဦးသိန္းေမာင္ဟာ စစ္တြင္းလက္က်န္ပစၥည္းမ်ား ေလလံတင္ရာမွာ စီးပြားေရးလုပ္လို သျဖင့္ အဘြား ေဒၚေအးခင္ႏွင့္ ေျပာဆိုၾကရာ သေဘာတူညီမႈ မရသျဖင့္ အိမ္ဂရံကို ေပါင္၍ လုပ္ကိုင္ရန္ႀကိဳးစားခဲ့ပါသည္။ ေဒၚေအးခင္ မက်န္းမာေနခိုက္ ဘဏ္တြင္လူစားထိုး လက္မွတ္ထိုး၍ ေပါင္ခဲ့ပါသည္။ ထိုအေတာအတြင္းမွာပဲ ေဒၚေအးခင္မွာ အသက္ ၅၀ မျပည့္မွီတြင္ပဲ နာမက်န္းျဖစ္ကာ ဆုံးပါးခဲ့ပါသည္။ အဘိုးေရာ အဘြားမွာ ၎ တို႔ကိုယ္တိုင္ေဆာက္ခဲ့ၿပီး ျမတ္ႏိုးလွေသာ အိမ္ႀကီးတြင္ပင္ သက္တမ္းေစ့ မေနရပဲ ေခါင္းခ်ခဲ့ၾကသည္။
ေဒၚေအးခင္၏သမီးရင္း ကြၽန္မ၏အဖြား ေဒၚအုန္းၾကည္မွာ အဖိုး ဦးက်င္ေသာင္းနဲ႔ လက္ဆက္ခဲ့ၿပီး သားသမီး ၇ ေယာက္ အဖတ္တင္ခဲ့ပါတယ္။ ေဒးဒရဲသား အဖိုးႏွင့္အဖြား၏ ပထမသားသမီး ၅ ေယာက္ေျမာက္ထိ ၿခံအမွတ္ ၅၄ မွာ ပဲ ေမြးဖြား ေနထိုင္ႀကီးျပင္းခဲ့ရၿပီး ထို ၅ ဦးထဲက ၄ ဦးမွာ ယခုထိ သက္ရွိထင္ရွား ရွိေနပါတယ္။ တစ္ဦးကေတာ့ ကြယ္လြန္သြားပါၿပီ။ အငယ္ဆုံး ႏွစ္ေယာက္ျဖစ္တဲ့ ကြၽန္မ အေမနဲ႔ အေဒၚကိုေတာ့ အမွတ္ ၅၄ ကေန ေ႐ႊ႕ေျပာင္းခဲ့ရၿပီးမွ ဆရာစံလမ္းက အိမ္အသစ္တြင္ ေမြးဖြားခဲ့ပါသည္။
ဤ အေၾကာင္းမ်ားေဖာ္ျပရာတြင္ သမိုင္းေရးရာတြင္ ဖယ္ခ်န္ခဲ့၍ မရေသာ အေမြအႏွစ္တစ္ခုအေၾကာင္း ပိုမိုသိရွိေစခ်င္ျခင္း၊ မိမိ အဘိုး အဘြားမ်ားေဆာက္ခဲ့၍ ဂုဏ္ယူမိျခင္း၊ ထိုအိမ္ႀကီးသည္ ႏိုင္ငံတြင္ အလြန္အေရးပါေသာ အခန္းက႑ မ်ားစြာတြင္ အေထာက္အပံ့ ျဖစ္ခဲ့ျခင္း စတဲ့ အခ်က္ေတြေၾကာင့္ မိမိဘဝတြင္ အမွတ္တရ ျဖစ္ခဲ့ရျခင္းတို႔သာ စိတ္ထဲရွိပါသည္။ မည္သည့္ လူမႈေရး စီးပြားေရး ႏိုင္ငံေရး ေက်ာ္ၾကားေရး အက်ိဳးအျမတ္ တစုံတရာမွ် ပါဝင္ပတ္သတ္လိုမႈ တစိုးတစဥ္းမွ် မရွိပါေၾကာင္း ျပတ္သားစြာအသိေပးအပ္ပါတယ္ရွင္။
ယခုကဲ့သို႔ေဖာ္ျပရာတြင္ မိမိတို႔ အမ်ိဳးသာ ၿခံပိုင္ရွင္ အစစ္အမွန္ျဖစ္သည္ ဟု ေျပာလိုျခင္း လုံးဝမပါဝင္ပါ မူလပိုင္ရွင္သာျဖစ္ပါသည္။ လူမႈကြန္ယက္ေပၚတြင္ အဓိပၸါယ္ ေသြလဲ သြားေစေသာ အေရးအသားမ်ားအား ေတြ႕ရသျဖင့္ ထပ္မံ ျဖည့္စြက္လိုက္ပါသည္။ မည္သည့္ interview ကိုမွ်လဲ ေျဖၾကားရန္ အစီအစဥ္မရွိပါ။ ေက်းဇူးတင္ပါသည္ရွင္။
အထက္ပါအေၾကာင္းအရာမ်ားကို ေဒၚဝတ္ရည္ျဖဴ ေဖ့စ္ဘုတ္အေကာင့္မွ ျပည္သူအမ်ား ဗဟုသုတရေစရန္ အေၾကာင္းအရာ မွန္ကန္စြာ သိေစရန္ ကူးယူေဖာ္ျပပါသည္)
မြန်မာပြည်က နာမည်ကျော် ခြံအမှတ် (၅၄) ရဲ့ မူလပိုင်ရှင်မိသားစု
ခြံအမှတ် (၅၄) ရဲ့ မူလပိုင်ရှင်မိသားစု
မြန်မာပြည်ရဲ့ နာမည်ကျော် တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် ၅၄ ကို ဒေါ်အေးခင်ဆိုသူ အမျိုးသမီးကြီးတစ်ဦးက ဆောက်လုပ်ခဲ့ကြောင်း မြစ် ဖြစ်သူက လူမှုကွန်ယက်မှာ မျှဝေထားတာ ဖတ်ရပါတယ်။
ဒီကနေ့ ကမ္ဘာကျော် အိမ်ကြီးကို အဘွား ဒေါ်အေးခင် ကိုယ်တိုင် အင်းယား ကန်စပ်မှာမြေ ၂ ဧကကို တန်ဖိုး ၈၀၀၀၀ ကျပ် နှင့်ဝယ်ယူပြီး England မှ architect ကို ဒီဇိုင်းအပ်နှံပြီး ဆောက်လုပ်ခဲ့ရာ ကျပ်ငွေ ၁၅၀၀၀၀ ခန့် ကုန်ကြခဲ့ပါတယ်။
ဗိုလ်ချုပ်လုပ်ကြံခံရပြီးနောက်ပိုင်း ကျန်ရစ်သူ ဒေါ်ခင်ကြည်နဲ့ သားသမီးများကို နိုင်ငံတော်က တာဝန်အရ စောင့်ရှောက်ဖို့ ဒေါ်ခင်ကြည်ကို မေးတဲ့အခါ ကန်စပ်နှင့် အိမ်အမျိုးအစားကို ကြိုက်တဲ့အကြောင်း ပြောပါတယ်။
အဲဒီအချိန်က ရန်ကုန် အင်းယားက ကန်စပ်မှာ ဆောက်ထားတဲ့ အိမ် သုံးလုံးတိတိ ပဲရှိတာပါ။ သတင်းစာသမားတစ်ယောက်ရဲ့ အိမ်ရယ်၊ မျက်နှာဖြူစာသင်ကျောင်းဖွင့်ထားတဲ့ အိမ်နဲ့ အဘွား ဒေါ်အေးခင်ရဲ့ ခြံအမှတ် ၅၄ ဖြစ်ပါတယ်။
အဘွား ဒေါ်အေးခင်ရဲ့ ခြံဟာ အဲဒီအချိန်က ဂရံ ပေါင်ထားတဲ့အတွက် ငွေကြေးအလုံအလောက်နဲ့ ရွေးရန်ကြိုးစားနေတဲ့ အချိန် မရွေးနိုင်ခဲ့ဘဲ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုက တဆင့် (ဒေါ်ခင်ကြည်၏ ပယောဂ တစ်စုံတရာမပါပါ) ဒေါ်ခင်ကြည် လက်ထဲရောက်ခဲ့တာ ဖြစ်တယ်လို့ မူရင်းအိမ်ပိုင်ရှင်ရဲ့ မြစ်ဖြစ်သူက ရေးခဲ့ပါတယ်။
ဆက်လက်ပြီး ခြံအမှတ် ၅၄ မူလပိုင်ရှင် မိသားစုရဲ့ သက်ရှိဆွေမျိုးတစ်ယောက်ရဲ့ ရေးသားချက်အတိုင်း အောက်မှာ တိတိကျကျ ပြန်လည် ဖော်ပြလိုက်ပါတယ်။
အိမ်ပိုင်ရှင် အဘွား ဒေါ်အေးခင် (ရန်ကုန် ဇာတိ) နဲ့ အဘိုးဦးကံမြင့် (သုံးခွ ဇာတိ) တို့မှာ ကျွန်မ အဖွား ဒေါ်အုန်းကြည်အပါအဝင် သားသမီး ၆ ဦးထွန်းကားခဲ့ပါတယ်။ အဘိုးဦးကံမြင့်ဟာ ငယ်ရွယ်စဉ်မှာပဲ ရောဂါနဲ့ဆုံးပါးသွားရလို့ သားသမီးများနဲ့ ကျန်ခဲ့တဲ့ အဘွားကို အဘိုးရဲ့ ညီအရင်းဖြစ်သူ ဦး သိန်းမောင်နဲ့ လက်ထပ်စေခဲ့ပါတယ်။ ဦးသိန်းမောင်နဲ့ သားတစ်ဦး ထပ်မံထွန်းကားခဲ့ပါတယ်။
စစ်ကြီးပြီးသွားချိန်မှာ ဦးသိန်းမောင်ဟာ စစ်တွင်းလက်ကျန်ပစ္စည်းများ လေလံတင်ရာမှာ စီးပွားရေးလုပ်လို သဖြင့် အဘွား ဒေါ်အေးခင်နှင့် ပြောဆိုကြရာ သဘောတူညီမှု မရသဖြင့် အိမ်ဂရံကို ပေါင်၍ လုပ်ကိုင်ရန်ကြိုးစားခဲ့ပါသည်။ ဒေါ်အေးခင် မကျန်းမာနေခိုက် ဘဏ်တွင်လူစားထိုး လက်မှတ်ထိုး၍ ပေါင်ခဲ့ပါသည်။ ထိုအတောအတွင်းမှာပဲ ဒေါ်အေးခင်မှာ အသက် ၅၀ မပြည့်မှီတွင်ပဲ နာမကျန်းဖြစ်ကာ ဆုံးပါးခဲ့ပါသည်။ အဘိုးရော အဘွားမှာ ၎င်း တို့ကိုယ်တိုင်ဆောက်ခဲ့ပြီး မြတ်နိုးလှသော အိမ်ကြီးတွင်ပင် သက်တမ်းစေ့ မနေရပဲ ခေါင်းချခဲ့ကြသည်။
ဒေါ်အေးခင်၏သမီးရင်း ကျွန်မ၏အဖွား ဒေါ်အုန်းကြည်မှာ အဖိုး ဦးကျင်သောင်းနဲ့ လက်ဆက်ခဲ့ပြီး သားသမီး ၇ ယောက် အဖတ်တင်ခဲ့ပါတယ်။ ဒေးဒရဲသား အဖိုးနှင့်အဖွား၏ ပထမသားသမီး ၅ ယောက်မြောက်ထိ ခြံအမှတ် ၅၄ မှာ ပဲ မွေးဖွား နေထိုင်ကြီးပြင်းခဲ့ရပြီး ထို ၅ ဦးထဲက ၄ ဦးမှာ ယခုထိ သက်ရှိထင်ရှား ရှိနေပါတယ်။ တစ်ဦးကတော့ ကွယ်လွန်သွားပါပြီ။ အငယ်ဆုံး နှစ်ယောက်ဖြစ်တဲ့ ကျွန်မ အမေနဲ့ အဒေါ်ကိုတော့ အမှတ် ၅၄ ကနေ ရွှေ့ပြောင်းခဲ့ရပြီးမှ ဆရာစံလမ်းက အိမ်အသစ်တွင် မွေးဖွားခဲ့ပါသည်။
ဤ အကြောင်းများဖော်ပြရာတွင် သမိုင်းရေးရာတွင် ဖယ်ချန်ခဲ့၍ မရသော အမွေအနှစ်တစ်ခုအကြောင်း ပိုမိုသိရှိစေချင်ခြင်း၊ မိမိ အဘိုး အဘွားများဆောက်ခဲ့၍ ဂုဏ်ယူမိခြင်း၊ ထိုအိမ်ကြီးသည် နိုင်ငံတွင် အလွန်အရေးပါသော အခန်းကဏ္ဍ များစွာတွင် အထောက်အပံ့ ဖြစ်ခဲ့ခြင်း စတဲ့ အချက်တွေကြောင့် မိမိဘဝတွင် အမှတ်တရ ဖြစ်ခဲ့ရခြင်းတို့သာ စိတ်ထဲရှိပါသည်။ မည်သည့် လူမှုရေး စီးပွားရေး နိုင်ငံရေး ကျော်ကြားရေး အကျိုးအမြတ် တစုံတရာမျှ ပါဝင်ပတ်သတ်လိုမှု တစိုးတစဉ်းမျှ မရှိပါကြောင်း ပြတ်သားစွာအသိပေးအပ်ပါတယ်ရှင်။
ယခုကဲ့သို့ဖော်ပြရာတွင် မိမိတို့ အမျိုးသာ ခြံပိုင်ရှင် အစစ်အမှန်ဖြစ်သည် ဟု ပြောလိုခြင်း လုံးဝမပါဝင်ပါ မူလပိုင်ရှင်သာဖြစ်ပါသည်။ လူမှုကွန်ယက်ပေါ်တွင် အဓိပ္ပါယ် သွေလဲ သွားစေသော အရေးအသားများအား တွေ့ရသဖြင့် ထပ်မံ ဖြည့်စွက်လိုက်ပါသည်။ မည်သည့် interview ကိုမျှလဲ ဖြေကြားရန် အစီအစဉ်မရှိပါ။ ကျေးဇူးတင်ပါသည်ရှင်။
အထက်ပါအကြောင်းအရာများကို ဒေါ်ဝတ်ရည်ဖြူ ဖေ့စ်ဘုတ်အကောင့်မှ ပြည်သူအများ ဗဟုသုတရစေရန် အကြောင်းအရာ မှန်ကန်စွာ သိစေရန် ကူးယူဖော်ပြပါသည်)