Local News

စီးပြားေရးတည္ၿငိမ္ေအာင္ လုပ္ႏိုင္ပါက စစ္ေကာင္စီ၏ လုပ္ေဆာင္မႈ မွတ္ေက်ာက္တင္ခံရႏိုင္ေၾကာင္း မင္းေအာင္လႈိင္ေျပာ

စီးပြားေရးတည္ၿငိမ္ေအာင္ လုပ္ႏိုင္ပါက စစ္ေကာင္စီ၏ လုပ္ေဆာင္မႈ မွတ္ေက်ာက္တင္ခံရႏိုင္ေၾကာင္း မင္းေအာင္လႈိင္ေျပာ

မဇၥ်ိမ။ ။တိုင္းျပည္စီးပြားေရး တည္ၿငိမ္ေအာင္ ေဆာင္႐ြက္ႏိုင္မည္ဆိုပါက မိမိတို႔၏ လုပ္ေဆာင္မႈသည္ မွတ္ေက်ာက္တင္ ခံရႏိုင္မည္ျဖစ္ေၾကာင္း စစ္ေကာင္စီဥကၠဌ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာသည္။

ရသင့္ရထိုက္သည့္ အခြန္အခမ်ား ရရွိေအာင္ လုပ္ေဆာင္ၿပီး တစ္ဖက္မွလည္း တိုင္းျပည္ဝင္ေငြတိုးပြားေအာင္လုပ္ေဆာင္၍ စီးပြားေရးတည္ၿငိမ္ေအာင္ ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း ၎က ဆိုသည္။

ယမန္ေန႔ ဩဂုတ္လ ၂၂ရက္ေန႔က ေနျပည္ေတာ္ တြင္ ျပဳလုပ္ေသာ စစ္ေကာင္စီအစည္းအေဝးတြင္ အထက္ပါအတိုင္း မွာၾကားခဲ့ျခင္းျဖစ္သည္။

ယင္းအစည္းအေဝးသို႔ စစ္ေကာင္စီ၏ ဒုတိယဥကၠဌ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုး၀င္း၊ စစ္ေကာင္စီခန႔္ ျပည္ေထာင္စုဝန္ႀကီးမ်ားႏွင့္ အျခားတာဝန္ရွိသူမ်ားလည္း တက္ေရာက္ၾကသည္။

လာမည့္ ​ေျခာက္လတာ ကာလအတြင္း ႏိုင္ငံ၏ ႏိုင္ငံေရး၊ စီးပြားေရး ဦးေမာ့လာေအာင္ ဦးတည္ေဆာင္႐ြက္ေန​ေၾကာင္း စစ္​ေခါင္း​ေဆာင္ မင္း​ေအာင္လႈိင္က ​ေျပာဆိုခဲ့ၿပီးေနာက္တြင္ စစ္​ေကာင္စီခန္႔ ျပည္ေထာင္စုဝန္ႀကီးမ်ားျဖစ္သည့္ ဦးခင္ရီ၊ ဦးခ်စ္ႏိုင္၊ ဗဟိုဘဏ္ ဥကၠဌ ဦးသန္းညိန္းႏွင့္ ဒုတိယဥကၠဌ ဦးဝင္းေသာ္တို႔ကို ရာထူးက ထုတ္ပယ္လိုက္ေၾကာင္း ဩဂုတ္လ ၁၉ရက္ေန႔တြင္ ထုတ္ျပန္ခဲ့သည္။

ထို႔အျပင္ စစ္ေကာင္စီခန႔္ ျပည္ေထာင္စုဝန္ႀကီးအခ်ိဳ႕ကိုလည္း အေျပာင္းအေ႐ႊ႕ ျပဳလုပ္ခဲ့သည္။ ထိုသို႔ ျပဳလုပ္ျခင္းမွာ လုပ္ငန္းမ်ား အဆင္ေျပေစရန္ႏွင့္ လူမွန္ေနရာမွန္ ျဖစ္ေစရန္အတြက္ ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ကာ ေပးအပ္လာသည့္ တာဝန္မ်ားကို ေက်ပြန္စြာထမ္းေဆာင္ရန္ စစ္ေကာင္စီဥကၠဌ မင္းေအာင္လႈိင္က ေျပာသည္။

ထို႔အျပင္ ကုန္ေဈးႏႈန္း က်ဆင္းေရးႏွင့္ ေငြေၾကးတန္ဖိုး ျမင့္တက္ေရးကို ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္းလည္း ၎ကမွာၾကားခဲ့သည္။

စစ္ေကာင္စီလက္ထက္ ၂၀၂၂ ခုႏွစ္တြင္ လူဦးေရ ၄၀ရာခိုင္ႏႈန္းသည္ ဆင္းရဲႏြမ္းပါးမႈ မ်ဥ္းေအာက္တြင္ေရာက္ရွိေနကာ ဆယ္စုႏွစ္ တစ္စုစာ ႀကိဳးပမ္းမႈျဖစ္သည့္ ဆင္းရဲမႈေလ်ာ့က်ေရး ေဆာင္႐ြက္ခ်က္မ်ား ေနာက္ျပန္လွည့္လ်က္ရွိေၾကာင္း ကမာၻ႔ဘဏ္က ဇူလိုင္ ၂၁ရက္ေန႔တြင္ ထုတ္ျပန္ခဲ့သည္။

ထို႔အျပင္ ၂၀၂၂ခုႏွစ္၏ ဂ်ီဒီပီသည္ ၂၀၁၉ခုႏွစ္တြင္ ရွိခဲ့သည့္ႏႈန္းႏွင့္ ႏႈိင္းယွဥ္မည္ဆိုပါက ၁၃ရာခိုင္ႏႈန္း ဆက္လက္ နိမ့္က်ေနမည္ျဖစ္ေၾကာင္းလည္း ကမာၻ႔ဘဏ္၏ ျမန္မာ့စီးပြားေရး ေစာင့္ၾကည့္ေလ့လာမႈ အစီရင္ခံစာတြင္ ေဖာ္ျပခဲ့သည္။

စာတည္း။ ။ ဖူးသိမ္က်

စာမူတည္းျဖတ္။ ။ ေအာင္ေက်ာ္ၿဖိဳး

စီးပွားရေးတည်ငြိမ်အောင် လုပ်နိုင်ပါက စစ်ကောင်စီ၏ လုပ်ဆောင်မှု မှတ်ကျောက်တင်ခံရနိုင်ကြောင်း မင်းအောင်လှိုင်ပြော

မဇ္ဈိမ။ ။တိုင်းပြည်စီးပွားရေး တည်ငြိမ်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက မိမိတို့၏ လုပ်ဆောင်မှုသည် မှတ်ကျောက်တင် ခံရနိုင်မည်ဖြစ်ကြောင်း စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ရသင့်ရထိုက်သည့် အခွန်အခများ ရရှိအောင် လုပ်ဆောင်ပြီး တစ်ဖက်မှလည်း တိုင်းပြည်ဝင်ငွေတိုးပွားအောင်လုပ်ဆောင်၍ စီးပွားရေးတည်ငြိမ်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယမန်နေ့ ဩဂုတ်လ ၂၂ရက်နေ့က နေပြည်တော် တွင် ပြုလုပ်သော စစ်ကောင်စီအစည်းအဝေးတွင် အထက်ပါအတိုင်း မှာကြားခဲ့ခြင်းဖြစ်သည်။

ယင်းအစည်းအဝေးသို့ စစ်ကောင်စီ၏ ဒုတိယဥက္ကဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ စစ်ကောင်စီခန့် ပြည်ထောင်စုဝန်ကြီးများနှင့် အခြားတာဝန်ရှိသူများလည်း တက်ရောက်ကြသည်။

လာမည့် ခြောက်လတာ ကာလအတွင်း နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး ဦးမော့လာအောင် ဦးတည်ဆောင်ရွက်နေကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုခဲ့ပြီးနောက်တွင် စစ်ကောင်စီခန့် ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးခင်ရီ၊ ဦးချစ်နိုင်၊ ဗဟိုဘဏ် ဥက္ကဌ ဦးသန်းညိန်းနှင့် ဒုတိယဥက္ကဌ ဦးဝင်းသော်တို့ကို ရာထူးက ထုတ်ပယ်လိုက်ကြောင်း ဩဂုတ်လ ၁၉ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ထို့အပြင် စစ်ကောင်စီခန့် ပြည်ထောင်စုဝန်ကြီးအချို့ကိုလည်း အပြောင်းအရွှေ့ ပြုလုပ်ခဲ့သည်။ ထိုသို့ ပြုလုပ်ခြင်းမှာ လုပ်ငန်းများ အဆင်ပြေစေရန်နှင့် လူမှန်နေရာမှန် ဖြစ်စေရန်အတွက် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ ပေးအပ်လာသည့် တာဝန်များကို ကျေပွန်စွာထမ်းဆောင်ရန် စစ်ကောင်စီဥက္ကဌ မင်းအောင်လှိုင်က ပြောသည်။

ထို့အပြင် ကုန်ဈေးနှုန်း ကျဆင်းရေးနှင့် ငွေကြေးတန်ဖိုး မြင့်တက်ရေးကို ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းလည်း ၎င်းကမှာကြားခဲ့သည်။

စစ်ကောင်စီလက်ထက် ၂၀၂၂ ခုနှစ်တွင် လူဦးရေ ၄၀ရာခိုင်နှုန်းသည် ဆင်းရဲနွမ်းပါးမှု မျဉ်းအောက်တွင်ရောက်ရှိနေကာ ဆယ်စုနှစ် တစ်စုစာ ကြိုးပမ်းမှုဖြစ်သည့် ဆင်းရဲမှုလျော့ကျရေး ဆောင်ရွက်ချက်များ နောက်ပြန်လှည့်လျက်ရှိကြောင်း ကမ္ဘာ့ဘဏ်က ဇူလိုင် ၂၁ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ထို့အပြင် ၂၀၂၂ခုနှစ်၏ ဂျီဒီပီသည် ၂၀၁၉ခုနှစ်တွင် ရှိခဲ့သည့်နှုန်းနှင့် နှိုင်းယှဉ်မည်ဆိုပါက ၁၃ရာခိုင်နှုန်း ဆက်လက် နိမ့်ကျနေမည်ဖြစ်ကြောင်းလည်း ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာမှု အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး