Local News

ေထြ/အုပ္ဝန္ထမ္း အမ်ိဳးသမီး ၂ ဦးပ–စ္သ—တ္ခံရ

ေထြ/အုပ္ဝန္ထမ္း အမ်ိဳးသမီး ၂ ဦးပ–စ္သ—တ္ခံရ

ၾသဂုတ္၊၂၃-၂၀၂၂

မင္းျမတ္

ဧရာဝတီတိုင္း ၊ ဖ်ာပုံၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနက ဝန္ထမ္းအမ်ိဳးသမီး ၂ ေယာက္ဟာ ဒီေန႔ ၾသဂုတ္၂၃ ရက္ ေန႔လယ္ ၂ နာရီေက်ာ္ေလာက္က ေသနတ္နဲ႔ပစ္သတ္ခံရလို႔ အခင္းျဖစ္နဲ႔ေနရာမွာပဲ ေသဆုံးသြားတယ္လို႔ မ်က္ျမင္ေတြ႕ရွိတဲ့ေဒသခံေတြဆီကေန သိရပါတယ္။

ေသနတ္နဲ႔ပစ္သတ္ခံရတဲ့ အေထြေထြအုပ္ခ်ဳပ္ေရးဝန္ထမ္းအမ်ိဳးသမီး ၂ ေယာက္ဟာ မႏွင္းေဝခိုင္(စာေရး)နဲ႔ အျခားဝန္ထမ္း မႏိုးႏိုးေဝတို႔ျဖစ္ၿပီး ဖ်ာပုံၿမိဳ႕နယ္ရဲ႕အစပ္ က်ိဳက္လတ္ၿမိဳ႕အထြက္ ေခ်ာင္းတြင္းတံတားအဆင္းနားက KM စားေသာက္ဆိုင္မွာ ထိုင္ေနခ်ိန္ အမည္မသိ ေသနတ္သမားေတြက လာေရာက္ပစ္သတ္သြားခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

”ဒီကေန႔ ေန႔လယ္၂ နာရီေက်ာ္ေလာက္က ပစ္သတ္ခံရတာ ၊ ၁ ေယာက္က အမွတ္ ၁၅ ရပ္ကြက္ အေထြေထြအုပ္ခ်ဳပ္ေရးမႉး ႐ုံးစာေရမပါ ၊ေနာက္ ၁ ေယာက္ကလည္း ဝန္ထမ္းဘာရာထူးလည္းေတာ့မသိဘူး ၊အဲ့ဒီေကာင္းမေလး ၂ ေယာက္က အတူတူ ႐ုံးသြားေနက်ပါ ၊ စားေသာက္ဆိုင္မွာထိုင္ေနတုန္း ပစ္သတ္ခံရတာ ၊အခင္းျဖစ္တဲ့ေနရာမွာပဲ ႏွစ္ေယာက္လုံးေသဆုံးသြားတာေတြ႕ရတယ္ ၊ အခုရဲေတြနဲ႔ စစ္သားေတြအရမ္းရႈပ္ေနတယ္ ။”လို႔ေဒသခံတဦးကေျပာပါတယ္။

ေသနတ္နဲ႔ ပစ္သတ္ခံရလို႔ ေသဆုံးသြားတဲ့ အမ်ိဳးသမီး ၂ ေယာက္ရဲ႕ ႐ုပ္အေလာင္းေတြကို စစ္သားေတြပါလာတဲ့ အေရးေပၚကားနဲ႔သယ္သြားတာေတြ႕ရတယ္လို႔ ေဒသခံေတြရဲ႕ေျပာျပခ်က္အရသိရပါတယ္။

”႐ုပ္ရွင္ကား ၾကည့္ေနသလိုပဲ ပစ္သတ္သြားတာ အကုန္လန္႔ကုန္တာ ၊ လူေတြကိုမမွတ္မိလိုက္ဖူး မ်က္ႏွာဖုံးစြပ္ထားတဲ့လူေတြက လာပစ္သြားတာ ၊ စားေသာက္ဆိုင္ဆိုေတာ့ လူကလည္း နည္းနည္းရႈပ္တယ္ေလ ၊

အသတ္ခံရတဲ့ ေကာင္းမေလး ၂ ေယာက္ရဲ႕႐ုပ္အေလာင္းေတြကို ပစ္ခတ္မႈျဖစ္ၿပီး ခဏအၾကာ စစ္သားေတြလာသယ္ သြားတာေတြ႕ရတယ္ ၊ လမ္းေတြကို ပိတ္ဆို႔စစ္ေဆးေနတယ္”လို႔ ဖ်ာပုံၿမိဳ႕ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန ဝန္ထမ္းနဲ႔ေတြနဲ႔နီးစပ္သူတဦးကေျပာပါတယ္။

ျဖစ္စဥ္ျဖစ္ပြားတဲ့ ေနရာအနီးမွာ လူငယ္တခ်ိဳ႕ကို ေခၚယူစစ္ေဆးေနၿပီး ေခ်ာင္းတြင္းတံတားကိုလည္း ပိတ္ဆို႔ကာ ကားေတြ၊ ဆိုင္ကယ္ေတြနဲ႔လာသမွ် အျခားယာဥ္ေတြကို စစ္ေဆးေနတယ္လို႔ ေဒသခံေတြရဲ႕ေျပာျပခ်က္အရသိရပါတယ္။

Photo – ေသနတ္နဲ႔ပစ္သတ္ခံရတဲ့အမ်ိဳးသမီး ၂ ေယာက္ရဲ႕ပုံ

ထွေ/အုပ်ဝန်ထမ်း အမျိုးသမီး ၂ ဦးပ–စ်သ—တ်ခံရ

သြဂုတ်၊၂၃-၂၀၂၂

မင်းမြတ်

ဧရာဝတီတိုင်း ၊ ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်းအမျိုးသမီး ၂ ယောက်ဟာ ဒီနေ့ သြဂုတ်၂၃ ရက် နေ့လယ် ၂ နာရီကျော်လောက်က သေနတ်နဲ့ပစ်သတ်ခံရလို့ အခင်းဖြစ်နဲ့နေရာမှာပဲ သေဆုံးသွားတယ်လို့ မျက်မြင်တွေ့ရှိတဲ့ဒေသခံတွေဆီကနေ သိရပါတယ်။

သေနတ်နဲ့ပစ်သတ်ခံရတဲ့ အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းအမျိုးသမီး ၂ ယောက်ဟာ မနှင်းဝေခိုင်(စာရေး)နဲ့ အခြားဝန်ထမ်း မနိုးနိုးဝေတို့ဖြစ်ပြီး ဖျာပုံမြို့နယ်ရဲ့အစပ် ကျိုက်လတ်မြို့အထွက် ချောင်းတွင်းတံတားအဆင်းနားက KM စားသောက်ဆိုင်မှာ ထိုင်နေချိန် အမည်မသိ သေနတ်သမားတွေက လာရောက်ပစ်သတ်သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

”ဒီကနေ့ နေ့လယ်၂ နာရီကျော်လောက်က ပစ်သတ်ခံရတာ ၊ ၁ ယောက်က အမှတ် ၁၅ ရပ်ကွက် အထွေထွေအုပ်ချုပ်ရေးမှူး ရုံးစာရေမပါ ၊နောက် ၁ ယောက်ကလည်း ဝန်ထမ်းဘာရာထူးလည်းတော့မသိဘူး ၊အဲ့ဒီကောင်းမလေး ၂ ယောက်က အတူတူ ရုံးသွားနေကျပါ ၊ စားသောက်ဆိုင်မှာထိုင်နေတုန်း ပစ်သတ်ခံရတာ ၊အခင်းဖြစ်တဲ့နေရာမှာပဲ နှစ်ယောက်လုံးသေဆုံးသွားတာတွေ့ရတယ် ၊ အခုရဲတွေနဲ့ စစ်သားတွေအရမ်းရှုပ်နေတယ် ။”လို့ဒေသခံတဦးကပြောပါတယ်။

သေနတ်နဲ့ ပစ်သတ်ခံရလို့ သေဆုံးသွားတဲ့ အမျိုးသမီး ၂ ယောက်ရဲ့ ရုပ်အလောင်းတွေကို စစ်သားတွေပါလာတဲ့ အရေးပေါ်ကားနဲ့သယ်သွားတာတွေ့ရတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။

”ရုပ်ရှင်ကား ကြည့်နေသလိုပဲ ပစ်သတ်သွားတာ အကုန်လန့်ကုန်တာ ၊ လူတွေကိုမမှတ်မိလိုက်ဖူး မျက်နှာဖုံးစွပ်ထားတဲ့လူတွေက လာပစ်သွားတာ ၊ စားသောက်ဆိုင်ဆိုတော့ လူကလည်း နည်းနည်းရှုပ်တယ်လေ ၊

အသတ်ခံရတဲ့ ကောင်းမလေး ၂ ယောက်ရဲ့ရုပ်အလောင်းတွေကို ပစ်ခတ်မှုဖြစ်ပြီး ခဏအကြာ စစ်သားတွေလာသယ် သွားတာတွေ့ရတယ် ၊ လမ်းတွေကို ပိတ်ဆို့စစ်ဆေးနေတယ်”လို့ ဖျာပုံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းနဲ့တွေနဲ့နီးစပ်သူတဦးကပြောပါတယ်။

ဖြစ်စဉ်ဖြစ်ပွားတဲ့ နေရာအနီးမှာ လူငယ်တချို့ကို ခေါ်ယူစစ်ဆေးနေပြီး ချောင်းတွင်းတံတားကိုလည်း ပိတ်ဆို့ကာ ကားတွေ၊ ဆိုင်ကယ်တွေနဲ့လာသမျှ အခြားယာဉ်တွေကို စစ်ဆေးနေတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။

Photo – သေနတ်နဲ့ပစ်သတ်ခံရတဲ့အမျိုးသမီး ၂ ယောက်ရဲ့ပုံ