Local News

ယေန႔ အညာေဒသတိုက္ပြဲ၌ အရာရွိ(၃)ဦးကို ဖမ္းမိၿပီး

ယေန႔ အညာေဒသတိုက္ပြဲ၌ အရာရွိ(၃)ဦးကို ဖမ္းမိၿပီး လက္နက္ (၂၀) ေက်ာ္ကို ေတာ္လွန္ေရးအဖြဲ႕မ်ားသိမ္းႏိုင္ခဲ့

ကန႔္ဘလူ၊ ၾသဂုတ္ (၂၃)

လူငယ့္ေခတ္

စစ္ကိုင္းတိုင္း၊ ကန္႔ဘလူၿမိဳ႕နယ္ လက္ခုပ္ပင္ႏွင့္ေအာင္ခ်မ္းသာေက်း႐ြာသို႔ ယေန႔ စစ္ေၾကာင္းထိုးလာသည့္ အာဏာသိမ္းစစ္တပ္ကို ၾကားျဖတ္တိုက္ခိုက္ခဲ့ရာ စစ္သား (၄၀) ထက္မနည္း ေသဆုံးၿပီး အရာရွိ (၃)ဦးကို ဖမ္းဆီးႏိုင္ခဲ့သည့္အျပင္ လက္နက္အမ်ားအျပား သိမ္းႏိုင္ခဲ့သည္ဟု ကန္႔ဘလူခ႐ိုင္တပ္ရင္း (၂) က ယေန႔ညထုတ္ျပန္လိုက္သည္။

သိမ္းဆည္းရမိသည့္ လက္နက္ပစၥည္းမ်ားမွာ MA1 (၇) လက္၊ MA2 (၂)လက္၊ MA3 (၇)လက္၊ MA4(၁)လက္-စႏိုက္ပါ၊ ၆၀မမ ေျပာင္းတို(၂)လက္၊ RPG (၁) လက္၊ RPG က်ည္ (၂) လုံး၊ MA က်ည္ေဘာက္ (၅၅) ေဘာက္ ၊ ၆၀ မမက်ည္ (၁၈) လုံး ၊ ၅.၅၆ က်ည္ ၁၈၆၇ ေတာင့္ ၊ ၄၀ မမ က်ည္ (၆) လုံး၊ အီနာဂါဗုံးသီး (၄) လုံး ၊ ဦးထုပ္ (၆) လုံး၊ နင္းမိုင္း (၅) လုံး၊ စကားေျပာစက္ (၅) လုံး၊ လက္လုပ္တူမီး (၁) လက္ ၊ လက္လုပ္တစ္ေထာင့္ထိုး (၁) လက္အျပင္ အျခားလက္နက္ခဲယမ္းမ်ားကို သိမ္းဆည္းရမိခဲ့သည္ဟု ဆိုသည္။

ဖမ္းဆီးခဲ့သည့္ သုံ႔ပန္းမ်ားႏွင့္ သိမ္းႏိုင္ခဲ့သည့္ လက္နက္ဓာတ္ပုံမ်ားကိုမူ အင္တာနက္အခက္အခဲေၾကာင့္ ျပည္သူမ်ားကို မခ်ျပႏိုင္ျခင္း ျဖစ္သည္ဟုလည္း အသိေပးထားသည္။

အာဏာသိမ္းစစ္တပ္က အက်အဆုံးမ်ားသည့္အတြက္ေၾကာင့္ ရဟတ္ယာဥ္(၅)စီး၊ ဂ်က္ေလယာဥ္တစ္စီးတို႔ျဖင့္ စစ္ကူေပးခဲ့ေၾကာင္းလည္း ကန္႔ဘလူခ႐ိုင္တပ္ရင္း – ၂ တာဝန္ရွိသူတစ္ဦးက လူငယ့္ေခတ္သို႔ ေျပာသည္။

“လက္ရွိကေတာ့ က်ေနာ္တို႔တေတြလည္းျပန္ဆုတ္ခဲ့ၿပီး အေျခအေနျပန္လည္တည္ၿငိမ္သြားပါပီဗ်”ဟု အဆိုပါ တာဝန္ရွိသူက ေျပာသည္။

တိုက္ပြဲအတြင္း ေဒသကာကြယ္ေရးတပ္ဖြဲ႕မ်ား အက်အဆုံးမရွိခဲ့ေသာ္လည္း မစိုးရိမ္ရသည့္ ဒဏ္ရာရသူ (၂) ဦးရွိခဲ့သည္ဟု ဆိုသည္။

အၾကမ္းဖက္စစ္တပ္သည္ ယခုလအတြင္း ကရင္ျပည္နယ္၊ စစ္ကိုင္းတိုင္း၊ မေကြးတိုင္း အတြင္းသို႔ အင္အားအမ်ားအျပားျဖင့္ ေျမျပင္ စစ္ေၾကာင္းထိုးမႈမ်ားဆက္တိုက္လုပ္ေနၿပီး စစ္ေၾကာင္းထိုးစဥ္ လက္နက္ႀကီးပစ္ကူ၊ ေလေၾကာင္း ပစ္ကူတို႔ျဖင့္ တိုက္ခိုက္ေနသည္ဟု ေတာ္လွန္ေရးအဖြဲ႕မ်ားက လူငယ့္ေခတ္သို႔ ေျပာသည္။

ထို႔ျပင္ ရိကၡာပို႔ျခင္းႏွင့္ အင္အားတိုးခ်ျခင္းတို႔ကိုလည္း ကုန္းေၾကာင္းမွမလုပ္ေဆာင္ႏိုင္သည့္အတြက္ ေလေၾကာင္းမွ ျဖည့္တင္းေပးေနေၾကာင္း ေတာ္လွန္ေရးအဖြဲ႕မ်ားႏွင့္ ေဒသခံမ်ားထံမွ သိရသည္။

Lungekhit

ယနေ့ အညာဒေသ ကန့်ဘလူတိုက်ပွဲ၌ အရာရှိ(၃)ဦးကို ဖမ်းမိပြီး လက်နက် (၂၀) ကျော်ကို တော်လှန်ရေးအဖွဲ့များသိမ်းနိုင်ခဲ့

ကန့်ဘလူ၊ သြဂုတ် (၂၃)

လူငယ့်ခေတ်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် လက်ခုပ်ပင်နှင့်အောင်ချမ်းသာကျေးရွာသို့ ယနေ့ စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းစစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား (၄၀) ထက်မနည်း သေဆုံးပြီး အရာရှိ (၃)ဦးကို ဖမ်းဆီးနိုင်ခဲ့သည့်အပြင် လက်နက်အများအပြား သိမ်းနိုင်ခဲ့သည်ဟု ကန့်ဘလူခရိုင်တပ်ရင်း (၂) က ယနေ့ညထုတ်ပြန်လိုက်သည်။

သိမ်းဆည်းရမိသည့် လက်နက်ပစ္စည်းများမှာ MA1 (၇) လက်၊ MA2 (၂)လက်၊ MA3 (၇)လက်၊ MA4(၁)လက်-စနိုက်ပါ၊ ၆၀မမ ပြောင်းတို(၂)လက်၊ RPG (၁) လက်၊ RPG ကျည် (၂) လုံး၊ MA ကျည်ဘောက် (၅၅) ဘောက် ၊ ၆၀ မမကျည် (၁၈) လုံး ၊ ၅.၅၆ ကျည် ၁၈၆၇ တောင့် ၊ ၄၀ မမ ကျည် (၆) လုံး၊ အီနာဂါဗုံးသီး (၄) လုံး ၊ ဦးထုပ် (၆) လုံး၊ နင်းမိုင်း (၅) လုံး၊ စကားပြောစက် (၅) လုံး၊ လက်လုပ်တူမီး (၁) လက် ၊ လက်လုပ်တစ်ထောင့်ထိုး (၁) လက်အပြင် အခြားလက်နက်ခဲယမ်းများကို သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

ဖမ်းဆီးခဲ့သည့် သုံ့ပန်းများနှင့် သိမ်းနိုင်ခဲ့သည့် လက်နက်ဓာတ်ပုံများကိုမူ အင်တာနက်အခက်အခဲကြောင့် ပြည်သူများကို မချပြနိုင်ခြင်း ဖြစ်သည်ဟုလည်း အသိပေးထားသည်။

အာဏာသိမ်းစစ်တပ်က အကျအဆုံးများသည့်အတွက်ကြောင့် ရဟတ်ယာဉ်(၅)စီး၊ ဂျက်လေယာဉ်တစ်စီးတို့ဖြင့် စစ်ကူပေးခဲ့ကြောင်းလည်း ကန့်ဘလူခရိုင်တပ်ရင်း – ၂ တာဝန်ရှိသူတစ်ဦးက လူငယ့်ခေတ်သို့ ပြောသည်။

“လက်ရှိကတော့ ကျနော်တို့တတွေလည်းပြန်ဆုတ်ခဲ့ပြီး အခြေအနေပြန်လည်တည်ငြိမ်သွားပါပီဗျ”ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

တိုက်ပွဲအတွင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များ အကျအဆုံးမရှိခဲ့သော်လည်း မစိုးရိမ်ရသည့် ဒဏ်ရာရသူ (၂) ဦးရှိခဲ့သည်ဟု ဆိုသည်။

အကြမ်းဖက်စစ်တပ်သည် ယခုလအတွင်း ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း အတွင်းသို့ အင်အားအများအပြားဖြင့် မြေပြင် စစ်ကြောင်းထိုးမှုများဆက်တိုက်လုပ်နေပြီး စစ်ကြောင်းထိုးစဉ် လက်နက်ကြီးပစ်ကူ၊ လေကြောင်း ပစ်ကူတို့ဖြင့် တိုက်ခိုက်နေသည်ဟု တော်လှန်ရေးအဖွဲ့များက လူငယ့်ခေတ်သို့ ပြောသည်။

ထို့ပြင် ရိက္ခာပို့ခြင်းနှင့် အင်အားတိုးချခြင်းတို့ကိုလည်း ကုန်းကြောင်းမှမလုပ်ဆောင်နိုင်သည့်အတွက် လေကြောင်းမှ ဖြည့်တင်းပေးနေကြောင်း တော်လှန်ရေးအဖွဲ့များနှင့် ဒေသခံများထံမှ သိရသည်။

Lungekhit