Local News

တိုက္ပြဲ(၃၀)ေက်ာ္ ဆင္ႏႊဲခဲ့တဲ့ ျပည္သူ႔ရဲေဘာ္တစ္ဦး ေခ်ာင္းေရနစ္ကာ က်ဆုံး

ဖက္ဆစ္တပ္နဲ႔ တိုက္ပြဲ(၃၀)ေက်ာ္ ဆင္ႏႊဲခဲ့တဲ့ ျပည္သူ႔ရဲေဘာ္တစ္ဦး ေခ်ာင္းေရနစ္ကာ က်ဆုံး၊

MFP ၊ ၾသဂုတ္ – ၂၄

အာဏာသိမ္း ဖက္ဆစ္တပ္နဲ႔ တိုက္ပြဲ အႀကိမ္(၃၀)ေက်ာ္ ဆင္ႏႊဲတိုက္ခိုက္ခဲ့တဲ့ ဒီပဲယင္းၿမိဳ႕နယ္က ျပည္သူ႔ကာကြယ္ေရး ရဲေဘာ္တစ္ဦး ၾသဂုတ္(၁၃)ရက္က တိုက္ပြဲမွာ ေခ်ာင္းကို ျဖတ္ကူးစဥ္ ေရနစ္ က်ဆုံးခဲ့တယ္လို႔ မိခင္တပ္ရင္းျဖစ္တဲ့ ေ႐ႊဘိုခ႐ိုင္ ျပည္သူ႔ကာကြယ္ေရး တပ္မေတာ္ အမွတ္ (၁၉)တပ္ရင္း – ဂဠဳန္တပ္ေတာ္ (ဒီပဲယင္း) က သတင္း ထုတ္ျပန္ပါတယ္။

ေ႐ႊဘိုခ႐ိုင္ တပ္ရင္း (၁၉)ရဲ႕ တပ္စုမႈး၊ ေရွ႕တန္းတပ္ခြဲမႈးျဖစ္တဲ့ ရဲေဘာ္ ဒႆ (၂၁-ႏွစ္) ဟာ ၾသဂုတ္(၁၃)ရက္က ဒီပဲယင္းၿမိဳ႕နယ္ သခြပ္ပင္ေက်ာင္းေရွ႕မွာ ျဖစ္ပြားခဲ့တဲ့ တိုက္ပြဲအတြင္း ေခ်ာင္းျဖတ္ကူးစဥ္ ေရနစ္က်ဆုံးခဲ့တာလို႔ ဆိုပါတယ္။

သခြပ္ပင္ေက်ာင္းတိုက္ပြဲဟာ ဖက္ဆစ္တပ္သား (၈၀)ကို ေ႐ႊဘိုခ႐ိုင္ ျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႕ အမွတ္(၁၉)တပ္ရင္းက အထူးကြန္မန္ဒို (၁၅)ဦးနဲ႔ ခုခံတိုက္ခိုက္ခဲ့တဲ့ တိုက္ပြဲ ျဖစ္ၿပီး အဲ့ဒီတိုက္ပြဲမွာ အင္အား သာလြန္တဲ့ ရန္သူဖက္ဆစ္တပ္ကို ေျပာက္က်ားတိုက္ခိုက္ၿပီး ဆုတ္ခြါရာလမ္းအတိုင္း ျပန္လည္ဆုတ္ခြါခဲ့ရာမွာ ေခ်ာင္းအတြင္း က်ဆုံးခဲ့တာလို႔ ဆိုပါတယ္။

“ရဲေဘာ္ဒႆသည္ အာဏာသိမ္းခံရခ်ိန္မွစ၍ ေတာ္လွန္ေရးကို တစိုက္မတ္မတ္ ေဆာင္႐ြက္ခဲ့သူျဖစ္ၿပီး ကြၽႏ္ုပ္တို႔ ဂဠဳန္တပ္ေတာ္ သင္တန္းအပတ္စဥ္ ႏွစ္ခုတြင္ သင္တန္းနည္းျပအျဖစ္ တာဝန္ယူေဆာင္႐ြက္ခဲ့ကာ ” ေ႐ႊဘိုခ႐ိုင္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ အမွတ္(၁၉)တပ္ရင္း “တြင္ NUG မွ ေပးအပ္ေသာ ကိုယ္ပိုင္နံပါတ္ျဖင့္ တပ္စုမႈး၊

ေရွ႕တန္းတပ္ခြဲမႈး တာဝန္ျဖင့္ ဒီပဲယင္းၿမိဳ႕နယ္အတြင္း တိုက္ပြဲေပါင္း (၃၀)ေက်ာ္ကို ႐ြပ္႐ြပ္ခ်ြၽန္ခြၽန္ ပါဝင္တိုက္ခိုက္ခဲ့သူ ျဖစ္သည္။ ၾသဂုတ္ (၁၃)ရက္တြင္ ဒီပဲယင္းၿမိဳ႕နယ္ သခြပ္ပင္ေက်ာင္းေရွ႕တြင္ ရန္သူသာလြန္အင္အား (၈၀)ကို ေ႐ႊဘိုခ႐ိုင္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ အမွတ္(၁၉)တပ္ရင္း မွ အထူးကြန္မန္ဒို (၁၅)ေယာက္ျဖင့္ ခုခံခဲ့ၿပီး ဆုတ္ခြါရာ လမ္းအတိုင္း ျပန္လည္ဆုတ္ခြါခဲ့ရာ ေခ်ာင္အကူးတြင္ ေခ်ာင္းေရ အရမ္းမ်ားလြန္းသျဖင့္ လက္နက္ခဲယမ္း အပါအဝင္ ေရေခ်ာင္းအတြင္း က်ဆုံးခဲ့ေလသည္” လို႔ ေ႐ႊဘိုခ႐ိုင္ တပ္ရင္း (၁၉) – ဂဠဳန္တပ္ေတာ္ (ဒီပဲယင္း)က ေဖာ္ျပပါတယ္။

ရဲေဘာ္ ဒႆ က်ဆုံးမႈအေပၚ မိသားစုႏွင့္ထပ္တူ ဝမ္းနည္းေၾကာင္း မိခင္တပ္ရင္းက ေဖာ္ျပပါတယ္။“ကြၽႏ္ုပ္တို႔ ဂဠဳန္တပ္ေတာ္မွလည္း က်န္ရစ္သူ မိသားစုမ်ားႏွင့္ ထပ္တူထပ္မွ် ဝမ္းနည္းေၾကကြဲျခင္း ျဖစ္ရပါသည္။ ကြၽႏ္ုပ္တို႔ ဂဠဳန္တပ္ေတာ္၏ ေတာ္လွန္ေရး တပ္သား ရဲေဘာ္မ်ားမွ ေခတ္အဆက္ဆက္ စနစ္အဆက္ဆက္ ေတာ္လွန္ေရး တိုက္ပြဲမ်ားအတြင္း ျမင့္ျမတ္စြာ က်ဆုံးခဲ့ၾကေသာ အာဇာနည္သူရဲေကာင္းမ်ားအား အေလးျပဳသည့္အခါမ်ားတြင္ သင့္အားလည္း အေလးျပဳဦးၫႊတ္သြားမည္ ျဖစ္သည္။ ရဲေဘာ္ဒႆ ေကာင္းရာဘုံဘဝ ေရာက္ပါေစေသာ္” လို႔ ေ႐ႊဘိုခ႐ိုင္ တပ္ရင္း (၁၉) – ဂဠဳန္တပ္ေတာ္ (ဒီပဲယင္း) က ေဖာ္ျပပါတယ္။

ဖက္ဆစ္တပ္ဟာ ၾသဂုတ္(၂)ရက္က စတင္ၿပီး ဒီပဲယင္းနယ္ထဲ ရဟတ္ယာဥ္ေတြနဲ႔ ပစ္ခတ္စီးနင္းကာ ႐ြာစဥ္ပတ္ေမႊ လုယက္ေသာင္းက်န္းၿပီး ေဒသခံျပည္သူေတြကို ရန္ျပဳ သ-တ္-ျဖတ္တာ၊ ဖမ္းဆီးႏွိပ္စက္တာ၊ ေနအိမ္ မီးရႈိ႕တာေတြ က်ဴးလြန္ေနတာ ျဖစ္ပါတယ္။

က်ဆုံးရဲေဘာ္ ဒႆ/Photo – ေ႐ႊဘိုခ႐ိုင္ တပ္ရင္း (၁၉) – ဂဠဳန္တပ္ေတာ္

ဖက်ဆစ်တပ်နဲ့ တိုက်ပွဲ(၃၀)ကျော် ဆင်နွှဲခဲ့တဲ့ ပြည်သူ့ရဲဘော်တစ်ဦး ချောင်းရေနစ်ကာ ကျဆုံး၊

MFP ၊ သြဂုတ် – ၂၄

အာဏာသိမ်း ဖက်ဆစ်တပ်နဲ့ တိုက်ပွဲ အကြိမ်(၃၀)ကျော် ဆင်နွှဲတိုက်ခိုက်ခဲ့တဲ့ ဒီပဲယင်းမြို့နယ်က ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦး သြဂုတ်(၁၃)ရက်က တိုက်ပွဲမှာ ချောင်းကို ဖြတ်ကူးစဉ် ရေနစ် ကျဆုံးခဲ့တယ်လို့ မိခင်တပ်ရင်းဖြစ်တဲ့ ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် အမှတ် (၁၉)တပ်ရင်း – ဂဠုန်တပ်တော် (ဒီပဲယင်း) က သတင်း ထုတ်ပြန်ပါတယ်။

ရွှေဘိုခရိုင် တပ်ရင်း (၁၉)ရဲ့ တပ်စုမှုး၊ ရှေ့တန်းတပ်ခွဲမှုးဖြစ်တဲ့ ရဲဘော် ဒဿ (၂၁-နှစ်) ဟာ သြဂုတ်(၁၃)ရက်က ဒီပဲယင်းမြို့နယ် သခွပ်ပင်ကျောင်းရှေ့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ချောင်းဖြတ်ကူးစဉ် ရေနစ်ကျဆုံးခဲ့တာလို့ ဆိုပါတယ်။

သခွပ်ပင်ကျောင်းတိုက်ပွဲဟာ ဖက်ဆစ်တပ်သား (၈၀)ကို ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ အမှတ်(၁၉)တပ်ရင်းက အထူးကွန်မန်ဒို (၁၅)ဦးနဲ့ ခုခံတိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲ ဖြစ်ပြီး အဲ့ဒီတိုက်ပွဲမှာ အင်အား သာလွန်တဲ့ ရန်သူဖက်ဆစ်တပ်ကို ပြောက်ကျားတိုက်ခိုက်ပြီး ဆုတ်ခွါရာလမ်းအတိုင်း ပြန်လည်ဆုတ်ခွါခဲ့ရာမှာ ချောင်းအတွင်း ကျဆုံးခဲ့တာလို့ ဆိုပါတယ်။

“ရဲဘော်ဒဿသည် အာဏာသိမ်းခံရချိန်မှစ၍ တော်လှန်ရေးကို တစိုက်မတ်မတ် ဆောင်ရွက်ခဲ့သူဖြစ်ပြီး ကျွန်ုပ်တို့ ဂဠုန်တပ်တော် သင်တန်းအပတ်စဉ် နှစ်ခုတွင် သင်တန်းနည်းပြအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ကာ ” ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အမှတ်(၁၉)တပ်ရင်း “တွင် NUG မှ ပေးအပ်သော ကိုယ်ပိုင်နံပါတ်ဖြင့် တပ်စုမှုး၊

ရှေ့တန်းတပ်ခွဲမှုး တာဝန်ဖြင့် ဒီပဲယင်းမြို့နယ်အတွင်း တိုက်ပွဲပေါင်း (၃၀)ကျော်ကို ရွပ်ရွပ်ချျွန်ချွန် ပါဝင်တိုက်ခိုက်ခဲ့သူ ဖြစ်သည်။ သြဂုတ် (၁၃)ရက်တွင် ဒီပဲယင်းမြို့နယ် သခွပ်ပင်ကျောင်းရှေ့တွင် ရန်သူသာလွန်အင်အား (၈၀)ကို ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အမှတ်(၁၉)တပ်ရင်း မှ အထူးကွန်မန်ဒို (၁၅)ယောက်ဖြင့် ခုခံခဲ့ပြီး ဆုတ်ခွါရာ လမ်းအတိုင်း ပြန်လည်ဆုတ်ခွါခဲ့ရာ ချောင်အကူးတွင် ချောင်းရေ အရမ်းများလွန်းသဖြင့် လက်နက်ခဲယမ်း အပါအဝင် ရေချောင်းအတွင်း ကျဆုံးခဲ့လေသည်” လို့ ရွှေဘိုခရိုင် တပ်ရင်း (၁၉) – ဂဠုန်တပ်တော် (ဒီပဲယင်း)က ဖော်ပြပါတယ်။

ရဲဘော် ဒဿ ကျဆုံးမှုအပေါ် မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြောင်း မိခင်တပ်ရင်းက ဖော်ပြပါတယ်။“ကျွန်ုပ်တို့ ဂဠုန်တပ်တော်မှလည်း ကျန်ရစ်သူ မိသားစုများနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲခြင်း ဖြစ်ရပါသည်။ ကျွန်ုပ်တို့ ဂဠုန်တပ်တော်၏ တော်လှန်ရေး တပ်သား ရဲဘော်များမှ ခေတ်အဆက်ဆက် စနစ်အဆက်ဆက် တော်လှန်ရေး တိုက်ပွဲများအတွင်း မြင့်မြတ်စွာ ကျဆုံးခဲ့ကြသော အာဇာနည်သူရဲကောင်းများအား အလေးပြုသည့်အခါများတွင် သင့်အားလည်း အလေးပြုဦးညွှတ်သွားမည် ဖြစ်သည်။ ရဲဘော်ဒဿ ကောင်းရာဘုံဘဝ ရောက်ပါစေသော်” လို့ ရွှေဘိုခရိုင် တပ်ရင်း (၁၉) – ဂဠုန်တပ်တော် (ဒီပဲယင်း) က ဖော်ပြပါတယ်။

ဖက်ဆစ်တပ်ဟာ သြဂုတ်(၂)ရက်က စတင်ပြီး ဒီပဲယင်းနယ်ထဲ ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်စီးနင်းကာ ရွာစဉ်ပတ်မွှေ လုယက်သောင်းကျန်းပြီး ဒေသခံပြည်သူတွေကို ရန်ပြု သ-တ်-ဖြတ်တာ၊ ဖမ်းဆီးနှိပ်စက်တာ၊ နေအိမ် မီးရှို့တာတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။

ကျဆုံးရဲဘော် ဒဿ/Photo – ရွှေဘိုခရိုင် တပ်ရင်း (၁၉) – ဂဠုန်တပ်တော်