Local News

ဦးစည္သူကိုကို ႏွင့္ မႏွင္းေဝေဝလႈိင္ တို႔ရဲ႕ နားေရးျမင္းကြင္း ႐ုပ္သံ

မႏၲေလးၿမိဳ႕မွာ မေန႔မနက္က လမ္း (၃၀)ပ-စ္ခတ္မႈမွာ ေ-သဆုံးသြားရရွာတဲ့ ဦးစည္သူကိုကို ႏွင့္ မႏွင္းေဝေဝလႈိင္ တို႔ရဲ႕ နားေရးျမင္းကြင္း ႐ုပ္သံ

မႏၲေလး လမ္း (၃၀) ပစ္ခတ္မႈ ဘယ္လိုမွားယြင္းခဲ့သလဲ

မႏၲေလးၿမိဳ႕မွာ မေန႔မနက္ လမ္း (၃၀) ပစ္ခတ္မႈမွာ ေသဆုံးသြားသူအမ်ိဳးသားဟာ CID ရဲမႉးမဟုတ္ဘဲ ဆိုင္ကယ္တူ၊ အမ်ိဳးအစားတူ မွားယြင္းပစ္ခတ္ခံရတာလို႔ နီးစပ္သူေတြဆီက သိရပါတယ္။

လမ္း ၃၀ နဲ႔ ၅၇ လမ္းအနီးက ယူနီတီ ကိုယ္ပိုင္ေက်ာင္းမွာ ကေလးေက်ာင္းပို႔ၿပီး ျပန္လာတဲ့ ဆိုင္ကယ္စီးလင္မယားႏွစ္ေယာက္ကို ေနာက္ကေန ေသနတ္နဲ႔ ပစ္ခတ္ခံခဲ့ရကာ ပြဲခ်င္းၿပီး ေသဆုံးသြားခဲ့တာ ျဖစ္ပါတယ္။

“ လုပ္တာက ရဲကိုလုပ္တာ၊ အခင္းျဖစ္ေနရာ ရဲျဖတ္သြားတယ္၊ တစ္ေခါက္ျပန္လွည့္ခ်ိန္ အခုေသသြားသူေတြ ျဖစ္သြားတယ္၊ ရဲစီးတဲ့ဆိုင္ကယ္နဲ႔ ေသဆုံးသူေတြစီးတဲ့ ဆိုင္ကယ္ အမ်ိဳးအစား အေရာင္ အတူတူပဲ၊ TVS ဆိုင္ကယ္ တဲ့ “ လို႔ ျဖစ္စဥ္ကို သိရွိသူေတြက MFP ကို ဆက္သြယ္ေျပာဆိုပါတယ္။

ေသဆုံးသူေတြဟာ ေဗာဓိကုန္းဘက္မွာ ေနထိုင္ၿပီး ဦးစည္သူကိုကိုဟာ ကိုစည္ ဆိုတဲ့နာမည္နဲ႔ အထည္ေတြကို အြန္လိုင္းမွာ ေရာင္းခ်သူျဖစ္ကာ အမ်ိဳးသမီးျဖစ္သူ မႏွင္းေဝေဝလႈိင္က ဟိုတယ္မွာ အလုပ္လုပ္သူလို႔ မိသားစုနဲ႔ နီးစပ္သူဆီက သိရပါတယ္။

သူတို႔ရဲ႕႐ုပ္အေလာင္းေတြကို မႏၲေလးေဆး႐ုံႀကီး ရင္ခြဲ႐ုံကတစ္ဆင့္ ေနအိမ္ကို သယ္ေဆာင္သြားၿပီလို႔လည္း ဆိုပါတယ္။

ဦးစည္သူကိုကိုဟာ ဗုဒၶဘာသာဝင္ျဖစ္ၿပီး မိဘေတြဘက္က နာေရးျပဳလုပ္ဖို႔ ေခၚသြားကာ မႏွင္းေဝေဝလႈိင္ကေတာ့ ခရစ္ယာန္ဘာသာဝင္ျဖစ္တာမို႔ ခရစ္ယာန္လို သၿဂႋဳလ္မယ္လို႔လည္း နီးစပ္သူေတြဆီက သိရပါတယ္။

နာေရးကိုလည္း ကားတန္းနဲ႔ လိုက္ပါပို႔ေဆာင္တာ မလုပ္ရဘဲ နာေရးပို႔သူေတြ ခရစ္ယာန္သခ်ႋဳင္းမွာ ေစာင့္ဆိုင္းရမွာျဖစ္တယ္လို႔ အုပ္ခ်ဳပ္ေရးအဖြဲ႕ေတြက ေျပာဆိုေၾကာင္းလည္း ထပ္မံ သိရပါတယ္။

ေသဆုံးသူေတြမွာ အသက္ (၈)ႏွစ္အ႐ြယ္ သမီးေလးတစ္ေယာက္ က်န္ရစ္ပါတယ္။

မန္တလေးမြို့မှာ မနေ့မနက်က လမ်း (၃၀)ပ-စ်ခတ်မှုမှာ ေ-သဆုံးသွားရရှာတဲ့ ဦးစည်သူကိုကို နှင့် မနှင်းဝေဝေလှိုင် တို့ရဲ့ နားရေးမြင်းကွင်း ရုပ်သံ

မန္တလေး လမ်း (၃၀) ပစ်ခတ်မှု ဘယ်လိုမှားယွင်းခဲ့သလဲ

မန္တလေးမြို့မှာ မနေ့မနက် လမ်း (၃၀) ပစ်ခတ်မှုမှာ သေဆုံးသွားသူအမျိုးသားဟာ CID ရဲမှူးမဟုတ်ဘဲ ဆိုင်ကယ်တူ၊ အမျိုးအစားတူ မှားယွင်းပစ်ခတ်ခံရတာလို့ နီးစပ်သူတွေဆီက သိရပါတယ်။

လမ်း ၃၀ နဲ့ ၅၇ လမ်းအနီးက ယူနီတီ ကိုယ်ပိုင်ကျောင်းမှာ ကလေးကျောင်းပို့ပြီး ပြန်လာတဲ့ ဆိုင်ကယ်စီးလင်မယားနှစ်ယောက်ကို နောက်ကနေ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရကာ ပွဲချင်းပြီး သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

“ လုပ်တာက ရဲကိုလုပ်တာ၊ အခင်းဖြစ်နေရာ ရဲဖြတ်သွားတယ်၊ တစ်ခေါက်ပြန်လှည့်ချိန် အခုသေသွားသူတွေ ဖြစ်သွားတယ်၊ ရဲစီးတဲ့ဆိုင်ကယ်နဲ့ သေဆုံးသူတွေစီးတဲ့ ဆိုင်ကယ် အမျိုးအစား အရောင် အတူတူပဲ၊ TVS ဆိုင်ကယ် တဲ့ “ လို့ ဖြစ်စဉ်ကို သိရှိသူတွေက MFP ကို ဆက်သွယ်ပြောဆိုပါတယ်။

သေဆုံးသူတွေဟာ ဗောဓိကုန်းဘက်မှာ နေထိုင်ပြီး ဦးစည်သူကိုကိုဟာ ကိုစည် ဆိုတဲ့နာမည်နဲ့ အထည်တွေကို အွန်လိုင်းမှာ ရောင်းချသူဖြစ်ကာ အမျိုးသမီးဖြစ်သူ မနှင်းဝေဝေလှိုင်က ဟိုတယ်မှာ အလုပ်လုပ်သူလို့ မိသားစုနဲ့ နီးစပ်သူဆီက သိရပါတယ်။

သူတို့ရဲ့ရုပ်အလောင်းတွေကို မန္တလေးဆေးရုံကြီး ရင်ခွဲရုံကတစ်ဆင့် နေအိမ်ကို သယ်ဆောင်သွားပြီလို့လည်း ဆိုပါတယ်။

ဦးစည်သူကိုကိုဟာ ဗုဒ္ဓဘာသာဝင်ဖြစ်ပြီး မိဘတွေဘက်က နာရေးပြုလုပ်ဖို့ ခေါ်သွားကာ မနှင်းဝေဝေလှိုင်ကတော့ ခရစ်ယာန်ဘာသာဝင်ဖြစ်တာမို့  ခရစ်ယာန်လို သင်္ဂြိုလ်မယ်လို့လည်း နီးစပ်သူတွေဆီက သိရပါတယ်။

နာရေးကိုလည်း ကားတန်းနဲ့ လိုက်ပါပို့ဆောင်တာ မလုပ်ရဘဲ နာရေးပို့သူတွေ ခရစ်ယာန်သင်္ချိုင်းမှာ စောင့်ဆိုင်းရမှာဖြစ်တယ်လို့ အုပ်ချုပ်ရေးအဖွဲ့တွေက ပြောဆိုကြောင်းလည်း ထပ်မံ သိရပါတယ်။

သေဆုံးသူတွေမှာ အသက် (၈)နှစ်အရွယ် သမီးလေးတစ်ယောက် ကျန်ရစ်ပါတယ်။