Local News

ျမဝတီေတာင္ပိုင္းေဒသရွိ စခန္းကုန္းတစ္ခုကို ဆုတ္ခြာေပးလိုက္ရသည္ဟု KNU ေကာ္ဘရာစစ္ေၾကာင္းထုတ္ျပန္

ျမဝတီေတာင္ပိုင္းေဒသရွိ စခန္းကုန္းတစ္ခုကို ဆုတ္ခြာေပးလိုက္ရသည္ဟု KNU ေကာ္ဘရာစစ္ေၾကာင္းထုတ္ျပန္

ကရင္ျပည္နယ္၊ ျမဝတီေတာင္ပိုင္း ဖလူး-ေဝါေလ လမ္းပိုင္းကို စစ္ေကာင္စီက ေလေၾကာင္း၊ ေျမျပင္ စစ္ေၾကာင္းမ်ားႏွင့္ ထိုးစစ္ဆင္ေနသျဖင့္ ယမန္ေန႔ (ဩဂုတ္ ၂၃) တြင္ ထိုေဒသရွိ ေရွ႕တန္းစခန္းကုန္းတစ္ခုကို ဆုတ္ခြာေပးလိုက္ေၾကာင္း ေကာ္ဘရာစစ္ေၾကာင္းက ေျပာသည္။

ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ (KNLA) ၏ တပ္ရင္း (၂၇) လက္ေအာက္ခံ ေကာ္ဘရာစစ္ေၾကာင္း လုံၿခဳံေရးယူထားေသာ နယ္ေျမမ်ားတြင္ တိုက္ပြဲ ျပင္းထန္ေနျခင္းျဖစ္ၿပီး ေနာက္ဆုတ္ေပးလိုက္သည့္ စခန္းတြင္ စစ္ေကာင္စီတပ္သားတို႔ ေရာက္ရွိေနသည္ဟု ဆိုသည္။

“သူတို႔နဲ႔ ဆိုင္ထားတဲ့ ေရွ႕ဆုံး ကုန္းတစ္ကုန္းေပါ့ေနာ္။ အဲ့ဒီကုန္းကေတာ့ သူတို႔ကို ေပးလိုက္ရတယ္။ မေန႔က ညေန ငါးနာရီေလာက္မွာ အဲ့ဒီအေပၚ တက္ၿပီးေတာ့ သူတို႔ တပ္စြဲထားတယ္” ဟု ေကာ္ဘရာစစ္ေၾကာင္း၏ ျပန္ၾကားေရးတာဝန္ခံက Myanmar Now ကို အတည္ျပဳသည္။

ယမန္ေန႔ နံနက္ ၁၀ နာရီခန႔္တြင္ တိုက္ေလယာဥ္ ၅ စီး၊ မြန္းလြဲ ၃ နာရီ ဝန္းက်င္ခန႔္က တိုက္ေလယာဥ္ ၂ စီး ျဖင့္ သုံးထပ္ေကြ႕ အနီးတဝိုက္ကို ဖ်က္အားျပင္းဗုံးမ်ား ႀကဲခ်ခဲ့သည္ဟု ဆိုသည္။

အတြဲလိုက္စနစ္သုံး MLRS ဒုံးမ်ားအပါအဝင္ လက္နက္ႀကီး ပစ္ကူအေျမာက္အမ်ား အသုံးျပဳကာ ေျမျပင္တြင္လည္း တပ္မ ၄၄ လက္ေအာက္ခံ စစ္ေၾကာင္းမ်ားက ထိုးစစ္ဆင္ တိုက္ခိုက္ခဲ့သည္ဟု ေကာ္ဘရာစစ္ေၾကာင္းက ယမန္ေန႔တြင္ ထုတ္ျပန္သည္။

နံနက္ ၉ နာရီခန႔္မွ ညေန ၄ နာရီခန႔္ အထိ တိုက္ပြဲအျပင္းအထန္ျဖစ္ပြားခဲ့ၿပီး ေကာ္ဘရာစစ္ေၾကာင္းဘက္မွ ၂ ဦး ေသဆုံးကာ ၃ ဦး ဒဏ္ရာရသည္ဟု ဆိုသည္။

စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား၏ ထိခိုက္ေသဆုံးဒဏ္ရာရမႈမ်ား မသိရေသးသလို တိုက္ပြဲအေျခအေန အေသးစိတ္ကို ေကာ္ဘရာက ထုတ္ေဖာ္ေျပာဆိုျခင္း မျပဳေပ။

ဇူလိုင္လမွစတင္၍ ျမဝတီႏွင့္ေကာ့ကရိတ္ၿမိဳ႕နယ္မ်ားအတြင္း စစ္ေကာင္စီက စစ္ေၾကာင္းအမ်ားအျပားျဖင့္ ထိုးစစ္ဆင္ေနျခင္းျဖစ္ၿပီး ေကာ့ကရိတ္ၿမိဳ႕နယ္တြင္ KNLA တပ္ရင္း ၁၈ ႏွင့္ ၂၇ တြင္ တိုက္ပြဲ အမ်ားဆုံး ျဖစ္ပြားခဲ့သည္။

အေရွ႕ေတာင္တိုင္း စစ္ဌာနခ်ဳပ္ နယ္ေျမတြင္ ထိုသို႔ တိုက္ပြဲ အမ်ားအျပား ျဖစ္ပြားၿပီး စစ္ေကာင္စီတပ္ အထိနာေနစဥ္ တိုင္းမႉး အေျပာင္းအလဲ ျဖစ္ခဲ့သည္။

ေျမာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္တိုင္းမႉး ျဖစ္သည့္ ဗိုလ္ခ်ဳပ္ ျမတ္သက္ဦးသည္ ကရင္ႏွင့္ မြန္ ေဒသ စစ္ဆင္ေရးမ်ားအတြက္ အေရွ႕ေတာင္တိုင္း စစ္ဌာနခ်ဳပ္ တိုင္းမႉး ျဖစ္လာသည္။

တိုင္းမႉးေနရာ အေျပာင္းအလဲ ျဖစ္ၿပီးေနာက္ KNU တပ္မဟာ ၆ ထိန္းခ်ဳပ္နယ္ေျမမ်ား ေဒါနေတာင္ အေနာက္ျခမ္းႏွင့္ အေရွ႕ျခမ္းရွိ ေကာ့ကရိတ္ၿမိဳ႕နယ္၊ သဃၤန္းညီေနာင္၊ ျမဝတီၿမိဳ႕နယ္ ဖလူး-ေဝါေလ ကားလမ္းပိုင္းမ်ားကို ေဝဟင္ ေျမျပင္ အင္အားအမ်ားအျပားသုံးၿပီး စစ္ေရးတိုးခ်ဲ႕ကာ အျပင္းထန္ဆုံး တိုက္ခိုက္ေနသည္။

အလားတူ ကရင္အမ်ိဳးသားအစည္းအ႐ုံး (KNU) ကလည္း ဩဂုတ္ ၁ ရက္မွ ၂၀ ရက္တြင္း ျဖစ္ပြားခဲ့သည့္ တိုက္ပြဲမ်ားတြင္ ေကာ္ဘရာစစ္ေၾကာင္းနယ္ေျမသည္ တိုက္ပြဲအျပင္းထန္ဆုံးျဖစ္သည္ဟု ယေန႔ သတင္းထုတ္ျပန္သည္။

လူထုေထာက္ခံမႈမရွိသည့္အျပင္ နယ္ေျမကြၽမ္းက်င္မႈအားနည္းေသာ စစ္ေကာင္စီတပ္သည္ ေလေၾကာင္းပစ္ကူမပါဘဲ တိုက္ပြဲမျဖစ္ႏိုင္သည့္ အေနအထားသို႔ ေရာက္လာသည္ကို ေတြ႕ရသည္။

တိုက္ပြဲမ်ား အျပင္းအထန္ ျဖစ္ေနသည့္ သုံးထပ္ေကြ႕ေနရာသည္ ဖလူးဘက္မွလာလွ်င္ ေတာင္ေပၚတက္ရသည့္ အေနအထားျဖစ္၍ ေတာ္လွန္ေရးအဖြဲ႕မ်ား ခ်ဳံခိုတိုက္ရန္ အခြင့္သာသည္ဟု ထိုေဒသတြင္ တာဝန္ထမ္းေဆာင္ဖူးသည့္ အာဏာဖီဆန္ေရးလႈပ္ရွားမႈ (CDM) တြင္ ပါဝင္ေနေသာ ဗိုလ္ႀကီးလင္းထက္ေအာင္ က မွတ္ခ်က္ျပဳသည္။

လက္ေတြ႕တြင္မူ ဇူလိုင္လမွစ၍ ထိုေဒသတြင္ အင္အားသုံး၍ စစ္ေရးလႈပ္ရွားလာသည့္ စစ္ေကာင္စီမွာ သုံးထပ္ေကြ႕ ကို ေက်ာ္လြန္ၿပီး ဖလူး-ေဝါေလ ကားလမ္းမကို စိုးမိုးႏိုင္ျခင္းမရွိေသးေပ။

“ဒီလို စခန္းကုန္းေလးတစ္ခု ရဖို႔ တစ္လခြဲေလာက္ၾကာေအာင္ တိုက္ရတယ္ဆိုရင္ ျမဝတီ-ေဝါေလ ကားလမ္း ေဝါေလအထိ ေရာက္ႏိုင္ဖို႔ဆို ႏွစ္နဲ႔ခ်ီၿပီး ၾကာမယ္” ဟု ေကာ္ဘရာစစ္ေၾကာင္း ျပန္ၾကားေရးတာဝန္ခံက မွတ္ခ်က္ျပဳသည္။

ၿပီးခဲ့သည့္ ဩဂုတ္ ၁၅ နံနက္က ကရင္ျပည္နယ္၊ ေကာ့ကရိတ္ၿမိဳ႕ေျမာက္ဘက္ရွိ ခ႐ိုင္ရဲတပ္ဖြဲ႕႐ုံးႏွင့္ အေထြေထြအုပ္ခ်ဳပ္ေရး႐ုံးတို႔ ရွိသည့္ စုေပါင္း႐ုံး၊ ျမန္မာ့စီးပြားေရးဘဏ္တို႔ကို ေတာ္လွန္ေရးအင္အားစုမ်ားက ဝင္ေရာက္ပစ္ခတ္ခဲ့ၾကသည္။

ထိုသို႔ ၿမိဳ႕ေပၚ တိုက္ပြဲတြင္ စစ္ေကာင္စီတပ္ဘက္မွ အနည္းဆုံး လူ ၈ ဦးခန႔္ ေသဆုံးခဲ့ၿပီးေနာက္ ဩဂုတ္ ၁၇ ညေနက ေကာ့ကရိတ္ၿမိဳ႕ ေတာင္ဘက္ သုံးမိုင္ခန႔္အကြာ ေရေက်ာ္ႀကီးေက်း႐ြာအုပ္စု ကမိုင္ကုန္း႐ြာႏွင့္ ႐ြာသစ္ဘက္ကို သံခ်ပ္ကာယာဥ္မ်ား ပါဝင္သည့္ စစ္ေၾကာင္း ဝင္ေရာက္လာခဲ့သည္။

ထို႔ေနာက္ ေဝါေလေဒသတစ္ဝိုက္ကို ထိုကဲ့သို႔ အျပင္းအထန္ ထိုးစစ္ဆင္ေန၍ ရင္ဆိုင္ေနေရေသာ ေကာ္ဘရာစစ္ေၾကာင္းက စခန္းကုန္းတစ္ခု လက္လႊတ္လိုက္ရျခင္း ျဖစ္သည္။

အလားတူ ထိုရက္မ်ားတြင္ အတြဲလိုက္ပစ္ဒုံးမ်ား၊ တင့္ကားမ်ား အင္အားျဖည့္တင္းထားသည့္ ကယား(ကရင္နီ) ျပည္နယ္ ဒီးေမာ့ဆိုၿမိဳ႕နယ္အတြင္း မိုးၿဗဲႏွင့္ လြိဳင္ေကာ္ဘက္မွ စစ္အင္အား ၅၀၀ ကိုပါ စစ္ေကာင္စီက ပို႔လႊတ္ကာ စစ္ေၾကာင္းထိုးေနသည္။

ေ႐ြးေကာက္ပြဲရလဒ္ကို ျငင္းပယ္ၿပီး စစ္အာဏာသိမ္းခဲ့သည့္ လုပ္ရပ္ကို KNU က လက္မခံဘဲ ဒီမိုကေရစီအေရး လႈပ္ရွားသူ အမ်ားအျပားကို ခိုလႈံခြင့္ေပးခဲ့သည့္ေနာက္ပိုင္းတြင္ ၎တို႔ ထိန္းခ်ဳပ္ရာေဒသမ်ားအတြင္း စစ္ေကာင္စီ က ေလေၾကာင္းမွ မၾကာခဏ တိုက္ခိုက္ေနသလို ေျမျပင္ ထိုးစစ္မ်ားပါ ဆင္ႏႊဲေနသည္။

ထို႔ေၾကာင့္ လက္ရွိ ကရင္ေဒသတြင္ တပ္မဟာ ၇ ဖားအံခ႐ိုင္မွ လြဲ၍ က်န္တပ္မဟာ ၆ ခုလုံးတြင္ စစ္ေရွာင္ေနရသူ ၃ သိန္းေက်ာ္ေနၿပီျဖစ္သည္။ source-ျမန္မာေနာင္း

မြဝတီတောင်ပိုင်းဒေသရှိ စခန်းကုန်းတစ်ခုကို ဆုတ်ခွာပေးလိုက်ရသည်ဟု KNU ကော်ဘရာစစ်ကြောင်းထုတ်ပြန်

ကရင်ပြည်နယ်၊ မြဝတီတောင်ပိုင်း ဖလူး-ဝေါလေ လမ်းပိုင်းကို စစ်ကောင်စီက လေကြောင်း၊ မြေပြင် စစ်ကြောင်းများနှင့် ထိုးစစ်ဆင်နေသဖြင့် ယမန်နေ့ (ဩဂုတ် ၂၃) တွင် ထိုဒေသရှိ ရှေ့တန်းစခန်းကုန်းတစ်ခုကို ဆုတ်ခွာပေးလိုက်ကြောင်း ကော်ဘရာစစ်ကြောင်းက ပြောသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၏ တပ်ရင်း (၂၇) လက်အောက်ခံ ကော်ဘရာစစ်ကြောင်း လုံခြုံရေးယူထားသော နယ်မြေများတွင် တိုက်ပွဲ ပြင်းထန်နေခြင်းဖြစ်ပြီး နောက်ဆုတ်ပေးလိုက်သည့် စခန်းတွင် စစ်ကောင်စီတပ်သားတို့ ရောက်ရှိနေသည်ဟု ဆိုသည်။

“သူတို့နဲ့ ဆိုင်ထားတဲ့ ရှေ့ဆုံး ကုန်းတစ်ကုန်းပေါ့နော်။ အဲ့ဒီကုန်းကတော့ သူတို့ကို ပေးလိုက်ရတယ်။ မနေ့က ညနေ ငါးနာရီလောက်မှာ အဲ့ဒီအပေါ် တက်ပြီးတော့ သူတို့ တပ်စွဲထားတယ်” ဟု ကော်ဘရာစစ်ကြောင်း၏ ပြန်ကြားရေးတာဝန်ခံက Myanmar Now ကို အတည်ပြုသည်။

ယမန်နေ့ နံနက် ၁၀ နာရီခန့်တွင် တိုက်လေယာဉ် ၅ စီး၊ မွန်းလွဲ ၃ နာရီ ဝန်းကျင်ခန့်က တိုက်လေယာဉ် ၂ စီး ဖြင့် သုံးထပ်ကွေ့ အနီးတဝိုက်ကို ဖျက်အားပြင်းဗုံးများ ကြဲချခဲ့သည်ဟု ဆိုသည်။

အတွဲလိုက်စနစ်သုံး MLRS ဒုံးများအပါအဝင် လက်နက်ကြီး ပစ်ကူအမြောက်အများ အသုံးပြုကာ မြေပြင်တွင်လည်း တပ်မ ၄၄ လက်အောက်ခံ စစ်ကြောင်းများက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်ဟု ကော်ဘရာစစ်ကြောင်းက ယမန်နေ့တွင် ထုတ်ပြန်သည်။

နံနက် ၉ နာရီခန့်မှ ညနေ ၄ နာရီခန့် အထိ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး ကော်ဘရာစစ်ကြောင်းဘက်မှ ၂ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ထိခိုက်သေဆုံးဒဏ်ရာရမှုများ မသိရသေးသလို တိုက်ပွဲအခြေအနေ အသေးစိတ်ကို ကော်ဘရာက ထုတ်ဖော်ပြောဆိုခြင်း မပြုပေ။

ဇူလိုင်လမှစတင်၍ မြဝတီနှင့်ကော့ကရိတ်မြို့နယ်များအတွင်း စစ်ကောင်စီက စစ်ကြောင်းအများအပြားဖြင့် ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး ကော့ကရိတ်မြို့နယ်တွင် KNLA တပ်ရင်း ၁၈ နှင့် ၂၇ တွင် တိုက်ပွဲ အများဆုံး ဖြစ်ပွားခဲ့သည်။

အရှေ့တောင်တိုင်း စစ်ဌာနချုပ် နယ်မြေတွင် ထိုသို့ တိုက်ပွဲ အများအပြား ဖြစ်ပွားပြီး စစ်ကောင်စီတပ် အထိနာနေစဉ် တိုင်းမှူး အပြောင်းအလဲ ဖြစ်ခဲ့သည်။

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဖြစ်သည့် ဗိုလ်ချုပ် မြတ်သက်ဦးသည် ကရင်နှင့် မွန် ဒေသ စစ်ဆင်ရေးများအတွက် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဖြစ်လာသည်။

တိုင်းမှူးနေရာ အပြောင်းအလဲ ဖြစ်ပြီးနောက် KNU တပ်မဟာ ၆ ထိန်းချုပ်နယ်မြေများ ဒေါနတောင် အနောက်ခြမ်းနှင့် အရှေ့ခြမ်းရှိ ကော့ကရိတ်မြို့နယ်၊ သင်္ဃန်းညီနောင်၊ မြဝတီမြို့နယ် ဖလူး-ဝေါလေ ကားလမ်းပိုင်းများကို ဝေဟင် မြေပြင် အင်အားအများအပြားသုံးပြီး စစ်ရေးတိုးချဲ့ကာ အပြင်းထန်ဆုံး တိုက်ခိုက်နေသည်။

အလားတူ ကရင်အမျိုးသားအစည်းအရုံး (KNU) ကလည်း ဩဂုတ် ၁ ရက်မှ ၂၀ ရက်တွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် ကော်ဘရာစစ်ကြောင်းနယ်မြေသည် တိုက်ပွဲအပြင်းထန်ဆုံးဖြစ်သည်ဟု ယနေ့ သတင်းထုတ်ပြန်သည်။

လူထုထောက်ခံမှုမရှိသည့်အပြင် နယ်မြေကျွမ်းကျင်မှုအားနည်းသော စစ်ကောင်စီတပ်သည် လေကြောင်းပစ်ကူမပါဘဲ တိုက်ပွဲမဖြစ်နိုင်သည့် အနေအထားသို့ ရောက်လာသည်ကို တွေ့ရသည်။

တိုက်ပွဲများ အပြင်းအထန် ဖြစ်နေသည့် သုံးထပ်ကွေ့နေရာသည် ဖလူးဘက်မှလာလျှင် တောင်ပေါ်တက်ရသည့် အနေအထားဖြစ်၍ တော်လှန်ရေးအဖွဲ့များ ချုံခိုတိုက်ရန် အခွင့်သာသည်ဟု ထိုဒေသတွင် တာဝန်ထမ်းဆောင်ဖူးသည့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသော ဗိုလ်ကြီးလင်းထက်အောင် က မှတ်ချက်ပြုသည်။

လက်တွေ့တွင်မူ ဇူလိုင်လမှစ၍ ထိုဒေသတွင် အင်အားသုံး၍ စစ်ရေးလှုပ်ရှားလာသည့် စစ်ကောင်စီမှာ သုံးထပ်ကွေ့ ကို ကျော်လွန်ပြီး ဖလူး-ဝေါလေ ကားလမ်းမကို စိုးမိုးနိုင်ခြင်းမရှိသေးပေ။

“ဒီလို စခန်းကုန်းလေးတစ်ခု ရဖို့ တစ်လခွဲလောက်ကြာအောင် တိုက်ရတယ်ဆိုရင် မြဝတီ-ဝေါလေ ကားလမ်း ဝေါလေအထိ ရောက်နိုင်ဖို့ဆို နှစ်နဲ့ချီပြီး ကြာမယ်” ဟု ကော်ဘရာစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက မှတ်ချက်ပြုသည်။

ပြီးခဲ့သည့် ဩဂုတ် ၁၅ နံနက်က ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မြောက်ဘက်ရှိ ခရိုင်ရဲတပ်ဖွဲ့ရုံးနှင့် အထွေထွေအုပ်ချုပ်ရေးရုံးတို့ ရှိသည့် စုပေါင်းရုံး၊ မြန်မာ့စီးပွားရေးဘဏ်တို့ကို တော်လှန်ရေးအင်အားစုများက ဝင်ရောက်ပစ်ခတ်ခဲ့ကြသည်။

ထိုသို့ မြို့ပေါ် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ အနည်းဆုံး လူ ၈ ဦးခန့် သေဆုံးခဲ့ပြီးနောက် ဩဂုတ် ၁၇ ညနေက ကော့ကရိတ်မြို့ တောင်ဘက် သုံးမိုင်ခန့်အကွာ ရေကျော်ကြီးကျေးရွာအုပ်စု ကမိုင်ကုန်းရွာနှင့် ရွာသစ်ဘက်ကို သံချပ်ကာယာဉ်များ ပါဝင်သည့် စစ်ကြောင်း ဝင်ရောက်လာခဲ့သည်။

ထို့နောက် ဝေါလေဒေသတစ်ဝိုက်ကို ထိုကဲ့သို့ အပြင်းအထန် ထိုးစစ်ဆင်နေ၍ ရင်ဆိုင်နေရေသော ကော်ဘရာစစ်ကြောင်းက စခန်းကုန်းတစ်ခု လက်လွှတ်လိုက်ရခြင်း ဖြစ်သည်။

အလားတူ ထိုရက်များတွင် အတွဲလိုက်ပစ်ဒုံးများ၊ တင့်ကားများ အင်အားဖြည့်တင်းထားသည့် ကယား(ကရင်နီ) ပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်း မိုးဗြဲနှင့် လွိုင်ကော်ဘက်မှ စစ်အင်အား ၅၀၀ ကိုပါ စစ်ကောင်စီက ပို့လွှတ်ကာ စစ်ကြောင်းထိုးနေသည်။

ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ပြီး စစ်အာဏာသိမ်းခဲ့သည့် လုပ်ရပ်ကို KNU က လက်မခံဘဲ ဒီမိုကရေစီအရေး လှုပ်ရှားသူ အများအပြားကို ခိုလှုံခွင့်ပေးခဲ့သည့်နောက်ပိုင်းတွင် ၎င်းတို့ ထိန်းချုပ်ရာဒေသများအတွင်း စစ်ကောင်စီ က လေကြောင်းမှ မကြာခဏ တိုက်ခိုက်နေသလို မြေပြင် ထိုးစစ်များပါ ဆင်နွှဲနေသည်။

ထို့ကြောင့် လက်ရှိ ကရင်ဒေသတွင် တပ်မဟာ ၇ ဖားအံခရိုင်မှ လွဲ၍ ကျန်တပ်မဟာ ၆ ခုလုံးတွင် စစ်ရှောင်နေရသူ ၃ သိန်းကျော်နေပြီဖြစ်သည်။ source-မြန်မာနောင်း