ခလရ ၂၇၃ မွ စစ္သား ၃ ဦးထြက္ေျပး
တနသၤာရီတိုင္း၊ ထားဝယ္ခ႐ိုင္၊ ေရျဖဴၿမိဳ႕နယ္၊ ကံေပါက္ေဒသမွာ အေျခစိုက္တဲ့ အမွတ္ ၂၇၃ ေျခလ်င္တပ္ရင္းက တပ္သားသုံးေယာက္ ၾသဂုတ္ ၁၅ ရက္ ညကတည္းက ထြက္ေျပး ေပ်ာက္ဆုံးေနတယ္လို႔ တပ္ရင္းရဲ႕ စစ္မႈထမ္းေဟာင္းတခ်ိဳ႕ဆီက သိရပါတယ္။
ကံေပါက္႐ြာသားတေယာက္က “၁၅ ရက္ညနဲ႔ ၁၆ ရက္ တေန႔လုံး အရပ္ဝတ္နဲ႔ေရာ စစ္ဝတ္စုံနဲ႔ေရာ တနယ္လုံးပတ္ၿပီး လိုက္ရွာေနေသးတယ္။ အခု တပတ္ေက်ာ္ေနၿပီ၊ ျပန္မေတြ႕ေသးဘူး” လို႔ ေျပာပါတယ္။
အခုထြက္ေျပးေပ်ာက္ဆုံးေနတဲ့ တပ္သားသုံးေယာက္နဲ႔ ပတ္သက္ၿပီး စစ္ေကာင္စီဘက္ကလည္း တစုံတရာ ထုတ္ျပန္တာမရွိသလို ေတာ္လွန္ေရး အင္အားစုေတြဆီကို CDM အျဖစ္ ခိုလႈံျခင္း ရွိ၊ မရွိကိုလည္း အတည္ျပဳႏိုင္ျခင္း မရွိေသးပါဘူး။
ၿပီးခဲ့တဲ့ႏွစ္ကေတာ့ ကံေပါက္တိုက္နယ္ အုန္းပင္ကြင္း႐ြာမွာ အေျခစိုက္တဲ့ ေမာရဝတီ ေရတပ္စခန္းဌာနခ်ဳပ္က ဗိုလ္အဆင့္ရွိ အရာရွိႏွစ္ေယာက္ အပါအဝင္ စစ္ေကာင္စီတပ္သား ၃၀ နီးပါး အသုတ္လိုက္ တပ္ကိုစြန႔္ခြာၿပီး CDM လုပ္လာတာမ်ိဳး ရွိခဲ့ပါတယ္။
အာဏာသိမ္းၿပီးေနာက္ပိုင္းမွာ ကံေပါက္တိုယ္နယ္ ပတ္ဝန္းက်င္က အေျခစိုက္တပ္ေတြျဖစ္တဲ့ ခလရ ၂၈၂၊ ခလရ ၂၇၃ နဲ႔ ေမာရဝတီ ေရတပ္စခန္းဌာနခ်ဳပ္က စစ္သားမိသားစုေတြကို လုံၿခဳံေရးတင္းက်ပ္ၿပီး တနဂၤေႏြေန႔ ေဈးဝယ္ထြက္ရက္ေတာင္ ေပးမထြက္တာ တႏွစ္ေက်ာ္ေနၿပီလို႔ ကံေပါက္ေဒသက ကုန္စုံဆိုင္ေရာင္းခ်သူတေယာက္က ေျပာပါတယ္။
အမွတ္ ၂၇၃ ေျခလ်င္တပ္ရင္းဟာ ကံေပါက္သတၱဳတြင္းနဲ႔ ရတနာ၊ ရဲတံခြန္၊ ေဇာတိက ေရနံလုပ္ငန္းေတြရဲ႕ ကုန္းတြင္းပိုင္း ပိုက္လိုင္းကို လုံၿခဳံေရးယူေပးဖို႔ ထားရွိတာျဖစ္လို႔ ကံေပါက္ေဒသမွာ စစ္ေရးလႈပ္ရွားမႈနည္းပါးၿပီး အာဏာသိမ္းၿပီးေနာက္ စစ္ေရးလႈပ္ရွားမႈ အေနနဲ႔ ထီးခီးေဒသမွာ ေကအန္ယူ တပ္မဟာ ၄ နဲ႔ ထိေတြ႕တိုက္ပြဲတႀကိမ္နဲ႔ ကံေပါက္ေဒသ ဖားေခ်ာင္း႐ြာမွာ ကံေပါက္ေဒသ ကာကြယ္ေရးတပ္ဖြဲ႕နဲ႔ ထိေတြ႕တိုက္ပြဲတႀကိမ္ ျဖစ္ခဲ့တာ ရွိပါတယ္။
source-BBC
ခလရ ၂၇၃ မှ စစ်သား ၃ ဦးထွက်ပြေး
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသမှာ အခြေစိုက်တဲ့ အမှတ် ၂၇၃ ခြေလျင်တပ်ရင်းက တပ်သားသုံးယောက် သြဂုတ် ၁၅ ရက် ညကတည်းက ထွက်ပြေး ပျောက်ဆုံးနေတယ်လို့ တပ်ရင်းရဲ့ စစ်မှုထမ်းဟောင်းတချို့ဆီက သိရပါတယ်။
ကံပေါက်ရွာသားတယောက်က “၁၅ ရက်ညနဲ့ ၁၆ ရက် တနေ့လုံး အရပ်ဝတ်နဲ့ရော စစ်ဝတ်စုံနဲ့ရော တနယ်လုံးပတ်ပြီး လိုက်ရှာနေသေးတယ်။ အခု တပတ်ကျော်နေပြီ၊ ပြန်မတွေ့သေးဘူး” လို့ ပြောပါတယ်။
အခုထွက်ပြေးပျောက်ဆုံးနေတဲ့ တပ်သားသုံးယောက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကလည်း တစုံတရာ ထုတ်ပြန်တာမရှိသလို တော်လှန်ရေး အင်အားစုတွေဆီကို CDM အဖြစ် ခိုလှုံခြင်း ရှိ၊ မရှိကိုလည်း အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ပြီးခဲ့တဲ့နှစ်ကတော့ ကံပေါက်တိုက်နယ် အုန်းပင်ကွင်းရွာမှာ အခြေစိုက်တဲ့ မောရဝတီ ရေတပ်စခန်းဌာနချုပ်က ဗိုလ်အဆင့်ရှိ အရာရှိနှစ်ယောက် အပါအဝင် စစ်ကောင်စီတပ်သား ၃၀ နီးပါး အသုတ်လိုက် တပ်ကိုစွန့်ခွာပြီး CDM လုပ်လာတာမျိုး ရှိခဲ့ပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကံပေါက်တိုယ်နယ် ပတ်ဝန်းကျင်က အခြေစိုက်တပ်တွေဖြစ်တဲ့ ခလရ ၂၈၂၊ ခလရ ၂၇၃ နဲ့ မောရဝတီ ရေတပ်စခန်းဌာနချုပ်က စစ်သားမိသားစုတွေကို လုံခြုံရေးတင်းကျပ်ပြီး တနင်္ဂနွေနေ့ ဈေးဝယ်ထွက်ရက်တောင် ပေးမထွက်တာ တနှစ်ကျော်နေပြီလို့ ကံပေါက်ဒေသက ကုန်စုံဆိုင်ရောင်းချသူတယောက်က ပြောပါတယ်။
အမှတ် ၂၇၃ ခြေလျင်တပ်ရင်းဟာ ကံပေါက်သတ္တုတွင်းနဲ့ ရတနာ၊ ရဲတံခွန်၊ ဇောတိက ရေနံလုပ်ငန်းတွေရဲ့ ကုန်းတွင်းပိုင်း ပိုက်လိုင်းကို လုံခြုံရေးယူပေးဖို့ ထားရှိတာဖြစ်လို့ ကံပေါက်ဒေသမှာ စစ်ရေးလှုပ်ရှားမှုနည်းပါးပြီး အာဏာသိမ်းပြီးနောက် စစ်ရေးလှုပ်ရှားမှု အနေနဲ့ ထီးခီးဒေသမှာ ကေအန်ယူ တပ်မဟာ ၄ နဲ့ ထိတွေ့တိုက်ပွဲတကြိမ်နဲ့ ကံပေါက်ဒေသ ဖားချောင်းရွာမှာ ကံပေါက်ဒေသ ကာကွယ်ရေးတပ်ဖွဲ့နဲ့ ထိတွေ့တိုက်ပွဲတကြိမ် ဖြစ်ခဲ့တာ ရှိပါတယ်။
source-BBC