Local News

ဒကၡိဏခ႐ိုင္တရား႐ုံးအနီး ဗုံး ၃ လုံးဆက္တိုက္ေပါက္ကြဲၿပီး အေစာင့္ရဲ ၁ ဦး….

ဒကၡိဏခ႐ိုင္တရား႐ုံးအနီး ဗုံး ၃ လုံးဆက္တိုက္ေပါက္ကြဲၿပီး အေစာင့္ရဲ ၁ ဦး….

ေနျပည္ေတာ္ ဒကၡိဏခ႐ိုင္တရား႐ုံးအနီး ဗုံး ၃ လုံးဆက္တိုက္ေပါက္ကြဲၿပီး အေစာင့္ရဲ ၁ ဦး ဒဏ္ရာရကာ ပစ္ခတ္မႈ ျဖစ္

ရန္ကုန္၊ ဩဂုတ္ ၂၄

ေနျပည္ေတာ္၊ ဇမၺဴသီရိၿမိဳ႕နယ္၊ ဒကၡိဏခ႐ိုင္တရား႐ုံးအနီးတြင္ ယေန႔ည ၈ နာရီဝန္းက်င္အခ်ိန္ခန႔္ ဗုံး ၃ လုံး ဆက္ တိုက္ေပါက္ကြဲခဲ့ၿပီး အေစာင့္ရဲ ၁ ဦး ထိခိုက္ဒဏ္ရာရရွိေၾကာင္း ၊ ပစ္ခတ္သံတခ်ိဳ႕ၾကားရေၾကာင္း ေဒသခံတခ်ိဳ႕ႏွင့္ ၿမိဳ႕ျပေပ်ာက္က်ားသတင္းရင္းျမစ္ထံမွ သိရွိရသည္။

“ဗုံး ေလးလုံးမွာ သုံးလုံးကြဲတယ္။ အေစာင့္တစ္ေယာက္ေတာ့ထိတယ္။ ကင္း ပုန္း ေစာင့္ေနတဲ့ စစ္တပ္နဲ႔ရဲက ေသနတ္နဲ႔ ျပန္ပစ္တယ္” ဟု ၿမိဳ႕ျပေပ်ာက္က်ားသတင္းရင္းျမစ္က ေျပာသည္။

ေနျပည္ေတာ္ေဒသခံမ်ားကလည္း ဒကၡိဏခ႐ိုင္တရား႐ုံးတြင္ ယေန႔ည ၈ နာရီ ဗုံးေပါက္ကြဲမႈ မွန္ကန္ေၾကာင္း ေျပာဆိုသည္။

“ေအာင္သုခေက်း႐ြာနားက ခ႐ိုင္တရား႐ုံးနားကေန ည ၈ နာရီေလာက္က အသံအက်ယ္ႀကီးပဲ ေပါက္ကြဲသံ ၃ ခ်က္ၾကားရတယ္။

ပစ္သံလည္းၾကားရတယ္။ ၿပီးေတာ့ စစ္တပ္နဲ႔ ရဲကားေတြ ရႈပ္ယွက္ခတ္သြားတယ္” ဟု ေဒသခံတစ္ဦးက ေျပာ ဆိုသည္။

ဒက္ခိဏခရိုင်တရားရုံးအနီး ဗုံး ၃ လုံးဆက်တိုက်ပေါက်ကွဲပြီး အစောင့်ရဲ ၁ ဦး….

နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးအနီး ဗုံး ၃ လုံးဆက်တိုက်ပေါက်ကွဲပြီး အစောင့်ရဲ ၁ ဦး ဒဏ်ရာရကာ ပစ်ခတ်မှု ဖြစ်

ရန်ကုန်၊ ဩဂုတ် ၂၄

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဒက္ခိဏခရိုင်တရားရုံးအနီးတွင် ယနေ့ည ၈ နာရီဝန်းကျင်အချိန်ခန့် ဗုံး ၃ လုံး ဆက် တိုက်ပေါက်ကွဲခဲ့ပြီး အစောင့်ရဲ ၁ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ၊ ပစ်ခတ်သံတချို့ကြားရကြောင်း ဒေသခံတချို့နှင့် မြို့ပြပျောက်ကျားသတင်းရင်းမြစ်ထံမှ သိရှိရသည်။

“ဗုံး လေးလုံးမှာ သုံးလုံးကွဲတယ်။ အစောင့်တစ်ယောက်တော့ထိတယ်။ ကင်း ပုန်း စောင့်နေတဲ့ စစ်တပ်နဲ့ရဲက သေနတ်နဲ့ ပြန်ပစ်တယ်” ဟု မြို့ပြပျောက်ကျားသတင်းရင်းမြစ်က ပြောသည်။

နေပြည်တော်ဒေသခံများကလည်း ဒက္ခိဏခရိုင်တရားရုံးတွင် ယနေ့ည ၈ နာရီ ဗုံးပေါက်ကွဲမှု မှန်ကန်ကြောင်း ပြောဆိုသည်။

“အောင်သုခကျေးရွာနားက ခရိုင်တရားရုံးနားကနေ ည ၈ နာရီလောက်က အသံအကျယ်ကြီးပဲ ပေါက်ကွဲသံ ၃ ချက်ကြားရတယ်။

ပစ်သံလည်းကြားရတယ်။ ပြီးတော့ စစ်တပ်နဲ့ ရဲကားတွေ ရှုပ်ယှက်ခတ်သွားတယ်” ဟု ဒေသခံတစ်ဦးက ပြော ဆိုသည်။