Local News

စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၁၇ ဦး အရွင္ဖမ္းမိ

ေကာလင္းတိုက္ပြဲတြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၁၇ ဦး အရွင္ဖမ္းမိ

စစ္ကိုင္းတိုင္း၊ ေကာလင္းခ႐ိုင္ လက္ခုပ္ပင္ေက်း႐ြာနားမွာ ႆျဂဳတ္ ၂၃ ရက္ေန႔က စစ္ေကာင္စီတပ္သားေတြနဲ႔ ေကာလင္အေနာက္ျခမ္း PDF တပ္ရင္း ၂ တို႔ ထိေတြ႕တိုက္ပြဲျဖစ္ပြားခဲ့ၿပီး စစ္ေကာင္စီတပ္သား ၄၅ ဦး ေသဆုံးၿပီး ၁၇ ဦး အရွင္ဖမ္းမိတယ္လို႔ ေကာလင္းျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ဝင္တဦးက ေျပာပါတယ္။

တိုက္ပြဲဟာ သုံးနာရီနီးပါးျဖစ္ပြားခဲ့ၿပီး ဖမ္းဆီးရမိသူေတြထဲမွာ ပ်ဴေစာထီးေခါင္းေဆာင္တေယာက္လည္း ပါဝင္တယ္လို႔ ဆိုပါတယ္။

“ေကာလင္းအေနာက္ျခမ္း လက္ခုပ္ပင္မွာ ေန႔လယ္ ၁၂ ေလာက္ကစၿပီး တိုက္ပြဲျဖစ္တယ္၊ ၄၅ ေကာင္ပြဲခ်င္းၿပီးေသတယ္။ အရွင္ ၁၇ ေကာင္ဖမ္းမိတယ္၊ အဲဒီမွာပ်ဴေခါင္းေဆာင္ သက္ႏိုင္ဦးဆိုတဲ့ သူ ပါတယ္၊ ၁၇ ေကာင္က ထြက္ေျပးတာကို လိုက္ဝိုက္ရင္းနဲ႔ ဖမ္းမိတာပါ။”

တိုက္ပြဲဟာ စစ္ေၾကာင္းထိုးလာတဲ့ စစ္ေကာင္စီစစ္ေၾကာင္းကို႔ တိုက္ခိုက္ခဲ့တာျဖစ္ၿပီး ၄ နာရီနီးပါး ျဖစ္ပြားခဲ့တာပါ။ တိုက္ပြဲအတြင္းမွာ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ဝင္ေတြ ဘက္ကေတာ့ ထိခိုက္က်ဆုံးမႈ မရွိဘဲ လက္နက္ေတြေကာ ဖမ္းဆီးရမိတယ္လို႔ ေကာလင္း ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ဝင္က ေျပာပါတယ္။

ဖမ္းဆီးရမိတဲ့ သုံ႔ပန္းေတြကိုေတာ့ တပ္ရင္း ၂ က ထိန္းသိမ္းထားတယ္လို႔ သိရပါတယ္။ တိုက္ပြဲျဖစ္ပြားၿပီးေနာက္ ည ၁၁ နာရီခြဲဝန္းက်င္က ေကာလင္းၿမိဳ႕နယ္ အေနာက္ျခမ္းသစ္ဆိမ့္ကုန္း ေက်း႐ြာကို စစ္ေကာင္စီေလတပ္က ေလေၾကာင္းနဲ႔ ဗုံးႀကဲတိုက္ခိုက္ခဲ့တာေၾကာင့္ ျပည္သူငါးေယာက္ ထိခိုက္ေသဆုံးခဲ့တယ္လို႔ ဆိုပါတယ္။

“ဂ်က္ဖိုက္တာႏွစ္စီးနဲ႔ ႀကဲတဲ့အခ်ိန္ ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီး အပါအဝင္ ျပည္သူ ၄ ဦး အသက္ဆုံးရႈံးသြားတယ္။ အဲထဲမွာ အသက္ ၆ ႏွစ္အ႐ြယ္ ကေလးတေယာက္လည္း ပါတယ္လို႔ သတင္းရတယ္။ ၿပီးေတာ့ တိုက္ပြဲျဖစ္တဲ့ေနရာနဲ႔ အရမ္းနီးတာေတာ့ မဟုတ္ဘူး၊ သူတို႔ထင္မွတ္တဲ့ ေနရာကို လာႀကဲတာထင္တယ္။”

စစ္ေကာင္စီေလေၾကာင္းကေန တိုက္ခိုက္တာေၾကာင့္ ျပည္သူေတြေနထိုင္တဲ့ ေနအိမ္မွာ ထိမွန္တာျဖစ္ၿပီး ၄ ဦးေသဆုံးၿပီး‌ေတာ့ ၁ ဦးက ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ သိရပါတယ္။

တိုက္ပြဲျဖစ္ပြားတဲ့ ေကာလင္းၿမိဳ႕နယ္အေနာက္ျခမ္း တေၾကာက ေက်း႐ြာေတြလည္း ထြက္ေျပးတိမ္းေရွာင္ေနရၿပီး အစားအေသာက္အတြက္ အကူအညီေတြ လိုအပ္ေနတယ္လို႔ ေကာလင္း ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ဝင္တဦးက ေျပာပါတယ္။

တိုက္ပြဲအတြင္း တပ္ဖြဲ႕ဝင္ေတြ ထိခိုက္က်ဆုံးမႈနဲ႔ ဖမ္းဆီးခံရမႈ အေျခအေနကို စစ္ေကာင္စီဘက္ကေတာ့ သတင္းထုတ္ျပန္တာ မရွိေသးပါဘူး။source-DVB

ကောလင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦး အရှင်ဖမ်းမိ

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင် လက်ခုပ်ပင်ကျေးရွာနားမှာ ဿဂြုတ် ၂၃ ရက်နေ့က စစ်ကောင်စီတပ်သားတွေနဲ့ ကောလင်အနောက်ခြမ်း PDF တပ်ရင်း ၂ တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၄၅ ဦး သေဆုံးပြီး ၁၇ ဦး အရှင်ဖမ်းမိတယ်လို့ ကောလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

တိုက်ပွဲဟာ သုံးနာရီနီးပါးဖြစ်ပွားခဲ့ပြီး ဖမ်းဆီးရမိသူတွေထဲမှာ ပျူစောထီးခေါင်းဆောင်တယောက်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

“ကောလင်းအနောက်ခြမ်း လက်ခုပ်ပင်မှာ နေ့လယ် ၁၂ လောက်ကစပြီး တိုက်ပွဲဖြစ်တယ်၊ ၄၅ ကောင်ပွဲချင်းပြီးသေတယ်။ အရှင် ၁၇ ကောင်ဖမ်းမိတယ်၊ အဲဒီမှာပျူခေါင်းဆောင် သက်နိုင်ဦးဆိုတဲ့ သူ ပါတယ်၊ ၁၇ ကောင်က ထွက်ပြေးတာကို လိုက်ဝိုက်ရင်းနဲ့ ဖမ်းမိတာပါ။”

တိုက်ပွဲဟာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၄ နာရီနီးပါး ဖြစ်ပွားခဲ့တာပါ။ တိုက်ပွဲအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဘက်ကတော့ ထိခိုက်ကျဆုံးမှု မရှိဘဲ လက်နက်တွေကော ဖမ်းဆီးရမိတယ်လို့ ကောလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ သုံ့ပန်းတွေကိုတော့ တပ်ရင်း ၂ က ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ တိုက်ပွဲဖြစ်ပွားပြီးနောက် ည ၁၁ နာရီခွဲဝန်းကျင်က ကောလင်းမြို့နယ် အနောက်ခြမ်းသစ်ဆိမ့်ကုန်း ကျေးရွာကို စစ်ကောင်စီလေတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူငါးယောက် ထိခိုက်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

“ဂျက်ဖိုက်တာနှစ်စီးနဲ့ ကြဲတဲ့အချိန် ကိုယ်ဝန်ဆောင် အမျိုးသမီး အပါအဝင် ပြည်သူ ၄ ဦး အသက်ဆုံးရှုံးသွားတယ်။ အဲထဲမှာ အသက် ၆ နှစ်အရွယ် ကလေးတယောက်လည်း ပါတယ်လို့ သတင်းရတယ်။ ပြီးတော့ တိုက်ပွဲဖြစ်တဲ့နေရာနဲ့ အရမ်းနီးတာတော့ မဟုတ်ဘူး၊ သူတို့ထင်မှတ်တဲ့ နေရာကို လာကြဲတာထင်တယ်။”

စစ်ကောင်စီလေကြောင်းကနေ တိုက်ခိုက်တာကြောင့် ပြည်သူတွေနေထိုင်တဲ့ နေအိမ်မှာ ထိမှန်တာဖြစ်ပြီး ၄ ဦးသေဆုံးပြီး‌တော့ ၁ ဦးက ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့ ကောလင်းမြို့နယ်အနောက်ခြမ်း တကြောက ကျေးရွာတွေလည်း ထွက်ပြေးတိမ်းရှောင်နေရပြီး အစားအသောက်အတွက် အကူအညီတွေ လိုအပ်နေတယ်လို့ ကောလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

တိုက်ပွဲအတွင်း တပ်ဖွဲ့ဝင်တွေ ထိခိုက်ကျဆုံးမှုနဲ့ ဖမ်းဆီးခံရမှု အခြေအနေကို စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။source-DVB