Local News

ျမန္မာ့စီးပြားေရးဘဏ္ ဓါးျမတိုက္ေငြ က်ပ္သိန္း ၅၀၀ ေက်ာ္ စစ္အုပ္စုက ျပန္မေပးေသး

ျမန္မာ့စီးပြားေရးဘဏ္ ဓါးျမတိုက္ေငြ က်ပ္သိန္း ၅၀၀ ေက်ာ္ စစ္အုပ္စုက ျပန္မေပးေသး

ဧရာဝတီတိုင္းမ္

ဩဂုတ္လ ၂၅ ရက္

ဧရာဝတီတိုင္း၊ က်ိဳက္လတ္ၿမိဳ႕မွာ ဩဂုတ္လ ၂၄ ရက္ေန႔ ေန႔လည္ပိုင္းက ျမန္မာ့စီးပြားေရးဘဏ္ကို အမည္မသိ လက္နက္ကိုင္အဖြဲ႕က ဝင္ေရာက္ဓါးျမတိုက္မႈ ျဖစ္ပြားခဲ့ပါတယ္။

ဓါးျမတိုက္ခ်ိန္မွာ ဘဏ္ကေန ေငြက်ပ္သိန္း ၅၀၀ ေက်ာ္ပါသြားၿပီး အဆိုပါအဖြဲ႕ကို စစ္ေကာင္စီတပ္သားေတြ လိုက္လံဖမ္းဆီးခ်ိန္မွာ ဖ်ာပုံသြားတဲ့ ကားလမ္းမေပၚမွာ ေငြက်ပ္သိန္း ၅၀၀ ေက်ာ္ကို ခ်ၿပီး ထြက္ေျပးသြား တယ္လို႔ ေဒသခံေတြဆီက သိရပါတယ္။

“ ဓါးျမတိုက္တဲ့အဖြဲ႕က မလြတ္ေတာ့မွန္းသိေတာ့ ဂုံညႇင္းတံတားစစ္ေဆးေရးဂိတ္နားမွာ ပိုက္ဆံထုတ္ခ်ၿပီး ထြက္ေျပးသြားတာ အဲ့အခ်ိန္မွာ ေနာက္ကလိုက္တဲ့ စစ္သားေတြနဲ႔ ရဲေတြက ေသနတ္မိုးေပၚေထာင္ေဖာက္တာ” လို႔ ေဒသခံတဦးက ဧရာဝတီတိုင္းမ္ကို ေျပာပါတယ္။

စစ္ေကာင္စီတပ္သားေတြနဲ႔ ရဲေတြက ဓါးျမတိုက္တဲ့အဖြဲ႕ ခ်ထားခဲ့တဲ့ ေငြထုပ္ကို ကားေပၚတင္ၿပီး အုပ္စုလိုက္ က်ိဳက္လတ္ၿမိဳ႕ဘက္ကို ျပန္ထြက္သြားတယ္လို႔ ဆိုပါတယ္။

ဓါးျမတိုက္ခံရတဲ့ ေငြေတြကို စစ္ေကာင္စီတပ္သားေတြက ျပန္သိမ္းဆည္းခဲ့ေပမယ့္ ဘဏ္ကတာဝန္ရွိသူေတြ ထံကို ျပန္အပ္တာမ်ိဳးေတာ့ မရွိေသးဘူးလို႔ ဘဏ္နဲ႔နီးစပ္သူေတြထံက သိရပါတယ္။

မြန်မာ့စီးပွားရေးဘဏ် ဓါးမြတိုက်ငွေ ကျပ်သိန်း ၅၀၀ ကျော် စစ်အုပ်စုက ပြန်မပေးသေး

ဧရာဝတီတိုင်းမ်

ဩဂုတ်လ ၂၅ ရက်

ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့မှာ ဩဂုတ်လ ၂၄ ရက်နေ့ နေ့လည်ပိုင်းက မြန်မာ့စီးပွားရေးဘဏ်ကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ဝင်ရောက်ဓါးမြတိုက်မှု ဖြစ်ပွားခဲ့ပါတယ်။

ဓါးမြတိုက်ချိန်မှာ ဘဏ်ကနေ ငွေကျပ်သိန်း ၅၀၀ ကျော်ပါသွားပြီး အဆိုပါအဖွဲ့ကို စစ်ကောင်စီတပ်သားတွေ လိုက်လံဖမ်းဆီးချိန်မှာ ဖျာပုံသွားတဲ့ ကားလမ်းမပေါ်မှာ ငွေကျပ်သိန်း ၅၀၀ ကျော်ကို ချပြီး ထွက်ပြေးသွား တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ ဓါးမြတိုက်တဲ့အဖွဲ့က မလွတ်တော့မှန်းသိတော့ ဂုံညှင်းတံတားစစ်ဆေးရေးဂိတ်နားမှာ ပိုက်ဆံထုတ်ချပြီး ထွက်ပြေးသွားတာ အဲ့အချိန်မှာ နောက်ကလိုက်တဲ့ စစ်သားတွေနဲ့ ရဲတွေက သေနတ်မိုးပေါ်ထောင်ဖောက်တာ” လို့ ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေက ဓါးမြတိုက်တဲ့အဖွဲ့ ချထားခဲ့တဲ့ ငွေထုပ်ကို ကားပေါ်တင်ပြီး အုပ်စုလိုက် ကျိုက်လတ်မြို့ဘက်ကို ပြန်ထွက်သွားတယ်လို့ ဆိုပါတယ်။

ဓါးမြတိုက်ခံရတဲ့ ငွေတွေကို စစ်ကောင်စီတပ်သားတွေက ပြန်သိမ်းဆည်းခဲ့ပေမယ့် ဘဏ်ကတာဝန်ရှိသူတွေ ထံကို ပြန်အပ်တာမျိုးတော့ မရှိသေးဘူးလို့ ဘဏ်နဲ့နီးစပ်သူတွေထံက သိရပါတယ်။