Local News



မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်း မစ္စဗစ်ကီဘိုးမန်းကို စစ်ကောင်စီတပ်တွေက မနေ့ သြဂုတ် ၂၄ ရက်ညပိုင်းမှာ ရန်ကုန်မြို့က ၄င်းတို့နေအိမ်မှာဖမ်းဆီးသွားတယ်လို့ မစ္စဗစ်ကီဘိုးမန်းတို့မိသားစုနဲ့နီးစပ်သူထံက သိရပါတယ်။


ပန်းချီကိုထိန်လင်းနှင့် ဇနီး ဗြိတိန်သံအမတ်ကြီးဟောင်း ဗစ်ကီဖမ်းဆီးခံရ

နာမည်ကျော်ပန်းချီဆရာ ကိုထိန်လင်းနှင့် ၎င်း၏ ဇနီးဖြစ်သူ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးဟောင်း ဗစ်ကီဘိုးမန်းတို့ကို စစ်ကောင်စီက ယမန့်နေ့ညတွင် ၎င်းတို့၏ ရန်ကုန်နေအိမ်တွင် ဖမ်းဆီးကာ အင်းစိန်ထောင်တွင် ချုပ်နှောင်ထားကြောင်းသိရှိရသည်။

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်း မစ္စဗစ်ကီဘိုးမန်းကို စစ်ကောင်စီတပ်တွေက မနေ့ သြဂုတ် ၂၄ ရက်ညပိုင်းမှာ ရန်ကုန်မြို့က ၎င်းတို့နေအိမ်မှာဖမ်းဆီးသွားတယ်လို့ မစ္စဗစ်ကီဘိုးမန်းတို့မိသားစုနဲ့နီးစပ်သူထံက သိရပါတယ်။

စစ်ဆေးဖို့ရှိတယ်လို့ဆိုပြီး လာရောက်ခေါ်ဆောင်သွားတာဖြစ်ပြီး ခင်ပွန်းဖြစ်သူ ဦးထိန်လင်းနဲ့ မစ္စ ဗစ်ကီဘိုးမန်းကိုလူဝင်မှု ကြီးကြပ်ရေးအက်ဥပဒေနဲ့ငြိစွန်းတယ်လို့ စွပ်စွဲထားတယ်လို့ ကနဦးသိရကြောင်းနဲ့ ချုပ်ရက်ရမန်ယူဖို့ပြင်ဆင်နေတယ်လို့သိရကြောင်းလည်း နီးစပ်သူတွေက ပြောပါတယ်။