Local News








မြေလတ်အသံ

၈လေးလုံး ထီးသပိတ်ဓါတ်ပုံမှတ်တမ်းတင်သူအပါအဝင် လူငယ်အချို့ ဖမ်းခံရ

မြေလတ်အသံ၊ သြဂုတ်၂၅၊ ၂၀၂၂။

ပြီးခဲ့တဲ့ သြဂုတ်လ ၈ရက်က ရန်ကုန်မြို့ပေါ်မှာ ၈လေးလုံးအထိမ်းအမှတ် ထီးသပိတ်ပြုလုပ်ခဲ့တဲ့ အဖွဲ့က ဓါတ်ပုံ မှတ်တမ်းတင်သူ ကို စစ်ကောင်စီက သြဂုတ်လ ၂၀ရက် ညပိုင်းမှာ ဖမ်းဆီးသွားခဲ့ပါတယ်။

ည ၁၂နာရီဝန်းကျင်မှာ မရမ်းကုန်းမြို့နယ်က နေအိမ်တွေကိုဝင်ရောက်စီးနှင်းဖမ်းဆီးရင်း သူအပါအဝင် သပိတ်နဲ့ မဆိုင်သူတွေလည်း ဖမ်းဆီးခံလိုက်ရတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

” မရမ်းကုန်းက သူ့ Studio မှာ ဖမ်းမိတာ အိမ်ကိုလည်းချိတ်ပိတ်သွားတယ် ဘုရင့်နောင်စစ်ကြောရေးကတဆင့် ရေကြည်အိုင်ကိုခေါ်သွားတယ်” လို့ ပြောပါတယ်။

ဖမ်းခံလိုက်ရသူနဲ့ အတူ အဲ့ဒီနေ့က အသုံးပြုခဲ့တဲ့ ထီးတွေနဲ့ ကင်မရာ ပစ္စည်းတွေပါသွားသလို လူငယ်အချို့လည်းဆက်တိုက် ဖမ်းဆီးခံခဲ့ရပါတယ်။

မြေလတ်အသံ