Local News

စစ္ေကာင္စီသတင္းေပးေနသည့္ မႏွင္းေဝခိုင္ ႏွင့္ မႏိုးႏိုးေဝတို႔ ႏွစ္ဦး ပ–စ္သ—တ္ခံရ

စစ္ေကာင္စီသတင္းေပးေနသည့္ မႏွင္းေဝခိုင္ ႏွင့္ မႏိုးႏိုးေဝတို႔ ႏွစ္ဦး ပ–စ္သ—တ္ခံရ

ဖ်ာပုံၿမိဳ႕တြင္ ပစ္သတ္ခံရသည့္ စစ္ေကာင္စီသတင္းေပး အမ်ိဳးသမီးႏွင့္ ဆက္စပ္သူမ်ားကို ဆက္လက္အေရးယူမည္ဟု Black Dragon Force Pyapon အဖြဲ႕ေျပာ

မင္းထက္

မဇၥ်ိမ။ ။ ဧရာဝတီတိုင္း၊ ဖ်ာပုံၿမိဳ႕တြင္ ေသနတ္ျဖင့္ ပစ္သတ္ခံခဲ့ရသည့္ စစ္ေကာင္စီသတင္းေပး အမ်ိဳးသမီးႏွင့္ ဆက္စပ္သူမ်ားကို ဆက္လက္အေရးယူသြားမည္ဟု Black Dragon Force Pyapon အဖြဲ႕၏ တာဝန္ရွိသူ ဗိုလ္ႏိုင္းဒီက ေျပာသည္။

ဖ်ာပုံၿမိဳ႕တြင္ စစ္ေကာင္စီသတင္းေပးဟု နာမည္ထြက္ေနသည့္ မႏွင္းေဝခိုင္ အမွတ္ (၁၅) ရပ္ကြက္႐ုံးစာေရးႏွင့္ မႏိုးႏိုးေဝတို႔ ႏွစ္ဦးကို Black Dragon Force Pyapon အဖြဲ႕က ၾသဂုတ္လ ၂၃ ရက္ေန႔က ေသနတ္ျဖင့္ပစ္ခတ္ရွင္းလင္းခဲ့သည္ဟု ဗိုလ္ႏိုင္းဒီက ေျပာသည္။

ထို႔ေနာက္ မႏွင္းေဝခိုင္၏ လက္ကိုင္ဖုန္းကို Black Dragon Force Pyapon အဖြဲ႕က သိမ္းဆည္းလာခဲ့ၿပီး ၎၏ဖုန္းအတြင္း ေတြ႕ရွိထားသည့္ သတင္းအခ်က္အလက္မ်ားအရ ဆက္စပ္သူမ်ားကို ဆက္လက္အေရးယူမည္ဟု ေျပာဆိုရျခင္းျဖစ္ေၾကာင္း ၎ကဆိုသည္။

“ႏွင္းေဝခိုင္ရဲ႕ဖုန္းကို စစ္ေဆးၾကည့္တဲ့အခ်ိန္မွာ ဖ်ာပုံၿမိဳ႕ေပၚကဘယ္သူက ဘာဆိုတာေတာ္ေတာ္မ်ားမ်ားသိခဲ့ရတယ္။ ကိုယ့္လူ
သူ႔ဘက္သားေတြကိုလည္း သိခဲ့ရတယ္။ေသေသခ်ာခ်ာစီစစ္ၿပီး ဆက္လက္အေရးယူသြားမွာပါ”ဟု ဆက္ေျပာသည္။

မႏွင္းေဝခိုင္၏ လက္ကိုင္ဖုန္းအတြင္း၌ ၎ကိုယ္တိုင္႐ိုက္ယူထားသည့္ ဓာတ္ပုံ တစ္ေသာင္းခုႏွစ္ေထာင္ခန္႔ ရွိသည္ဟုသိရၿပီး အမ်ားစုမွာ စစ္ေကာင္စီတပ္သားမ်ားႏွင့္အတူ ႐ိုက္ကူးထားသည့္ပုံမ်ား ျဖစ္သည္ဟု ဗိုလ္ႏိုင္းဒီ၏ ေျပာျပခ်က္အရ သိရသည္။

မႏွင္းေဝခိုင္ႏွင့္ မႏိုးႏိုးေဝတို႔ ႏွစ္ဦးကို Black Dragon Force Pyapon အဖြဲ႕က ပစ္ခတ္ရွင္းလင္းခဲ့ၿပီးေနာက္ပိုင္း ဖ်ာပုံၿမိဳ႕ေပၚတြင္ စစ္ေကာင္စီတပ္မ်ားႏွင့္ ရဲမ်ားက က်ည္ကာမ်ား ဝတ္ဆင္ၿပီး လုံၿခဳံေရးတိုးျမႇင့္ထားသည္ဟု ေဒသခံမ်ား၏ေျပာျပခ်က္အရ သိရသည္။

မႏွင္းေဝခိုင္ႏွင့္ မႏိုးႏိုးေဝတို႔ ႏွစ္ဦး၏ ႐ုပ္အေလာင္းမ်ားကို စစ္ေကာင္စီတပ္ႏွင့္ရဲမ်ားက လုံၿခဳံေရးေပးကာ ယေန႔ ေန႔လယ္ပိုင္းအခ်ိန္က ဖ်ာပုံၿမိဳ႕ သုသာန္တစ္ခုတြင္ သၿဂႋဳဟ္ခဲ့သည္ဟု ေဒသခံမ်ကေျပာသည္။

စာတည္း။ ။ ဖူးသိမ္က်

စာမူတည္းျဖတ္။ ။ ေအာင္ေက်ာ္ၿဖိဳး

စစ်ကောင်စီသတင်းပေးနေသည့် မနှင်းဝေခိုင် နှင့် မနိုးနိုးဝေတို့ နှစ်ဦး ပ–စ်သ—တ်ခံရ

ဖျာပုံမြို့တွင် ပစ်သတ်ခံရသည့် စစ်ကောင်စီသတင်းပေး အမျိုးသမီးနှင့် ဆက်စပ်သူများကို ဆက်လက်အရေးယူမည်ဟု Black Dragon Force Pyapon အဖွဲ့ပြော

မင်းထက်

မဇ္ဈိမ။ ။ ဧရာဝတီတိုင်း၊ ဖျာပုံမြို့တွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့် စစ်ကောင်စီသတင်းပေး အမျိုးသမီးနှင့် ဆက်စပ်သူများကို ဆက်လက်အရေးယူသွားမည်ဟု Black Dragon Force Pyapon အဖွဲ့၏ တာဝန်ရှိသူ ဗိုလ်နိုင်းဒီက ပြောသည်။

ဖျာပုံမြို့တွင် စစ်ကောင်စီသတင်းပေးဟု နာမည်ထွက်နေသည့် မနှင်းဝေခိုင် အမှတ် (၁၅) ရပ်ကွက်ရုံးစာရေးနှင့် မနိုးနိုးဝေတို့ နှစ်ဦးကို Black Dragon Force Pyapon အဖွဲ့က သြဂုတ်လ ၂၃ ရက်နေ့က သေနတ်ဖြင့်ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု ဗိုလ်နိုင်းဒီက ပြောသည်။

ထို့နောက် မနှင်းဝေခိုင်၏ လက်ကိုင်ဖုန်းကို Black Dragon Force Pyapon အဖွဲ့က သိမ်းဆည်းလာခဲ့ပြီး ၎င်း၏ဖုန်းအတွင်း တွေ့ရှိထားသည့် သတင်းအချက်အလက်များအရ ဆက်စပ်သူများကို ဆက်လက်အရေးယူမည်ဟု ပြောဆိုရခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“နှင်းဝေခိုင်ရဲ့ဖုန်းကို စစ်ဆေးကြည့်တဲ့အချိန်မှာ ဖျာပုံမြို့ပေါ်ကဘယ်သူက ဘာဆိုတာတော်တော်များများသိခဲ့ရတယ်။ ကိုယ့်လူ
သူ့ဘက်သားတွေကိုလည်း သိခဲ့ရတယ်။သေသေချာချာစီစစ်ပြီး ဆက်လက်အရေးယူသွားမှာပါ”ဟု ဆက်ပြောသည်။

မနှင်းဝေခိုင်၏ လက်ကိုင်ဖုန်းအတွင်း၌ ၎င်းကိုယ်တိုင်ရိုက်ယူထားသည့် ဓာတ်ပုံ တစ်သောင်းခုနှစ်ထောင်ခန့် ရှိသည်ဟုသိရပြီး အများစုမှာ စစ်ကောင်စီတပ်သားများနှင့်အတူ ရိုက်ကူးထားသည့်ပုံများ ဖြစ်သည်ဟု ဗိုလ်နိုင်းဒီ၏ ပြောပြချက်အရ သိရသည်။

မနှင်းဝေခိုင်နှင့် မနိုးနိုးဝေတို့ နှစ်ဦးကို Black Dragon Force Pyapon အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ပြီးနောက်ပိုင်း ဖျာပုံမြို့ပေါ်တွင် စစ်ကောင်စီတပ်များနှင့် ရဲများက ကျည်ကာများ ဝတ်ဆင်ပြီး လုံခြုံရေးတိုးမြှင့်ထားသည်ဟု ဒေသခံများ၏ပြောပြချက်အရ သိရသည်။

မနှင်းဝေခိုင်နှင့် မနိုးနိုးဝေတို့ နှစ်ဦး၏ ရုပ်အလောင်းများကို စစ်ကောင်စီတပ်နှင့်ရဲများက လုံခြုံရေးပေးကာ ယနေ့ နေ့လယ်ပိုင်းအချိန်က ဖျာပုံမြို့ သုသာန်တစ်ခုတွင် သင်္ဂြိုဟ်ခဲ့သည်ဟု ဒေသခံမျကပြောသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး