Local News

ကမာ႐ြတ္ၿမိဳ႕နယ္က TT Diamond Jewellery စိန္ဆိုင္ ဓားျပတိုက္ခံရ၊

ကမာ႐ြတ္ၿမိဳ႕နယ္က TT Diamond Jewellery စိန္ဆိုင္ ဓားျပတိုက္ခံရ၊

ဓားျပတိုက္သူေတြက မီးခိုးဗုံးပစ္ၿပီး ထြက္ေျပးလြတ္ေျမာက္

C8 News

ရန္ကုန္၊ၾသဂုတ္(၂၅)

ရန္ကုန္တိုင္းေဒသႀကီး၊ ကမာ႐ြတ္ၿမိဳ႕နယ္ရွိ TT Diamond Jewellery စိန္ဆိုင္ ဒီေန႔ ေန႔လယ္ပိုင္းက ဓားျပတိုက္ခံရၿပီး စိန္ထည္ပစြည္းအခ်ိဳ႕ပါသြားတယ္လို႔ ၿမိဳ႕ခံေတြဆီက သိရပါတယ္။

ဒီေန႔ ေန႔လယ္ပိုင္းက Mask တပ္ထားတဲ့ အမည္မသိလူငယ္ႏွစ္ဦးက ဆိုင္အတြင္းကို ဝင္ေရာက္လာၿပီးေနာက္ ေသနတ္ျပၿပီး စိန္ထည္အခ်ိဳ႕ ယူေဆာင္သြားခဲ့တာျဖစ္တယ္လို႔ ၿမိဳ႕ခံတစ္ဦးက C8 Newsကိုေျပာပါတယ္။

“ရဲေရာ စစ္တပ္ေရာ ေရာက္မွ ဓားျပတိုက္ခံရမွန္းသိတာေသနတ္သံေတြ ဘာေတြမၾကားေတာ့ ဓားျပတိုက္မွန္းမသိဘူး၊ဘယ္ေလာက္ပါသြားလဲေတာ့ မသိဘူး”လို႔ေျပာပါတယ္။

TT Diamond Jewellery စိန္ဆိုင္ ဓားျပတိုက္ခံရသည္မွာ မွန္ကန္ၿပီး လက္တေလာမွာ တိုက္ယူသြားတဲ့ စိန္ထည္ပစြည္းတန္ဖိုးကို စစ္ေဆးေနဆဲျဖစ္တယ္လို႔ အုပ္ခ်ဳပ္ေရးနဲ႔နီးစပ္သူတစ္ဦးက C8 Newsကိုေျပာပါတယ္။

“အခုမွ စစ္ေနတုန္းပါ ေတာ္ၾကာ တန္ဖိုးမ်ားသြားမွာစိုးလို႔လုယက္တဲ့သူေတြက ထြက္ခါနီး မီးခိုးဗုံးနဲ႔ပစ္ၿပီး ထြက္သြားတာ”လို႔ ေျပာပါတယ္။

လက္တေလာမွာ ကမာ႐ြတ္ၿမိဳ႕နယ္ ဗဟိုလမ္းမႀကီးေပၚမွာစစ္တပ္နဲ႔ရဲေတြဟာ ကားေတြကို စစ္ေဆးေနတယ္လို႔ ၿမိဳ႕ခံေတြဆီက သိရပါတယ္။

ကမာရွတ်မြို့နယ်က TT Diamond Jewellery စိန်ဆိုင် ဓားပြတိုက်ခံရ၊

ဓားပြတိုက်သူတွေက မီးခိုးဗုံးပစ်ပြီး ထွက်ပြေးလွတ်မြောက်

C8 News

ရန်ကုန်၊သြဂုတ်(၂၅)

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်ရှိ TT Diamond Jewellery စိန်ဆိုင် ဒီနေ့ နေ့လယ်ပိုင်းက ဓားပြတိုက်ခံရပြီး စိန်ထည်ပစွည်းအချို့ပါသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဒီနေ့ နေ့လယ်ပိုင်းက Mask တပ်ထားတဲ့ အမည်မသိလူငယ်နှစ်ဦးက ဆိုင်အတွင်းကို ဝင်ရောက်လာပြီးနောက် သေနတ်ပြပြီး စိန်ထည်အချို့ ယူဆောင်သွားခဲ့တာဖြစ်တယ်လို့ မြို့ခံတစ်ဦးက C8 Newsကိုပြောပါတယ်။

“ရဲရော စစ်တပ်ရော ရောက်မှ ဓားပြတိုက်ခံရမှန်းသိတာသေနတ်သံတွေ ဘာတွေမကြားတော့ ဓားပြတိုက်မှန်းမသိဘူး၊ဘယ်လောက်ပါသွားလဲတော့ မသိဘူး”လို့ပြောပါတယ်။

TT Diamond Jewellery စိန်ဆိုင် ဓားပြတိုက်ခံရသည်မှာ မှန်ကန်ပြီး လက်တလောမှာ တိုက်ယူသွားတဲ့ စိန်ထည်ပစွည်းတန်ဖိုးကို စစ်ဆေးနေဆဲဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတစ်ဦးက C8 Newsကိုပြောပါတယ်။

“အခုမှ စစ်နေတုန်းပါ တော်ကြာ တန်ဖိုးများသွားမှာစိုးလို့လုယက်တဲ့သူတွေက ထွက်ခါနီး မီးခိုးဗုံးနဲ့ပစ်ပြီး ထွက်သွားတာ”လို့ ပြောပါတယ်။

လက်တလောမှာ ကမာရွတ်မြို့နယ် ဗဟိုလမ်းမကြီးပေါ်မှာစစ်တပ်နဲ့ရဲတွေဟာ ကားတွေကို စစ်ဆေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။