ဧရာဝတီ၊ သြဂုတ် ၂၅၊ ၂၀၂၂
မြဝတီ သုံးထပ်ကွေ့ကို စစ်ကောင်စီက အပြင်းအထန် ထိုးစစ်ဆင်နေ (ရုပ်/သံ)
ဧရာဝတီ၊ သြဂုတ် ၂၅၊ ၂၀၂၂
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ မြဝတီ – ဝေါ်လေ လမ်းမ၊ သုံးထပ်ကွေ့အနီးကို အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံတပ်တွေက စစ်အင်အား အမြောက်အမြားနဲ့ မြေပြင်ရော ဝေဟင်ကပါ အသုံးပြုပြီး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာ တလကျော်ရှိပြီဖြစ်ပါတယ်။
သြဂုတ်လ ၂၃ ရက်နေ့ မနက် ၉ နာရီဝန်းကျင်က စတင်ပြီး စစ်ကောင်စီတပ်တွေရဲ့ ထိုးစစ်ဆင်လာမှုကြောင့် နှစ်ဖက် တိုက်ပွဲပြင်းထန်ခဲ့ပြီး၊ တိုက်ပွဲအတွင်း ကော်ဘရာစစ်ကြောင်းမှ ရဲဘော်မှ နှစ်ဦး ကျဆုံးခဲ့ပြီး၊
စစ်ကောင်စီဘက်ကတော့ ၃ ဦး ကျဆုံးကာ ထိခိုက်ဒဏ်ရာရရှိမှုတွေ ရှိခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီအနေနဲ့ ကရင်ပြည်နယ်မှာ တခါမှ အသုံးမပြုခဲ့တဲ့ အတွဲလိုက်ပစ်ဒုံးတွေအပါအဝင် မြေပြင်၊ ဝေဟင် ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး၊
စစ်ကြောင်းမထိုးခင်မှာ ၆၀ မမ၊ ၈၁ မမ၊ ၁၂၂ မမ ဟောင်ဝစ်ဇာအမြောက်တွေ၊ ၈၄ မမ နဲ့ MRLS အတွဲလိုက်ပစ်ဒုံးတွေကို အသုံးပြုပြီး တရစပ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။