Local News

ေအေအယာယီအေျခစိုက္စခန္းတစ္ခုကို စစ္ေကာင္စီတပ္လာတိုက္

ေတာင္ကုတ္ၿမိဳ႕နယ္ရွိ ေအေအယာယီအေျခစိုက္စခန္းတစ္ခုကို စစ္ေကာင္စီတပ္လာတိုက္၊ အထိအခိုက္အက်ဆုံးျဖင့္ ျပန္ဆုတ္ခြာသြားဟုဆို

နိရၪၥရာ၊ ဩဂုတ္ ၂၅/ ၂၀၂၂

ယေန႔ ဩဂုတ္ ၂၅ ရက္ ညေနက ေတာင္ကုတ္ၿမိဳ႕နယ္တြင္ ယာယီအေျခစိုက္ထားသည့္ ရကၡိဳင့္တပ္ေတာ္ (AA) စခန္းတစ္ခုကို စစ္ေကာင္စီတပ္က လာေရာက္တိုက္ခိုက္ခဲ့ရာတြင္ စစ္ေကာင္စီတပ္သားမ်ားသည္ အက်အဆုံးမ်ားျဖင့္ ျပန္လည္ ဆုတ္ခြာသြားခဲ့သည္ဟု သတင္းရရွိသည္။

၎တိုက္ပြဲသည္ ေတာင္ကုတ္ႏွင့္ ၁၀မိုင္ခန႔္ အကြာ ေတာင္ကုတ္ႏွင့္ သံတြဲအၾကား ေခ်ာင္းသုံးခြ ႀကိမ္ေတာက်င္းအနီး၌ ယေန႔ ညေန ၄ နာရီခန႔္က ျဖစ္ပြားခဲ့ၿပီး တိုက္ပြဲမွာ မိနစ္၂၀ခန႔္ ၾကာျမင့္ခဲ့သည္ဟု အမည္မေဖာ္လိုသူ ေအေအႏွင့္ နီးစပ္သူ ေဒသခံတစ္ဦးက ေျပာသည္။

“ ျဖစ္တာက ေတာင္ကုတ္ၿမိဳ႕နယ္နဲ႔ သံတြဲၿမိဳ႕နယ္ အစပ္ေနရာ။ စစ္တပ္က ၁၂ဦးခန႔္ က်ဆုံးတယ္လို႔ သိရပါတယ္။ အဲဒီေနာက္ စစ္သားေတြက ဆုတ္သြားတယ္။ အခုသိရတာက ႏွစ္ဘက္တပ္ေတြက အဲဒီေနရာကေနဆုတ္ခြာသြားၿပီလို႔ သိရပါတယ္”ဟု ၎က ေျပာသည္။

၎ေအေအ ယာယီအေျခစိုက္စခန္းကို တည္ေနရာအတိအက်ျဖင့္ စစ္ေကာင္စီတပ္က လာေရာက္ တိုက္ခိုက္ျခင္းျဖစ္ေၾကာင္း ၎က ေအေအနယ္ေျမမႉးကို ကိုးကားၿပီးေျပာဆိုသည္။

အဆိုပါ တိုက္ပြဲသတင္းႏွင့္ ပတ္သက္ၿပီး ရခိုင္ျပည္နယ္ စစ္ေကာင္စီ လုံၿခဳံေရးႏွင့္ နယ္စပ္ေရးရဝန္ႀကီး ဗိုလ္မႉးႀကီးေက်ာ္သူရႏွင့္ ရကၡိဳင့္တပ္ေတာ္ေျပာခြင့္ရသူ ဦးခိုင္သုခတို႔အား ဆက္သြယ္ေနဆဲျဖစ္ၿပီး စစ္တပ္က အက်အဆုံးစာရင္း သီးျခားအတည္ျပဳႏိုင္ျခင္းေတာ့ မရွိေသးပါ။

တောင်ကုတ်မြို့နယ်ရှိ အေအေယာယီအခြေစိုက်စခန်းတစ်ခုကို စစ်ကောင်စီတပ်လာတိုက်၊ အထိအခိုက်အကျဆုံးဖြင့် ပြန်ဆုတ်ခွာသွားဟုဆို

နိရဉ္စရာ၊ ဩဂုတ် ၂၅/ ၂၀၂၂

ယနေ့ ဩဂုတ် ၂၅ ရက် ညနေက တောင်ကုတ်မြို့နယ်တွင် ယာယီအခြေစိုက်ထားသည့် ရက္ခိုင့်တပ်တော် (AA) စခန်းတစ်ခုကို စစ်ကောင်စီတပ်က လာရောက်တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်သားများသည် အကျအဆုံးများဖြင့် ပြန်လည် ဆုတ်ခွာသွားခဲ့သည်ဟု သတင်းရရှိသည်။

၎င်းတိုက်ပွဲသည် တောင်ကုတ်နှင့် ၁၀မိုင်ခန့် အကွာ တောင်ကုတ်နှင့် သံတွဲအကြား ချောင်းသုံးခွ ကြိမ်တောကျင်းအနီး၌ ယနေ့ ညနေ ၄ နာရီခန့်က ဖြစ်ပွားခဲ့ပြီး တိုက်ပွဲမှာ မိနစ်၂၀ခန့် ကြာမြင့်ခဲ့သည်ဟု အမည်မဖော်လိုသူ အေအေနှင့် နီးစပ်သူ ဒေသခံတစ်ဦးက ပြောသည်။

“ ဖြစ်တာက တောင်ကုတ်မြို့နယ်နဲ့ သံတွဲမြို့နယ် အစပ်နေရာ။ စစ်တပ်က ၁၂ဦးခန့် ကျဆုံးတယ်လို့ သိရပါတယ်။ အဲဒီနောက် စစ်သားတွေက ဆုတ်သွားတယ်။ အခုသိရတာက နှစ်ဘက်တပ်တွေက အဲဒီနေရာကနေဆုတ်ခွာသွားပြီလို့ သိရပါတယ်”ဟု ၎င်းက ပြောသည်။

၎င်းအေအေ ယာယီအခြေစိုက်စခန်းကို တည်နေရာအတိအကျဖြင့် စစ်ကောင်စီတပ်က လာရောက် တိုက်ခိုက်ခြင်းဖြစ်ကြောင်း ၎င်းက အေအေနယ်မြေမှူးကို ကိုးကားပြီးပြောဆိုသည်။

အဆိုပါ တိုက်ပွဲသတင်းနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် စစ်ကောင်စီ လုံခြုံရေးနှင့် နယ်စပ်ရေးရဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရနှင့် ရက္ခိုင့်တပ်တော်ပြောခွင့်ရသူ ဦးခိုင်သုခတို့အား ဆက်သွယ်နေဆဲဖြစ်ပြီး စစ်တပ်က အကျအဆုံးစာရင်း သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။